Taj Hejab

Taj Hejab

Share

20/08/2024

ကုရ်အာန် ကျမ်းစာမှာ အရမ်းလှတဲ့
စူရာဟ်တစ်ခုရှိတယ်။

စူရာဟ် ဒူဟာ (၉၃ ခုမြောက် စူရာဟ်)ပါ။

😪သင့်ဘဝမှာ ဘာလုပ်လုပ်
အဆင်မပြေဖြစ်နေလား?

😪သေချာစီစဉ်ထားတဲ့ အရာတွေက
ခနအတွင်းမှာ ပျက်သုန်းသွားပြီလား?

😪ကိုယ်မျှော်လင့်ထားတာတွေ ဖြစ်မလာဘူးလား?

စူရာဟ် ဒူဟာမှာ အလ္လာအရှင်မြတ်က သင့်ကို အားပေးစကားပြောထားပါတယ်။ ဖတ်ကြည့်ပါ။

ဗိစ္စမစ်လား ဟိရ်ရာဟ်မားန်နီရ်ရဟီးမ်
၁။နေတတ်ချိန်ကို သက်သေထူတော်မူ၏။

၂။ညဉ့်အချိန်ကို သက်သေထူတော်မူ၏။
အကြင်အခါဝယ် ထိုညဉ့်သည် လွှမ်းမိုးလေ၏။

၃။ အသင့်ကို ဖန်းဆင်းတော်မူသော
အရှင်မြတ်သည် သင့်ကို စွန့်ပစ်ထားသည်လည်း မဟုတ်။ မုန်းတီးသည်လည်း မဟုတ်။

၄။ အမှန်သော်ကား တမလွန်ဘဝသည်
ယခုမျက်မောက်ဘဝထက်
သာလွန်ကောင်းမြတ်လေ၏။

၅။ထိုအပြင် သင့်ကိုမွေးမူတော်မူသော
အရှင်မြတ်သည် အသင်ကျေနပ်သွားလောက်
အောင် အမှန်ပင် သင့်ကို ချီးမြင့်ပေးသနားပေးမည်။

၆။ထိုအရှင်မြတ်သည် အသင့်ကို မိဘမဲ့အဖြစ်တွေ့ရှိရာမှ ခိုကိုးရာပေးသနားခဲ့သည် မဟုတ်လော?

၇။ထိုအရှငျမွတျသညျ အသင့်အား လမ်းပျောက်သူအဖြစ်တွေ့ရှိရာမှ လမ်းမှန်ကို ပြသခဲ့သည် မဟုတ်လော?

၈။ထိုအရှင်မြတ်သည် အသင့်ကို ဆင်းရဲသူအဖြစ်တွေ့ရှိရာမှ ကြွယ်ဝချမ်းသာစေခဲ့သည် မဟုတ်လော?

၉။ထိုကြောင့် အသင်သည် မိဘမဲ့ကလေးများအပေါ်တွင် ကြမ်းတမ်းစွာ မဆက်ဆံလေနင့်။

၁၀။ထို့နည်းတူစွာ သူတောင်းစားအား
ငေါက်ငမ်းခြင်း၊ နှင်ထုတ်ခြင်း မပြုလေနှင့်။

၁၁။ အသင်သည် အလ္လာအရှင်မြတ်၏ ဂုဏ်ကျေးဇူးများကိုသာ ထုတ်ဖော်ပြောကြား၍ နေပါလေ။

ဒီစူရဟ်ကိုဖတ်ပြီး စိတ်ထဲမှာ အလ္လာအရှင်မြတ်ရဲ့အားပေးစကားကို နှလုံးသွင်းပြီး
လက်ခံယူထားလိုက်ပါ။

မကြာခင်မှာ အလ္လာအရှင်မြတ်က သင်ကျေနပ်သွားအောင် တစ်ခုခု အစားထိုးပေးပါလိမ့်မယ်။
Aameen;

31/05/2024

💓Aameen

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon