STRA

STRA

Share

08/01/2024

Toothless က How to Train the Dragon Franchise ထဲက လူကြိုက်များတဲ့ဇာတ်ကောင်ဖြစ်ပါတယ်။ ကျွန်တော့် အမြင်အရကော အားလုံးလည်းအဲ့လိုမြင်ကြမယ်လို့တော့ထင်ပါတယ်။ ပထမဆုံးကြည့်တုန်းက Cinema ခိုးရိုက် Version ကို CD နဲ့ကြည့်ရတာပါ။ မှတ်မိပါသေးတယ်။ ကြည့်တုန်းကကျွန်တော်နဲ့အတူ ညီငယ်တစ်ယောက်နဲ့ကြည့် ရတာကို။ Toothless ရဲ့ လှုပ်ရှားမှုတွေ မျက်နှာအမူအရာတွေက ရိုးရှင်းလှပခဲ့ပြီး နောက်ပိုင်းမှသိရတာကတော့ သူ့ရဲ့လှုပ်ရှားမှုပုံစံတွေက ကြောင်တွေရဲ့ လှုပ်ရှားမှုတွေကို Inspire လုပ်ထားတာကို။ ဘာပဲဖြစ်ဖြစ် Night Fury ကတော့ အဲ့ Franchise ကိုရောက်ချင်သူတိုင်း ပိုင်ဆိုင်ချင်ကြတဲ့ နဂါးမျိုးစိတ်ဖြစ်မယ်ဆိုတာက‌တော့ ငြင်းရက်စရာ မရှိပါဘူး။ ဇာတ်‌ဆောင် Hiccup Horrendous Haddock နဲ့ သူ့ရဲ့ သူငယ်ချင်းတွေရဲ့ သစ္စာရှိတဲ့ အခင်ဆုံးသူငယ်ချင်းလည်းဖြစ်ပါတယ်။
Toothless ကို ပေါ့ပါးပြီး လျှို့ဝှက်တက်တဲ့ ပုံစံလေးနဲ့တွဲမြင်တက်ကြပါတယ်။ မဲပြောင်တဲ့ ခန္ဓာကိုယ်နဲ့ ကြီးမားပြီး စိမ်းလန်းတဲ့ မျက်လုံးအစုံ လေးနဲ့ နားမလည်တဲ့အရာလေးတွေဆိုရင် ခေါင်လေးစောင်းစောင်းပြီး အကဲခတ်နေပုံလေးတွေကြောင့် အချစ်ပိုကြတယ်ထင်ပါတယ်။ နောက်ဆုံးမှ အပြာရောင်မီးတွေ ပစ်လွှတ်တက်တာကို အမှတ်တရရှိကြမယ်ထင်ပါ တယ်။ အဲ့စွမ်းရည်ကပဲ သူ့ကို တိုက်ပွဲတွေမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ Game changer ဖြစ်စေတာပါ။
အဲ့အသွင်အပြင်တွေကြားထဲကတောင်မှပဲ သူ့နဲ့ Hiccup တို့ကြား နူးညံ့သိမ်မွေ့ပြီး ရိုးသားပျော်ရွှင်တက်တာလေးကို လည်းပိုင်ဆိုင်ထားပါတယ်။ သူနဲ့ Hiccup တို့ကြား နက်ရှိုင်းတဲ့ သံယောဇဥ်ကို ဖော်ကျူးထားပြီး အဲ့သံယောဇဥ်ကပဲ How to Train the Dragon Franchise ကြီးတစ်ခုလုံးကို မောင်းနှင်နေတာဖြစ်ပါတယ်။ Hiccup ရဲ့ နဂါးတွေအပေါ် သူ့လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေနဲ့ မလိုမုန်းထားမှုတွေကို ကျော်လွန်ပြီး Toothless နဲ့သူ့ရဲ့ ရင်းနှီးမှုကနေ သဘာဝ အစစ်အမှန်ကို ဖော်ထုတ်ပေါင်းစပ်စေတဲ့ ဇာတ်နဲ့ Franchise ကိုစတင်ခဲ့တာပါ။
