K K Ladies Collections

K K Ladies Collections

Share

Photos from K K Ladies Collections's post 27/10/2021

Every day outfit ✅💃💃💃

23/09/2021

ဘေထုပ်မှာ အလိမ်တွေ ဂျင်းတွေ ခဏခဏတွေ့နေလို့ ရေးဖြစ်တာပါ။

အဓိက မြန်မာနိုင်ငံမှာ ဘေထုပ်ခေတ်စားလာပေမဲ့
ဘေထုပ်ရဲ့ သဘောတရားကို လူတွေနားမလည်ကြတာ ခက်တယ်။

သုများနိုင်ငံတွေမှာ ဘေထုပ်ဆိုတာ ဟိုးအရင်ထဲကရှိတာပါ။ ဒီနိုင်ငံလို ပြသနာ ပေါင်းသောင်းခြောက်ထောင် မရှိခဲ့ဘူး....

အခုက တော်တော်များများတွေ့နေရတယ်
ခဏနေ ဟိုဆိုင်ကို blacklist တင်ပြန်ပြီ မဝယ်ကြဖို့
အထည်တွေကစုတ်လို့ ကိုယ်ခံရသလို သူများတွေ မခံရစေဖို့ စေတနာလိုလို သူများစီးပွားဖျက်သလိုလို

တကယ်တော့ ဘေထုပ်ဆိုတာ အစထဲက ဂျင်းပါ
ဂျင်းလုပ်ငန်းတစ်ခုပါဗျာ...
ရောင်းတဲ့လူတွေ ဂျင်းမဟုတ်ဘူး
တင်ပို့ဖြန့်ချီတဲ့ company တွေက ကိုထည့်တဲ့ဂျင်းတွေပါဗျာ.....

သဘောတရားက သူများနိုင်ငံတွေမှာ
ခင်ဗျားဘေထုပ်တစ်လုံးသွားဝယ်မယ်ဆို
သူကခင်ဗျားကို ဘေထုပ်လို့ခေါ်တဲ့
အထဲဘာမှန်းသေချာမမြင်ရတဲ့ အထုပ်ကြီးတစ်ထုပ်ပေးလိမ့်မယ်....

အထဲပါတတ်တဲ့အမျိုးစား ဥပမာ
အကျီဆိုအကျီ ဘောင်းဘီဆို ဘောင်းဘီထုပ်ပြောလိမ့်မယ် ဈေးပြောမယ် ဒါပဲ ဒီလောက်ထိပဲ

ကျန်တာ ခင်ဗျားဆက်မေးလို့မရတော့ဘူးbro
ဆက်မေးလဲ သူမဖြေတတ်ဘူး
ဘာလို့ဆိုသူလဲမသိဘူး
ဒီအလုံး ဒီဈေးပဲ
အထဲမှာဆိုးဆိုးကောင်းကောင် ခင်ဗျားနဲ့ပဲဆိုင်တယ်
ကျေနပ်လက်ခံနိုင်ရင်ယူ
လက်မခံနိုင်ရင်မယူနဲ့ဒါပဲ။

ဒါကိုခင်ဗျားဝယ်လာတယ်
အိမ်ရောက်တော့ ဖွင့်ကြည့်တယ်
အဲ့မှာစတယ် ပြသနာ ဘောင်းဘီတော့ဘောင်းဘီတွေပဲ... အစုတ်တွေများလို့
အရောင်တွေကျနေလို့
အသီးတွေထနေလို့နဲ့ ပြသနာပေါင်းစုံရှိတော့တာပဲ

တစ်ချို့ပြောပါသေးတယ် ပယ်ထည်က နဲနဲဆိုလက်ခံပါတယ် အခုက တစ်ထုပ်လုံးလိုလို....
ဟုတ်တယ် ခင်ဗျားအထုပ်ပယ်ထည်များတယ်
တစ်ခြားအလုံးတွေ ပယ်ထည်နဲပီး သန့်တာတွေအများကြီး အဲ့ခါကျ ကျေးဇူးအကို ဒီတစ်လုံးနဲ့ပြီးတယ်.....

မပြီးတာ ပယ်ထည်များသွားတဲ့အခါ
ကျွန်တော်လဲမသိဘူး အထုပ်ထဲပါတာလေပြောရင်
အဲ့ဒီကောင် ဂျင်းကောင်.....ဂျင်း page
တင်ပြီ black list....

အခုနောက်ပိုင်း ဆိုင်တိုင်းလိုလိုတင်ခံနေရတာတွေ့တယ်......

ဒါက ရိုးသားတဲ့သူတွေလုပ်တဲ့အလုပ်

နောက် တစ်ချို့ကြရှိတယ်ဗျ ဒီလို ပြသနာတတ်လေ့ရှိတယ့် သဘောတရားကို copy လုပ်ပြီး
အထုပ်ဖောက်တယ် ပထမ သူတို့ဖောက်ထားတဲ့ ကျန်ထည်တွေ ရောထည့်တယ်
ကောင်းတာတွေနှုတ်ယူထားတယ်...
ပြီး ဝယ်လာတဲ့ဆိုငိကို ဖုန်းဆက်ပြီ.. ပြသနာစရှာပြီ

blacklist တင်မယ်ဘာညာခြိမ်းခြောက်တယ်
တစ်ချို့ ဆိုင်တွေ အရှည်အရှည်မဖြစ်ချင်လို့
ပြန်လဲပေးတယ်....တစ်ချို့ အတင်ခံရတယ်။

ဒီလိုပါပဲ ပြသနာပေါင်းစုံဘေထုပ်လောကမှာ
အဓိက ကတော့ ခင်ဗျားဘေထုပ်တစ်လုံးဝယ်ရင်
အရင်စိတ်ပိုင်းဖြတ်ရမှာ စုတ်ရင် ဘယ်လိုရောင်းမလဲ...သန့်ရင်ဘယ်လိုကိုင်မလဲ
အထည်ကို နည်းပေါင်းစုံနဲ့ရှင်းတတ် ရောင်းတတ်မှဝယ်ပါ။ ပြီးတော့ ငွေပိုငွေလျှံရှိမှ ရင်းတာ အကောင်းဆုံးပါ ချဲထိုးသလိုပဲ ဘေထုပ်ပါကင်လုံးဖောက်တာလဲ ဆုံးရှုံးနိုင်တယ်ဆိုတာ အရင်သိထားပါ။ အခါတစ်ရာစဉ်းစားပြီးမှ ဒီအလုပ်ကိုလုပ်ပါခင်ဗျာ။ ကျေးဇူးပါ🙏🙏🙏

17/06/2021

Hello ဒီည Live လေးရှိပါမယ်

အားပေးကြပါဦး

အထည်အသစ်လေးတွေပါ

လက်ကျန်ထည်လေးတွေရှင်းထုပ်ပါမယ် ♥️

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon