HealthCare Support - HCS Myanmar
05/10/2021
#လေချဉ်တက်ခြင်းအစာအိမ်အချဉ်ပြန်ခြင်း၊GERD(Gastroesophageal reflux disease)
#ရောဂါဖြစ်ရခြင်းအကြောင်းအရင်း
အစာအိမ်ရေမျိုအောက်ပိုင်း ကြွက်သားအားနည်း၍ အစာအိမ်အတွင်းမှ အက်ဆစ်အချဉ်များ အပေါ်သို့ လျှံတက်လာသောကြောင့်ဖြစ်ပါသည်။
#ရောဂါလက္ခဏာများ
• ရင်ပူခြင်း
• လေချဉ်တက်ခြင်း
• ခံတွင်းချဉ်ခြင်း
• အစာစားပြီး ရင်ဝတွင် မီးစနှင့်ထိုးသလိုဖြစ်ခြင်း
• အစာများ မကြာခဏအပေါ်ပြန်တက်ခြင်း
• တံတွေးအထွက်များခြင်း နှင့်
အခြားလက္ခဏာများလည်း ဖြစ်နိုင်ပါသည်။
ရောဂါ၏အခြား လက္ခဏာများ မှာ
• ချောင်းဆိုးခြင်း ၊ ရင်ကြပ်ခြင်း ၊ မောခြင်း
• ရင်ဘတ်အောင့်ခြင်း
• လည်ချောင်းနာခြင်း ၊ လည်ချောင်းယားခြင်း ၊ အသံဝင်ခြင်း
• မကြာခဏလည်ချောင်းဝတွင် တစ်ဆို့ဆို့ဖြစ်ခြင်း
• နားယားခြင်း၊ နားကိုက်ခြင်း၊ နားလေ ထွက်ခြင်း
• သွားပိုးစားခြင်း၊ ခံတွင်း အနံ့မကောင်းခြင်း
• ထိပ်ကပ်နာဖြစ်ခြင်း၊ အအေးမိခြင်း
#ဒါ့အပြင်
• အဝလွန်ခြင်း
• ကိုယ်ဝန်ရှိခြင်း
• အဝတ်အစား တင်းကြပ်စွာဝတ်ဆင်ခြင်း
• အစားများလွန်းခြင်း
• အစာကို တစ်ကြိမ်တည်းနှင့် များစွာ စားသုံးခြင်း
• ကြာရှည်စွာ ဆောင့်ကြောင့်ထိုင်ခြင်း
• မကြာခဏ ခါးကုန်း၍နေခြင်း
• ပစ္စည်းအလေး မ ခြင်း
• ဆေးလိပ်သောက်ခြင်း
• အရက်သောက်ခြင်း
• ကွမ်းစားခြင်း၊ ဆေးငုံခြင်း
• မတည့်သောဆေးနှင့် အစာများစားမိခြင်း တို့ကြောင့်လည်း ရောဂါကို ပိုပြီး ဆိုးဝါးစေနိုင်တာကို သတိထားဖို့လိုပါတယ် ။
#ရောဂါကိုပိုဆိုးစေနိုင်သောဆေးဝါးများ
1. ဗိုက်နာပျောက်ဆေးများ (Anti spasmodic)
2. ရင်ကြပ်ပျောက်ဆေးများ (Aminophylline)
3. ပိုးသတ်ဆေး (Doxycycline, Tetracycline)
4. အကိုက်အခဲပျောက်ဆေး (Aspirin, Ibuprofen)
5. သံဓာတ်အားဆေးများ (Ferrous Sulphate)
6. ဗီတာမင် - စီ
7. စိတ်ကျရောဂါ ပျောက်ဆေး
8. သွေးတိုးဆေး
ဆေးဝါးများကို မသောက်သုံးမီ မိမိ မှာရှိတဲ့ ရောဂါ အခြေအနေကို ဆရာဝန် နှင့် သေချာ တိုင်ပင်ပြီး ဆရာဝန် ညွှန်ကြားချက် ဖြင့်သာ သောက်သုံးသင့်ပါတယ်။
#ရောဂါနှင့်မတည့်သောအစာများ
ပူလွန်း၊ စပ်လွန်း ၊ ချဉ်လွန်းသော အစာများ
ငရုတ်ကောင်း၊ ခရမ်းချဉ်သီး
ပဲအမျိုးမျိုး၊ နာနတ်သီး
အဆီများသော အစားအစာများ ၊ ဆီပြန်ဟင်းများ
ကွမ်း၊ ဆေးလိပ်၊ အရက်
မဆလာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ များသော အစားအစာများ
ချောကလက် နှင့် ဂက်စ်ပါသော အရည်များ
(ကိုကာကိုလာ၊ စပါကလင်)
လက်ဖက်ရည်၊ ကော်ဖီ၊ လက်ဖက်များ
ဖာလာ၊ လေးညှင်း၊ သစ်ကြပိုး၊ ပရုတ်
လိမ္မော်ရည်၊ ခရမ်းချဉ်သီးဖြင့် ပြုလုပ်ထားသော အစားအစာများ
#ရောဂါနောက်ဆက်တွဲဆိုးကျိုးများ
အစာရေမျိုကျဉ်း၍ အစာမမျိုနိုင်ခြင်း
သွေးအန်ခြင်း၊ ဝမ်းအမည်းသွားခြင်း
သွေးအားနည်းခြင်း
အစာရေမျိုရောင်ခြင်း
အစာရေမျို ကင်ဆာဖြစ်ခြင်း နှင့် အခြား ဆိုးကျိုးများကိုလည်း ဖြစ်စေနိုင်ပါသည်။ ရောဂါဖြစ်သည်ဟု ယူဆရလျှင် တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့်ပြသ၍ လိုအပ်သော စမ်းသပ်စစ်ဆေးမှု ကို ပြုလုပ်နိုင်ပါသည်။
#ရောဂါရှာဖွေနိုင်သောနည်းလမ်းများမှာ
ရောဂါ လက္ခဏာနှင့် သက်ဆိုင်သော မေးခွန်းများမေးခြင်း
အစာအိမ်ဆေးပေး၍ စမ်းသပ်ခြင်း
အစာအိမ် မှန်ပြောင်းကြည့်ခြင်း
အစာအိမ်အက်ဆစ်ဓာတ် တိုင်းတာခြင်း
အစာအိမ်ကြွက်သား ညှစ်နိုင်မှု တိုင်းတာခြင်း
အစာရေမျိုပြွန်လှုပ်ရှားမှု ပြင်းအားကို တိုင်းတာခြင်း
အစာရေမျိုပြွန် ဆေးဓာတ်မှန် ရိုက်ခြင်း
#မည်သို့နေထိုင်ရမည်နည်း
ကိုယ်အလေးချိန်လျော့ချပါ ။
အဝတ်အစားကို တင်းတင်းကြပ်ကြပ်ဝတ်ခြင်းမှ ရှောင်ကြဉ်ပါ။
ပစ္စည်းအလေးများ မ မ ရပါ။
မကြာခဏ ခါးကုန်းခြင်း မပြုပါနှင့်။
အစာစားပြီးပြီးခြင်း အိပ်ယာဝင်ခြင်း ၊ လဲလျောင်းခြင်း မပြုလုပ်ပါနှင့်။
အစာကို တစ်ကြိမ်တည်း အများကြီး မစားပါနှင့်။ နည်းနည်းနှင့် မကြာခဏ စားပါ။
ည အိပ်ယာမဝင်မှီ ၂နာရီအတွင်း အစာမစားရ။
အိပ်ယာခေါင်းအုံးကို ၆ လက်မခန့်မြှင့်၍ အိပ်ပါ။
မတည့်သော အစာနှင့်ဆေးများကို ရှောင်ပါ။
