Lighthouse Academy
17/08/2023
Native Teachers တွေနဲ့ Zoom Application ကတဆင့် အင်္ဂလိပ်စာအတန်းတွေကို အခမဲ့တက်ပြီး certificate တွေယူကြမယ်။👩🏫
International House Bangkokကစီစဉ်ပေးတဲ့ အခမဲ့ အင်္ဂလိပ်စာ သင်တန်းတွေ အကြောင်းကြားပြီးပြီလား။ ❓
International House Bangkok ဆိုတာကတော့ Cambridge certified native teachers တွေနဲ့ အင်္ဂလိပ်စာ သင်တန်းတွေ အပြင် အင်္ဂလိပ်စာ ဆရာဖြစ်သင်တန်းတွေကိုလည်း ဖွင့်လှစ်သင်ကြားပေးနေတဲ့ ကျောင်းတစ်ခုဖြစ်ပါတယ်။
ယခု လောလောဆယ် အခမဲ့ သင်ကြားပေးနေတဲ့ ရက်တိုသင်တန်းတွေကတော့ pre-intermediate level နဲ့ upper intermediate level သင်တန်းတွေပဲ ဖြစ်ပါတယ်။
Zoom Application ကနေတဆင့် သင်ယူရမှာဖြစ်ပြီး အတန်းချိန် အသေးစိတ်ကို Page မှာတင်ပေးထားပါတယ်။ Sign up လုပ်ရတာလည်း အင်မတန်လွယ်ပါတယ်။
အတန်းပြီးရင်လည်း ပြီးဆုံးကြောင်း certificate ထုတ်ပေးဦးမှာဖြစ်ပါတယ်။ 🥰
✅အတန်းအချိန်ဇယားကို Bangkok အချိန်အတိုင်း တင်ပေးတာဖြစ်တဲ့အတွက် မြန်မာအချိန်ကို တွက်ပြီး Join ရပါမယ်။
✅ရက်တိုသင်တန်းဖြစ်တဲ့အပြင် အခမဲ့ သင်ကြားရတာဖြစ်တဲ့အတွက် budget ချိန်ဆနေသူတွေအတွက် အသင့်တော်ဆုံးပါပဲ။
✅ရွေးချယ်စရာ အတန်းအချိန်တွေပေးထားတဲ့အတွက် weekend အတန်း၊ weekday အတန်း အစရှိသဖြင့် လုပ်ငန်းခွင်ထဲ ရောက်နေသူတွေပါ တက်ဖို့ အဆင်ပြေဆုံးပါပဲ။
ယခုလောလောဆယ်တော့ ရှေ့ batch အတန်းလေးတွေ လွတ်သွားပြီဆိုပေမဲ့ ထပ်ပြီး ဖွင့်မဲ့အတန်းလေးတွေ လက်မလွှတ်တန်းတက်နိုင်ဖို့ page လေးကို follow လုပ်ထားလို့ရပါတယ်။
သင်တန်းကျောင်း 🏫
https://www.facebook.com/ihbangkok?mibextid=LQQJ4d
ယခုလိုမျိုး အကျိုးရှိတဲ့ အကြောင်းအရာလေးတွေကို စိတ်ဝင်စားရင်တော့ Lighthouse Academy ကို like and follow လုပ်ထားလိုက်နော်။ 🥰
အကျိုးရှိတယ်ဆိုရင် မျှဝေပေးဖို့လည်း မမေ့ပါနဲ့ရှင်။ 🙆🏻♀️
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Thingangyun
Yangon