စူးစမ်းလိုစိတ်နဲ့ ပျော်ရွှင်မှု သစ္စာရှိမှုနဲ့ အကာအကွယ်ပေးလိုမှု ဒါတွေကို Toothless မှာ ခံစားနိုင်ပါတယ်။ သူ့အမူ အရာတွေနဲ့ လှုပ်ရှားမှုတွေက မိတ်ဆွေကို စကားတစ်ခွန်းမှ မပြောသည့်တိုင် သူ့ခံစားချက်တွေကို ထိထိမိမိဖော်ပြ နိုင်တာမို့ အသက်မရွယ်မ‌ရွေး နားလည်ပီတိခံစားရတာဖြစ်မယ်ထင်ပါတယ်။
Toothless ရဲ့ development ပိုင်းကလည်း အားရစရာကောင်းတယ်လို့တော့ ဆိုနိုင်ပါတယ်။ ဆိုလိုတာက လျှို့ဝှက် ဆန်းကြယ်ပြီး အရိုင်းဆန်တဲ့ သတ္တဝါကနေစတင်ပြီး သူငယ်ချင်းကောင်း၊ သူငယ်ချင်းကောင်းကနေ လူသားနဲ့ နဂါးတွေကြာ ခိုင်မာတဲ့ နားလည်မှုတွေနဲ့ ကွာဟမှုတွေကို ‌ပေါင်းကူးပေးရာမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်၊ နောက်ဆုံး အတူယှဥ်တွဲ နေတိုင်ပြီး ပိုအားကောင်းတဲ့ အဖွဲအစည်းကိုလည်းဖြစ်စေခဲ့၊ ဒါတွေက Toothless နဲ့ Hiccup တို့ရဲ့ How to train the Dragon ပဲဖြစ်ပါတယ်။
သူပွဲထွက်လာတဲ့ 2010 မှာ အထင်ကရ ဇာတ်ကောင်ဖြစ်ခဲ့ပြီး Boneknapper Dragon ဇာတ်လမ်းတိုလည်း ထွက်လာတဲ့ထိ အောင်မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့ရဲ့ ရိုးရှင်းလွန်းပြီး ခန့်မှန်းရလွယ်တဲ့ Plot တွေလို့ ဝေဖန်မှုတွေရှိပေမယ့် လူတွေကလည်း သူတို့နှစ်ယောက်ပေါင်းပြီး ဗီလိန်တွေကို အနိုင်ယူပြတာကိုပဲ ကြည့်ချင်ကြတာမို့ သိပ်တော့ ပြောရက်စရာမရှိခဲ့ပါဘူး။
ထင်ရှားတဲ့ ပုံစံ၊ စွဲမက်ဖွယ်ကောင်းတဲ့ ကိုယ်‌ရေကိုယ်သွေး၊ ခင်မင်ရင်းနှီးမှုနဲ့ ရင်ဘတ်ချင်းနီးတဲ့ အသံမဲ့ စကားလုံးတွေနဲ့ ထုံလွှမ်းထားလို့ Toothless က Animation Movie လောကမှာ မြတ်နိုးစရာကောင်းတဲ့ ဇာတ်ကောင်လေးအနေနဲ့ နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိနေဦးမှာပါ။
ခုဆို သားတွေသမီးတွေနဲ့တောင်ဖြစ်နေပါပြီး။ အစကတော့ နဂါးပျိုကြီးဖြစ်မယ်ထင်နေတာပါ။ ဖြစ်ချင်တော့ တစ်ကောင်းတည်းတွေ့တဲ့ အဖြူလေးနဲ့ချစ်ပွဲဝင်လိုက်ပါပြီ။ သူကတော့ ဖြစ်နိုင်ပေမယ့် မိတ်ဆွေကတော့ စိတ်ကူးယဥ်မနေပါနဲ့........