ဆေးလိပ်၊ ကွမ်း၊ အရက် ဖြတ်ပါ။
ဆရာဝန် ညွှန်ကြားထားသော ဆေးများကို သတ်မှတ်ထားသည့် ရက်ပိုင်း ၊ လပိုင်း ၊ နှစ်ပိုင်း အထိ စွဲသောက်ပါ ။
#ကုသနိုင်သောနည်းလမ်းအမျိုးမျိုး
မိမိရောဂါ အခြေအနေပေါ်လိုက်၍ ဆရာဝန်မှ သတ်မှတ် ဆုံးဖြတ်ပေးသော ကုထုံးကို လိုက်နာ ကျင့်သုံးနေထိုင်ရန်လိုအပ်ပါသည်။
၁. #ဆေးဝါးဖြင့်ကုသခြင်း
ဆေးဝါးဖြင့် ကုသမည်ဆိုလျှင် အနည်းဆုံး ဆေး ၂ လ သောက်ရပါမည်။ ဆေးရပ်လိုက်လျှင်ရောဂါပြန်ဖြစ်တတ်ပါသဖြင့် လိုအပ်ပါက ဆရာဝန် ညွှန်ကြားပါက ဆေးကို အမြဲတမ်း စွဲသောက်သုံးရန်လိုအပ်ပါမည်။
အစာအိမ်အက်ဆစ်ဓာတ်ကို လျော့နည်းစေသော ဆေးများ သောက်သုံးခြင်း ဖြင့် အစာအိမ် အချဉ်ပြန်ခြင်း ကို လျော့ချပေးနိုင်ပါသည်။ ( ဥပမာ - Proton Pump Inhibitors PPI-Omeprazole, Pantoprazloe, Kanzoprazole, Esomeprazole Rabeprazole)- H2 Receptor Blocker- Cimetidine, Famotidine, Nizatidine)
အစာအိမ် လှုပ်ရှားမှု အားကောင်းစေသော ဆေးဝါးများ ကို သောက်သုံးခြင်းဖြင့် အစာအိမ် အတွင်းမှ အစာဟောင်းများ အချဉ်ပြန်ပြီး လေပြန်မတက်အောင် ကာကွယ်ပေးနိုင်ပါသည်။ (ဥပမာ - Metoclopramide, Domperidone, Mosapride, Itopride)
အစာအိမ် အက်ဆစ်ခြေဖျက်ဆေးများ (ဥပမာ - Antacid, Aluminium hydroxide)
#ဘယ်လောက်ကြာကြာဆေးသောက်ရမလည်း။
အနည်းဆုံး(၁၂)ပါတ်သောက်ရပါမယ်၊လိုအပ်ရင်(၆)-(၁၂)လအထိသောက်ရပါမယ်၊ဒိ့ထက်ပိုသောက်ဖို့လိုတဲ့လူနာအနည်းငယ်ဏှိပါတယ်။
၂။ #ခွဲစိတ်ကုသခြင်း
ခွဲစိတ်ကုသခြင်း ကို ဆေးဝါးဖြင့် မသက်သာသောသူများ ၊ ကြာရှည်စွာ ဆေးမသောက်သုံးလိုသူများ၊ အစာရေမျိုကျဉ်းနေသူများ ၊ ကင်ဆာ ဖြစ်နိုင်ချေရှိသူ(Barrett Eosphagus)များ ၊ အစာအိမ်ကျွံသော လူနာများ (Hiatus Hernia) နှင့် ၂၄ နာရီ အက်ဆစ်တိုင်းတာရာတွင် အက်ဆစ်များလွန်းသော လူနာများ (pH
21/09/2021
ခန္ဓာကိုယ်အရေပြား နဲ့ ဖြစ်တတ်သော အရေပြားရောဂါများ...
===================================
မူရင်းရေးသားသူကို Credit ပေးပါတယ်...
အရေပြားသာမရှိလျှင် သင်သည် မည်မျှအရုပ်ဆိုးသော သတ္တဝါဖြစ်မည်ကိုတွေးကြည့်နိုင်သည်၊ သင်သည်တစ်ခုနှင့်တခု ထပ်နေသောကြွက်သားအစိုင်ခဲတစ်ခုမျှသာဖြစ်နေမည်၊
သင့်ကိုကြည့်ကောင်းအောင်အရေပြားရှိနေသည်မဟုတ် သင့်ကိုကာကွယ်ရန်ရှိနေခြင်းဖြစ်သည်။
အရေပြားသည် ကျွန်တော်တို့ လူ့ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်ပြီး ခေါင်းအစ ခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားပါတယ်။ အရေပြားဟာ ကိုယ်ခံအားစနစ်ရဲ့ ပထမဦးဆုံးနဲ့ အပြင်ဘက်အကျဆုံး ခံတပ်တစ်ခုဖြစ်ပြီး ရောဂါပိုးမွှားတွေကို အသက်ရှူလမ်းကြောင်း၊ အစာရေမျိုလမ်းကြောင်းကနေ ခန္ဓာကိုယ်ထဲ မဝင်ရောက်စေဖို့ တားဆီးပေးပါတယ်။
အရေပြားဟာ အလှအပအတွက်သာမက လူတွေရဲ့ကျန်းမာရေးအတွက်ပါ သက်ရောက်မှုများစွာ ဖြစ်စေနိုင်ပါတယ်။ အရေပြားက အဆီပြန်လွန်းရင်လည်း ချွေးပေါက်တွေ ကျယ်ပြီး ဖုန်၊ အဆီ၊ အညစ်အကြေးတွေ ဝင်အောင်းကာ ဝက်ခြံ၊ အဆီဖုတွေ ဖြစ်လွယ်နိုင်တယ်။ အစိုဓာတ်၊ ရေဓာတ် နည်းလွန်းတဲ့အခါ ခြောက်ပြီး အသားအရောင်ညစ်ထေးထေး ဖြစ်မယ်၊ အရေပြားပါးလာတဲ့အတွက် နေလောင်ဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုခံရနိုင်ပြီး အရေပြားကင်ဆာ၊ ဓာတ်ရောင်ခြည်သင့်တာတွေ ပိုပြီးဖြစ်နိုင်ခြေ ရှိပါတယ်။ ခြောက်သွေ့လွန်းရင်လည်း အရေပြားမှိုစွဲတာ၊ အက်ကွဲတာ၊ အသားပပ်တာ၊ ယားယံတာတွေ ဖြစ်လွယ်ပါတယ်။
အဖြစ်များသော အရေပြားပြဿနာများ
၁။ ဝက်ခြံ (Acne)
၂။ ရေယုန်နာ (Cold Sore)
၃။ အရည်ကြည်ဖု (Blister)
၄။ အရေပြားပေါ်တွင် ထွက်တဲ့ အဖုအပိမ့် (Hives)
၅။ နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်းကြောင့်ဖြစ်သော အရေပြားအနာ (Actinic Keratosis)
၆။ နာတာရှည်အရေပြားရောဂါ ရိုစေးရှား (Rosacea)
၇။ အနာပဆုပ် (Carbuncle)
၈။ လေးတက်စ် ရာဘာသားနှင့် ဓာတ်မတည့်လို့ဖြစ်သော အရေပြားအနာ (Latex Allergy)
၉။ နှင်းခူရောဂါ (Eczema)
၁၀။ ဆိုရီရေးစစ် ရောဂါ (Psoriasis)
၁၁။ အနာစိမ်း သို့မဟုတ် အနာထဲပိုးဝင်ခြင်း (Cellulitis)
၁၂။ ရေကျောက်ပေါက်ခြင်း (Chicken Pox)
၁၃။ အရေပြားရောင်ခြယ်ဆဲလ်များ ပျောက်ဆုံးခြင်း (Vitiligo)
၁၄။ လက်ပရိုစီရောဂါ (Leprosy)
၁၅။ အနာစက် (Impetigo)
၁၆။ ဝဲစို၊ ဝဲခြောက် (Scabies)
၁၇။ ပွေးပေါက်ခြင်း (Ringworm)
၁၈။ ကြွက်နို့ (Warts)
၁၉။ ညှင်း (Malasezia Fungus Infection)
၂၀။ ဓာတ်မတည့်ပစ္စည်းနှင့် ထိတွေ့ပြီးနောက် အနာဖြစ်ခြင်း (Contact Dermatitis)
၂၁။ အနီစက်များထခြင်း (Keratosis Pilaris)
စတဲ့ပြသနာများဖြစ်ပါတယ်ဆိုတဲ့အကြောင်း အကျဥ်းချုပ်မျှဝေလိုက်ရပါတယ်။
🙏အနာကင်းပြီး ကျန်းမာ ချမ်းသာ ကြပါစေ🙏
14/08/2021
သန့်စင်ပြီးသဘာဝကျွန်းငှက်သိုက်ပေါင်းနည်း
padamyaryaungchi website မှ ကူးယူဖော်ပြပါသည်။
၁။ အသုံးပြုရန်လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများ
(က)အဖုံးပါဒန်အိုးငယ် ၁လုံး
(ခ)အဖုံးပါကြွေပန်းကန်ငယ် ၁လုံး
(ဂ)ဟင်းရည်သောက်ကြွေဇွန်း ၁ချောင်း
၂။မိမိစားသုံးလိုသည့် ငှက်သိုက်ပမာဏပေါ်မူတည်၍ ဒန်အိုးနှင့်ကြွေပန်းကန်ကို အသုံးပြုနိုင်သည် ။
၃။ငှက်သိုက်ပေါင်းနည်း
(က)မိမိစားသုံးလိုသည့် ငှက်သိုက်အခြောက်ကို ငှက်သိုက်မြုပ်သည်အထိ ရေထည့်၍ ပွလာသည်အထိ စိမ်ထားပါ။
(ခ)ငှက်သိုက်ထည့်ထားသော ကြွေပန်းကန်လုံးကို ဒန်အိုးငယ်တွင်ထည့်၍ ရေကိုကြွေပန်းကန်လုံး၏ သုံးပုံနှစ်ပုံခန့် မြုပ်သည်အထိထည့်ကာ ဒန် အိုးကိုအဖုံးဖုံးပါ ။
(ဂ)မီးဖိုပေါ်တွင် မီးမှန်မှန်ဖြင့် (၁းဝ၀)နာရီခန့်ပေါင်းပါ ။
(ဃ)အချိုစားသုံးလိုသောသူများသည် သကြားခဲ(Rock Sugar)ကိုမိမိလိုသလောက်ထည့်၍ တခါတည်းထည့်ပေါင်းနိုင်သည် ။ (သို့)သကြားခဲအရည်သီးသန့်ကျို၍ ပေါင်းထားသည့်ငှက်သိုက်နှင့်လည်း တွဲ၍စားသုံးနိုင်သည် ။
(င)ကြက်သား ၊ ငါးစသည့်အသားတို့နှင့်လည်း မိမိကြိုက်နှစ်သက်သလို ပေါင်း၍လည်းစားသုံးနိုင်သည် ။
(၄)စားသုံးနည်း
(က)နံနက်စောစောအိပ်ယာထချိန် မည်သည့်အစားမစာမှမစားသေးမီ ပေါင်းထားသည့်ငှက်သိုက် တစ်ကြိမ်လျှင် (၇၅ဂရမ််)သောက်သုံးနိုင်ပါသည်။
(ခ)နံနက်စောစောမသောက်သုံးလိုုပါက ညအိပ်ယာဝင်ခါနီးတွင်လည်း ပေါင်းထားသည့်ငှက်သိုက် တစ်ကြိမ်လျှင်(၇၅ဂရမ်)သောက်သုံးနိုင်ပါသည်။
(ဂ)အခြားသောအစားအစာများနှင့် နာရီဝက်ခန့ခွာ၍ စားသုံးသင့်ပါသည် ။
(ဃ)ငှက်သိုက်ပေါင်းတစ်ကြိမ်လျှင် (၇၅ဂရမ်) ခန့်သောက်သုံးနိုင်ပါသည် ။
(လိုအပ်ချက်အရ အချိုလည်း အကြိမ်များစွာခွဲ၍ သောက်သုံးကြသည်။)
မြန်မာ့သဘာဝငှက်သိုက်စစ်စစ်စားသုံးမှု၏ အကျိုးအာနိသင်များ
- ငှက်သိုက်သည် အသားအရေကို ဝင်းဝါစိုပြေနူးညံ့စေပြီး အရွယ်တင်နုပျိုစေခြင်း ။
- အမျိုးသား ၊ အမျိုးသမီးများ အသက်အရွယ်မရွေး စိတ်ဖိစီးမှု ဒဏ်ကြောင့် …………
- လုပ်ငန်းခွင်အတွင်း စိတ်ပူပင်ကြောင့်ကြမှု ၊စိတ်ပင်ပန်းမှု ၊အာရုံကြောဖိနှိပ်မှုတို့ ဖြစ်ပေါ်ခြင်းများကို ပြန်လည်သက်သာ သန်စွမ်းစေခြင်း ။
