Happy Life - 3
17/09/2025
မိန်းကလေးတစ်ဦးရဲ့ ရာသီစက်ဝန်း (menstrual cycle) ပြီးဆုံးချိန်နဲ့ ချက်ချင်းဆိုသလို လိင်ဆက်ဆံမယ်ဆိုရင်တောင် ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။ ဘာလို့လဲဆိုတော့ သုက်ပိုးတွေဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ ရက်အနည်းငယ်အထိ အသက်ရှင်နိုင်တာကြောင့် ဖြစ်ပါတယ်။
ကိုယ်ဝန်ဖြစ်ပေါ်ပုံအကြောင်း သိကောင်းစရာများ
ကိုယ်ဝန်ရဖို့အတွက် အဓိကအချက် (၃) ချက် လိုအပ်ပါတယ်။
သုက်ပိုး (S***m)
အမျိုးသားရဲ့ သုတ်ရည်ထဲမှာရှိတဲ့ သုက်ပိုးဟာ သားဥကို သွားရောက်ပေါင်းစည်းဖို့ လိုအပ်ပါတယ်။ သုက်ပိုးတွေဟာ အမျိုးသမီး ခန္ဓာကိုယ်အတွင်းမှာ ပျမ်းမျှအားဖြင့် (၃) ရက်ကနေ (၅) ရက်အထိ အသက်ရှင်နိုင်ပါတယ်။
သားဥ (Egg)
အမျိုးသမီးရဲ့ မျိုးဥအိမ်ကနေ သားဥအိမ်ပြွန် (fallopian tube) ထဲကို ရင့်မှည့်တဲ့ သားဥတစ်လုံး ထွက်လာတဲ့အခါ သားဥကြွေတာ (ovulation) လို့ ခေါ်ပါတယ်။ သားဥကြွေပြီးနောက် သားဥဟာ (၁၂) နာရီကနေ (၂၄) နာရီအထိ အသက်ရှင်နိုင်ပါတယ်။
သားဥနဲ့ သုက်ပိုးပေါင်းစည်းခြင်း (Fertilization)
သားဥကြွေနေချိန်အတွင်း သားဥနဲ့ သုက်ပိုးတို့ တွေ့ဆုံပြီး ပေါင်းစည်းသွားတဲ့အခါ ကိုယ်ဝန် စတင်ဖြစ်ပေါ်ပါတယ်။
ရာသီစက်ဝန်းနဲ့ ကိုယ်ဝန်ရနိုင်ခြေ
ရာသီစက်ဝန်းရဲ့ ရက်အတိအကျဟာ မိန်းကလေးတစ်ဦးနဲ့တစ်ဦး မတူညီပါဘူး။ အများအားဖြင့် ရက်ပေါင်း ၂၈ ရက်ကနေ ၃၂ ရက်အထိ ရှိတတ်ကြပါတယ်။ အဲဒီလို ရက်တွေ အပြောင်းအလဲရှိတဲ့အတွက် ရာသီပြီးပြီးချင်း လိင်ဆက်ဆံရင်လည်း သုက်ပိုးတွေက ခန္ဓာကိုယ်ထဲမှာ ရှိနေသေးပြီး ရာသီပြီးပြီးချင်းမှာ သားဥကြွေတာမျိုး ဖြစ်ခဲ့ရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒါကြောင့် ဘယ်အချိန်ပဲ လိင်ဆက်ဆံပါစေ ကိုယ်ဝန်ရနိုင်ခြေအမြဲရှိနေပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ကိုယ်ဝန်မလိုချင်ဘူးဆိုရင်တော့ ကိုယ်ဝန်တားနည်းလမ်း တွေ (ဥပမာ- ကွန်ဒုံးအသုံးပြုခြင်း) ကို သေချာအသုံးပြုသင့်ပါတယ်။
#ဗဟုသုတ
#အမျိုးသမီးကျန်းမာရေး
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Website
Address
Yangon