07/01/2024

Kreela
Kreela ကို ရဲ့ရင့်တဲ့ ဆုံးဖြတ်ချက်ပြတ်သားတဲ့ ပုရွက်ဆိတ်အနေနဲ့ ပုံဖော်ထားတယ်။ စိန်ခေါ်မှုတွေ အတားအဆီး တွေနဲ့ ရင်ဆိုင်တွေ့နေရပေမယ့် သူမရဲ့ပန်းတိုင်ကို ဘယ်တော့မှ အလျော့မပေးတက်ပဲ ဘယ်အခက်အခဲပဲဖြစ်ဖြစ် ကျော်ဖြတ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ထားတက်တယ်။ ရိုးရှင်းတဲ့ Character လို့ပဲအကြမ်းဖျင်း သတ်မှတ်လို့ရပါတယ်။
Kreela က သူများတွေအပေါ်စာနာမှုနဲ့ သနားကြင်နာတက်တဲ့ပုံစံရှိပြီး အဲ့ဒါတွေအတွက် နက်နက်နဲနဲခံစားတက်တာကို တွေ့ရပါတယ်။ သူမဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေရဲ့ ကောင်းရာကောင်းကြောင်းကို စိတ်ရင်းနဲ့ဂရုစိုက်တက်ပြီး သူတို့ကိုကူညီဖို့ ဘာမဆိုလုပ်နိုင်တဲ့သူပါ။ Animation ရုပ်ရှင်တွေက အားလုံးနီးပါး Happy Ending များပါတယ်။ ပြီးတော့ လူတိုင်းလက်ခံနိုင်စရာ အတွေးအမြင်တွေကို ပေးတက်ပါတယ်။ ကျွန်တော်တို့ဘဝမှာ တစ်ခါတော့ ကြုံကိုကြုံမယ့် ပြဿနာတွေကို ရင်ဆိုင်ပုံ ထားရမယ့် စိတ်နေစိတ်ထားတွေကို သူတို့က ကမ္ဘာတစ်ခုကနေ ဘာသာစကားတစ်ခုနဲ့ ပြောပြနေတာပါ။ Character တွေကို သေချာကြည့်ကြည့်ပါ။ မိတ်ဆွေရဲ့ စိတ်ကူးထဲက သူတစ်ယောက်နဲ့ တူကိုတူနေမှာပါ။ ဒီဇာတ်ကောင်တွေက လူတစ်ယောက်ချင်းစီထက် အဲ့လူတစ်ယောက်ရဲ့အတွင်းထဲက ခံစားချက်တွေအများကြီးနဲ့လူတစ်ယောက်ချင်းစီကို ကိုယ်စားပြုနေတာကိုတွေ့ရမှာပါ။ Kreela ရဲ့ ကြင်နာမှု နားလည်မှု အပြုအမူတွေက ကျွန်တော်တို့ မိတ်ဆွေတို့ရဲ့ ဘဝမှာ လျစ်လျူရှုထားတဲ့ ခြားနားချက်တွေကို သတိရစေမှာပါ။
နောက်တစ်ခုကတော့ သူ့မရဲ့ ရှက်ရွံ့တက်ပြီး မသေချာမှုတွေမှာ မလုံခြုံတက်တဲ့ စရိုက်နဲ့စတင်ထားပေမယ့် သူ့ရဲ့ အတွင်းစိတ်ကိုတွေ့ရှိခဲ့ပြီး ကိုယ့်ကိုကိုယ်ယုံကြည်ဖို့သင်ယူနိုင်ခဲ့တာမို့ ကျွန်တော့်ကိုတော့ သတိပေးနိုင်ခဲ့ပါတယ်။ မိတ်ဆွေကိုလည်းသတိပေးနိုင်မှာပါ။ မိတ်ဆွေ ဒါကိုလုပ်ပါ။ ရဲရဲကြီးကိုလုပ်လိုက်စမ်းပါ။ ဆိုတာမျိုးပေါ့။
အသိနည်းကြတာကတော့ ပုရွက်ဆိတ်ပန်းချီဆရာမလေးဖြစ်တာကိုပါပဲ။ လျှို့ဝှက်တဲ့ ဝါသနာဆိုပါတော့။ သူ့ဇာတ်ကောင်မှာ ခုလိုဝါသနာထည့်ပေးထားတာဟာ ရိုးရှင်းတဲ့ကိစ္စလို့ပဲ ကျွန်တော်ထင်ပါတယ်။

03/01/2024

တစ်ခါတစ်လေမှာ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်မြင်နေတာတွေကတောင် အစစ်အမှန်တွေ ဟုတ်ရဲ့လား။ မိတ်ဆွေဟာ ကိုယ့်ကိုကိုယ်ကော ဂရုစိုက်ပြီးရှာဖွေဖူးရဲ့လား။ လုပ်ငန်းခွင် ဘဝနဲ့ လူတွေကြားထဲကို ဒေါင်ကျကျပြားကျကျဖြတ်သန်းရတော့မှ ကျတော်တို့ဘာလဲ ဆိုတာ သိဖို့ ခြေလှမ်းစကြရတာများပြီး အဲ့ဒီအထိတောင် ကျတော်တို့လိမ်ညာခံနေရတုန်းပါပဲ။ သူများတွေဖြစ်စေချင်တဲ့ ကျတော်တို့ဖြစ်နေရတုန်းပေါ့။ ကိုဘာလဲတွေ့ဖို့ ကိုယ့်ဆီမှာပဲရှာဖွေရပါတယ်။