- ကင်ဆာရောဂါဝေဒနာ ခံစားနေရသူများအတွက် အထူးသင့်လျော် ကောင်းမွန်ခြင်း ။
- သက်ကြီးရွယ်အိုးများ ၊ လူငယ်များအတွက် အဆုတ် ၊ ကျောက်ကပ် ၊ သရက်ရွက်တို့၏ လုပ်ဆောင်ချက်များအား ကောင်းစေပြီး ၊ အမောခံနိုင်၍ စိတ်ချမ်းသာမှုကိုခံစားရခြင်း ။
- ကိုယ်ဝန်ဆောင်မိခင်များအတွက် သန္ဓေသား၏ ကိုယ်ခံအားကို မြင့်တက်စေခြင်း ။
- မွေးကင်းစကလေးငယ်များအတွက် ဖြစ်ပေါ်တက်သော ဝမ်းလျှော ၊ ဝမ်းပျက်ခြင်းများကို သက်သာပျောက်ကင်းစေ နိုင်ခြင်း ။
- အမျိုးသမီးများသွေးသားပြောင်းလဲမှုကြောင့်ဖြစ်ပေါ်တက်သော ရောဂါဝေဒနာများကို သက်သာပျောက်ကင်းစေခြင်း။
- ကလေးငယ်လေးများအတွက် ဦးနှောက်နှင့်အာရုံကြောများကို ပိုမိုထက်မြက်စေခြင်း ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းအမြန်ဖြစ်ပေါ်စေခြင်း ။
- ကိုယ်ခံအားကောင်းစေပြီး အအေးမိ ၊ တုတ်ကွေးနှင့် ဖျားနာမှုများမှ ကာကွယ်ပေးနိုင်ခြင်း ။
- ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း ။
- ခန္ဓာကိုယ်ပုံစံအမျိုးမျိုးအတွက် သန့်ရှင်းခိုင်မာမှုနှင့် ကိုယ်ခံစွမ်းအား ကျဆင်းမှုကို အထောက်အကူပြုခြင်း ။
14/08/2021
ငှက်သိုက်ကို ဘာကြောင့် စားသုံးကြတာလဲ ❓
ငှက်သိုက်ဆိုတာ ...
သဘာဝအစားအစာတမျိုးပဲ ဖြစ်ပါတယ်။ အဆိပ်အတောက်ဖြစ်စေနိုင်မှုနည်းပါးပြီး ကလေး၊လူကြီး၊သက်ကြီးရွယ်အိုများပါ စားသုံးနိုင်ပါတယ်။
လူ့ခန္ဓာကိုယ်ကို သေချာအကျိုးပြုပြီး ...
ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ သဘာဝဓာတ်စာ အားဆေးလည်း ဖြစ်တာကြောင့် ...
💖 ကင်ဆာရောဂါဝေဒနာရှင်တွေ၊
💖 နာတာရှည်ရောဂါ ခံစားနေရသူတွေ၊
💖 အလှအပကြိုက်တဲ့အမျိုးသမီးတွေအနေနဲ့ သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။
အခုလိုကာလမှာလည်း ...
💖 လူမမာများ အစားသေချာမစားနိုင်တဲ့အခါ ...
💖 နေကောင်းခါစ လူမမာများအတွက် ကိုယ်ခံစွမ်းအားတက်စေလိုတဲ့အခါ ...
💖 အဆုတ်၊နှလုံး၊ ကျောက်ကပ်၊ သရက်ရွက်စတဲ့ ကိုယ်တွင်းအင်္ဂါများအလုပ်လုပ်ဆောင်မှုကို အထောက်အကူပြုစေလိုတဲ့အခါ...
ငှက်သိုက်ကို တိုက်ကျွေးကြတာ ဖြစ်ပါတယ် ...
သန့်စင်ပြီးငှက်သိုက်ကို ကိုယ်တိုင်ပေါင်းပြီး သောက်သုံးနိုင်သလို အသင့်သောက်သုံးနိုင်တဲ့ ငှက်သိုက်တွေလည်း စျေးကွက်ထဲမှာ အများအပြားရှိပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11211