GAINZ
12/01/2024
ဒီနေ့အားလုံးကိုဝေမျှပေးချင်တဲ့အကြောင်းအရာလေးတစ်ခုက ကျွန်တော် 2013 မှာပထမဆုံး
ရန်ကုန်ကိုအရဲစွန့် လာခဲ့ရတဲ့အကြောင်းလေးပြေားပြပေးပါရစေ ကျွန်တော့်ညီဝမ်းကွဲလေးတစ်ယောက်က ဆယ်တန်းအောင်ပြီးရန်ကုန်ကိုအလုပ်လုပ် ဆြိထွက်သွားခဲ့ပြီး Gym အားကစားရုံ တစ်ခုမှာ Trainer အကူလုပ်ပြီး ၆ လအကြာမှာ သူလုပ်ရည်ကိုင်ရည်သဘေားကျလို့ သူသဌေးက သူ့ကို Main Trainer အဖြစ်လွှဲပြောင်းခဲ့ချိန်မှာ ကျွန်တော့်ကို စပြီးရန်ကုန်လာဖို့ခေါ်ခဲ့တဲ့အတွက် ရန်ကုန်ဆိုတာကျွန်တော့်အတွက်အိမ်နဲ့အဝေးဆုံးနေရာကိုပထမဆုံးအရဲစွန့်လာခဲ့ရတာပါ အဲအချိန်မှာ Gym ဆိုတာမကြားဘူးပါဘူး သူခေါ်လို့ ဘုရားဖူပြီးပြန်မယ်ဆိုတဲ့စိတ်နဲ့လာခဲ့တာပါ သူဆီရောက်မှာအလိုတွေ လေ့ကျင့်ရတယ်အလိုလုပ်ရတယ်ဆိုတာသိခဲ့ရတာ ကျွန်တော်ပျော်ခဲ့ပါတယ် ကျွန်တော်အကောင်သေးသေးလေး ၉၃ပေါင်ပဲရှိခဲ့တော့အကောင်ကြီးအောင်လုပ်လို့ရတယ်ဆိုပြီး ပျော်ခဲ့တာပါ ကျွန်တော်ညီလေးက တကယ်အကောင်ကြီးချင်ရင်သူပြောသလိုလုပ်ဆိုပြီး ည၉နာရီအိပ်ခိုင်းတယ်မနက် ၆ထခိုင်တယ် ၇နာရီမှာ ပဲပြုတ်ထမင်းဆီဆမ်းကြက်ဥပြုတ်တလုံးစားခိုင်းတယ် ၉နာရီဆော့ခိုင်းတယ် ၁၁နာရီ အသားဟင်းနဲ့ထမင်းစားခိုင်းတယ် ၁၂ ပြန်အိပ်ခိုင်းတယ် ၃နာရီထတယ် ရေချိုးထမင်းထပ်စားတယ် ရောက်ခါစဆိုတော့ဘာမှမလုပ်ရပဲဆော့ပြီးတဲ့လူမှန်သမျှကို နောက်ကျောကနေတွန်းပြီး အကျောလျော့ပေးရတယ် ည၈နာရီမှအလုပ်ပြီးတာနဲ့ရေချိုးထမင်းထပ်စား ၉နာရီအိပ်တယ် အလိုနဲ့ ၃လပြည့်တော့ လူကအရင်ထက်ပြောင်းလဲလာပြီး ပေါင်၁၂၀ထိဖြစ်လာခဲ့တယ်ဗျာ
👇ပြောချင်တာက ခုလူတွေလို စားချင်တဲ့အချိန်စားအိပ်ချင်တဲ့အချိန်အိပ် မလုပ်ခဲ့ရဘူး သူ့အချိန်နဲ့သူနေ့စဉ်လုပ်လိုက်တာကို ၃လနဲ့အလိုပြောင်းလဲလာတယ်ဆိုတာပဲ
🤌အဲအချိန်တုန်းကဆို Ped မပြောနဲ့ protein တောင်ဘယ်လိုဟာမှန်းမသိခဲ့ဘူး
👌ကျွန်တော် ဒီ page ကနေပြီနောက်ဆို Weight gain သီးသန့်အတွက် Sharing တွေလုပ်ပေးမယ် cb မှာမေးမြန်းတာတွေလဲ အားလုံးကိုပြန်ဖြေပေးပါမယ်ဗျ
ပုံကတော့ ၂၀၁၃ ရန်ကုန်ရောက်ခါစကပုံနဲ့ ၃လပြည့်ပုံလေးတွေပါ💪
အားလုံးကိုလေးစားလျှက်
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Telephone
Website
Address
Yangon