အဖြူရောင် superhero shepherd (သိုးထိန်းလား) အဲ့‌ခွေးလေးဆိုပါတော့။ power တွေနဲ့ လို့သူ့ကိုယ်သူ အထင်ရောက်ပြီး ပတ်ဝန်းကျင်ကလည်း ဒါကိုအသုံးချပြီး စီးပွားရှာနေလေတော့ ဒီလိုယုံကြည်နေတာကပဲ သူတို့အတွက်လည်းအကျိုးရှိနေပေမယ့် လူတစ်ယောက်က နောက်ထပ်သက်ရှ်ိတစ်ခုကို လုပ်သင့်တဲ့အလုပ်လို့တော့ ကျတော်မယူဆပါဘူး။ အဓိကအထူးခြားဆုံးကတော့ သူ့ရဲ့မျက်လုံးတွေပါ။ လူမျက်လုံးလို့ခံစားရလောက်တဲ့ထိ အားနည်းနေတာကနေ စိတ်အပြောင်းအလဲတိုင်းကို ပေါ်လွင်အောင် ဖန်တီးထားနိုင်ခဲ့တဲ့ Artist တွေအတွက်တော့ အကောင်းဆုံးအသိအမှတ်ပြုသင့်ပါတယ်။

TV show တစ်ခုရဲ့ ကိုယ့်ကိုကိုယ် Superpower တွေရှိတယ်လို့ ဇာတ်လမ်းအစမှာ ထင်နေတဲ့ သစ္စာရှိသက်ရှိလေးတစ်ခုအနေနဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။ ဇာတ်လမ်းကိုက သူ့ရဲ့ development နဲ့ ရှေ့ဆက်ဖို့ စီစဉ်ထားတာမို့ သူ့ရဲ့ Cdv ပိုင်းကလည်း Animationsတို့ ထုံးစံတိုင်း ခန့်မှန်းရလွယ်ပေမယ့် ပြောင်းလဲမှုတိုင်းကတော့ ရင်သပ်ရှူမောရပါတယ်။ သူငယ်ချင်းကောင်းတွေမရှိတဲ့ ဘဝကလည်း ဘယ်လောက်ထိကြောက်စရာကောင်းမလဲဆိုတာ မေးခွန်းထုတ်စရာတောင်မလိုပါဘူး။
ဇာတ်လမ်းတစ်ခုလုံးမှာ သူဟာ ဖန်သားပြင်ပေါ်ကဘဝနဲ့ သူဘာလဲဆိုတာလဲရဲ့ ခြားနားမှုကို ရှာဖွေဖို့သင်ယူခဲ့ပြီး ကျွန်တော်တို့ကိုပါ သင်ကြားပေးခဲ့သူပါ။ အခူ လက်ရှိ လူတိုင်းရဲ့ Visual world ကို စာမေးပွဲစစ်ထားတဲ့ ရုပ်ရှင်လို့တောင်ဆိုချင်ပါတယ်။ ဇာတ်လမ်းသွားအေးပါတယ်။ ဒါကြောင့်လည်း ထူးထူးခြားခြားကြီး ဝက်ဝက်မကွဲခဲ့ပေမယ့် အနုပညာအရတော့ အရေးမနိမ့်ခဲ့ပါဘူး။

Bolt က သူ့ကိုယ့်သူရှာဖို့ စိတ်အားထက်သန်မှုရှိပြီး ဇွဲလည်းရှိပါတယ်။ Penny အပေါ်သစ္စာရှိပြီး အဲ့ရပ်တည်ချက်အတွက် တစ်ဘဝလုံးမြှုပ်နှံခဲ့ပါတယ်။ သူယုံကြည်ထားတာတွေမှားတာကိုသိပြီး သူ့ကိုယ်သူရှာတွေ့လာချိန်မှာ သူ့ဘဝကြီးက ပိုပြီးရှုပ်ထွေးသထက် နက်ရှိုင်းလာတာကို တွေ့ရပါတယ်။ ဒါကိုသဘောအကျဆုံးပါ။ သူ့ရဲ့ intermission တွေက ကျတော်တို့ ဘဝတွေမှာလည်း အမြဲတမ်းတွေ့နေရတဲ့အရာတွေမို့ပါ။ အဲ့မှာ သဘောအကျသင့်ဆုံးကတော့ သူကသူများမျက်စိထဲ ရယ်စရာဖြစ်နေပါတယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် သူယုံကြည်တာအတွက် ရိုးသားခြင်းပါ။ သူယုံတာမှားနေတာကိုသိတဲ့အချိန်မှာလည်း အဲ့အတွက်ရိုးသားခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကျတော်တို့တွေ Bolt လိုရိုးသားသင့်ပါတယ်။ Bolt ကတော့ ရိုးသားဖို့ သတ္တိရှိခဲ့ပါတယ်။ မိတ်ဆွေကော.......

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon