Myo Mtk

Myo Mtk

Share

20/11/2025

inverter လေးတစ်လုံးဆောက်ချင်ရင် ဒါလေးတွေတော့ သိမှရမယ်။

ကျွန်တော်တို့အနေနဲ့ inverter circuit တစ်ခုဆောက်မယ်ဆိုရင် အလွယ်ကူဆုံ့းပြောရရင်တော့ Transformer ရယ်။ Transformer တလှည့်ဆီ အဖွင့် အပိတ် လုပ်ပေး ရမဲ့ Switching or oscillation circuitရယ်။ခလုတ်လိုမျိုး switching အလုပ်ခံရမဲ့ Transistor or Mosfet လိုပါတယ်။
ကျွန်တော်ကရှေ့မှာ 555 နဲ့ switching လုပ်လို့ ရတဲ့ astable multivibrator circuit ကိုဖော်ပြပေးခဲ့ပါတယ်။ အခု ဒီ Circuit ကို ဘယ်လို အသုံးချပြီး Inverterလေးတစ်ခု တည်ဆောက်ကြမလဲကြည့်ကြပါမယ်။
Transformer ကိုတော့ ကိုယ်ထွက်ချင်သလောက် 12Vto 220V, 100w,200w,500Wကနေ1000W အထိ center tap ပါတာကို သုံးလို့ ရပါတယ်။အခုပြမှာက push pull design မို့ပါ။
Switching အလုပ်ခံရမဲ့ Mosfet ကိုလဲ ၁လုံး။၂လုံး ။၃လုံးစသဖြင့် ကိုယ်လိုချင်တဲ့ Watt နဲ့ ampereပေါ်မူတည်ပြီး သုံးကြပါတယ်။
နောက်တစ်ခုကတော့ ခလုတ်ဖြစ်တဲ့ Mosfet ကိုအကြိမ် 50 အဖွင့်အပိတ်ရအောင်လုပ်ပေးမဲ့ 555 ရဲ့ကြာချိန်တွေနဲ့ Duty cycleလို့ခေါ်တဲ့ ON / OFFဖြစ်မဲ့ကြာချိန်တွေကိုပြန်တွက်ပေးရပါမယ်။
ကျွန်တော်တို့အတွက် အိမ်သုံးAcဖြစ်အောင် 1sec ကိုအကြိမ်50 oscillation လုပ်ပေးဖို့နဲ့ Duty cycle ကို 50% ရဖို့ လိုအပ်ပါတယ်။
ဒါကြောင့် R1နဲ့ R2တန်ဖိုးတွေကို Duty cycle50% ရအောင် Switching Diode တွေနဲ့ဆက်ပေးပြီး Formulaတွေပြန်ထုတ်ရပါတယ်။
ဒါ့အပြင် 555Ic က ouput channelက တစ်ခုထဲဖြစ်လို့ Mosfet ၂လုံးက output တစ်ခုထဲကနေ တပြိုင်နက် On တာမဖြစ်စေဖို့ Transistor တစ်လုံးကို သုံးပြီး On တလှည့် Off တလှည့်ဖြစ်အောင်လုပ်ရပါတယ်။
ဒီ Video မှာတော့ ဒီ အကြောင်းတွေကို အသေးစိတ်တင်ပြထားပါတယ်

video အရှည်ကို you tube မှာကြည့်ပါ

https://youtube.com/?si=OULDflqQUaknJlXX

Photos from Myo Mtk's post 07/10/2025

relay driver နဲ့ Relay အမျိုးမျိုး

ရှေ့က videoလေးမှာ astable multtivibrator circuitမှာrelayလေးကိုသုံးပြီး မီးသီးလေးတွေ ထွန်းပြခဲ့ ပါတယ်။ အခု ဒီvideoလေးမှာတော့ ဒီ relayလေးတွေ ကို ဘယ်လိုထိန်းချုပ်မောင်းနှင်သလဲ ဆိုတဲ့ relay driver circuitအကြောင်းလေ့လာထားတာလေတွေပြန်လည်ဆွေးနွေးမှာ ပါ မိတ်ဆွေတို့လဲ သိတာလေးတွေ commentမှာရေးသားသွားကြပါဦး၊
အခု ဒီ 5V relay လေးအကြောင်း အကြမ်းလေးပြောပါမယ်။
မြင်တဲ့ အတိုင်း ငုတ်၅ငုတ် ရှိပါတယ်။သူကလဲ အဓိက ကswitching on off လုပ်ဖို့ပါ။ခလုတ်အပိတ်အဖွင့်ကိုလက်နဲ့ ပိတ်လိုက်ဖွင့်လိုက်မလုပ်ပဲ အလိုအလျောက်၊ဒါမှမဟုတ် အဝေးကနေ လုပ်ဖို့ပါ။ relay ရဲ့ coil Voltageကို ထိန်းချုပ် လိုက်ရုံနဲ့သူ့ရဲ့ contact တွေကနေ အပိတ်အဖွင့်လုပ်ပေးပါတယ်။
အဲ့တော့ Relay အလုပ်လုပ်ဖို့ coil ကို Voltကျွေးဖို့လိုလာပါတယ်။အခု ဒီ relay coil ကို ကြည့်တဲ့အခါအပေါင်း Voltage ရောက်နေတာတွေ့ပါလိမ့်မယ်။သူ့ကို အနုတ် Voltage ကို အောက်က ပေးလိုက်ရင် Coilက energized ဖြစ်မှာပါ။

အဲ့တော့ သူ့ကို အနုတ်Volt ပေးဖို့ ကို အောက်မှာ NPN Transistorလေးကို Onပေးလိုက်ရင် Collector to emitter က Ground ကို ဆင်းသွားပြီး Coil က အနုတ် Volt ရမှာပါ။
NPN Transistor လို့ ဘာ့ကြောင့်ပြောရလဲဆိုတော့Emitter ရဲ့ မျှားလေးကအပြင်ဖက်ကို ထွက်နေလို့ အလွယ်တကူပြောလိုက်တာပါ။

ဆိုလိုတာက Base ကို signal တစ်ခုပေး လိုက်ရင် Base က 0.7 V ထက်ကျော်လို့ Base ON တာနဲ့ collector to emitter က Short circuit နီးပါး ပွင့်သွားပြီး Ground နဲ့ ထိပါပြီ

1Kကတော့ base ကို current အများကြီး စီးမသွားအောင်ကာကွယ်ပေးထားပါတယ်
Base resistor ,Ib,Ic တွက်ချက်ပုံတွေကိုတော့ကျွန်တော့်ရဲ့ အရင် videoတွေမှာရှိပါတယ်။ကျွန်တော့်ရဲ့ Pages မှာလဲတင်ထားမှာဖြစ်ပါတယ်။ Description မှာ Link ရှိပါတယ်။
အဲ့တော့ Relay ရဲ့ contact က ဘယ်လောက် Ampere များခံနိုင်မလဲကြည့်ကြပါမယ်။သူ့ရဲ့ Bodyမှာရေးထားတာကတော့ 250v,10Aခံနိုင်တယ်လို့ ရေးထားတဲ့ အတွက် ကိုယ်သုံးမဲ့ မီးလုံး။ပန်ကာစတဲ့ ပစ္စည်းတွေကို 10A အထိ သုံးလို့ ရတယ်ပြောတာပါ။
10Aဆိုတော့ watt 2000 လောက်တော့အေးဆေးသုံးလို့ ရပါမယ်။

ကျွန်တော်တို့ကရှေ့ကစပြီးကြည့်ကြပါမယ်။Power ဆိုတဲ့ Led အနီရောင်လေးကိုစတွေ့ပါမယ်။Power ဆိုတော့ Powerရောက်ကြောင်းသိဖို့ပေးတဲ့ Ledလေးပေါ့။ Led လင်း ဖို့ ဆိုရင်ပေးတဲ့ supply voltageကို လိုက်ပြီး Current limit လုပ်ဖို့ Current limit resistorလေးထည့်ဖို့ လိုပါမယ်။ သူက 5V supplyကို ခွထားတာဆိုတော့ ဒီပုံမှာတော့ 1K ထည့်ထားပါတယ် ။ 330 ohmလောက်ထည့်လဲ အဆင်ပြေပါတယ်။ကျွန်တော်ရဲ့ Led current ကို တွက်တဲ့ Video များကိုပြန်ကြည့်နိုင်ပါတယ်။ led တစ်လုံးရဲ့ခံနိုင်တဲ့ Current 20mA သုံးမလား ။10mA သုံးမလားကိုကြည့်ပြီးresistor တန်ဖိုးကို တွက်တာပါ

သူက ဘာလုပ်လဲဆိုတာကို Circuitမှာကြည့်ပါ။Transistor ရဲ့ Collector နဲ့ သူ့ရဲ့အောက်စ ကိုဆက်ထားတော့ Transistor On တာနဲ့ Grd ကျပြီး Led အစိမ်းကို လင်းစေမှာပါ။
တကယ်တန်းတော့ Transistor On ရင် relay က Powerရတော့ Relay power ရှိမရှိ statusအခြေအနေ ကိုပြပေးမဲ့ Ledလေးပါ။


1N 148 Diodeကတော့ ဒီ Relay က Powerရပြီးပြန်ပိတ်သွားတဲ့ အခါ။ဆိုလိုတာက signal မရလို့ Transistorက ပိတ်သွားတဲ့ အခါ ခုနက Coilက energized ဖြစ်နေတော့ Coilထဲက Voltတွေက ပြန်ထွက်လာပြီးသူနဲ့ထိနေတဲ့Transistorရဲ့ Collectorကို လာစောင့်ပြီး Transistor ပျက်ပါတယ်။back emfသဘောတရားလိုပါပဲ။inductor လိုမျိုး energy ကို သိုလှောင်ထားပြီး ပြန်ထုတ်တဲ့အခါ Coilက polarityပြောင်းပြန်ဖြစ်ပြီး အောက်ကအပေါင်းVoltက Transistorထဲဝင်ပြီးမပျက်အောင်Diode လေးခံလိုက်ပါတယ်။
အပြည့်အစုံ Videoလေးကို y tube မှာကြည့်ပါ။

https://youtube.com/?si=OULDflqQUaknJlXX

29/09/2025

0 voltage နဲ့။ Ground voltage ဆိုတာဘာလဲ။ အတူတူပဲလား

Zero Voltage ဆိုတာ Voltage တန်ဖိုး သုည ဖြစ်ပါတယ်။ဒါမှမဟုတ် potential တစ်ခုပါ။potential ဆိုတာက လျပ်စစ်ရဲ့ တွန်းအား ဒါမှမဟုတ်ဖိအားလို့ အလွယ်တကူမှတ်ယူလိုက်ပါ။9V battery တစ်လုံးမှာ battery ရဲ့ အပေါင်းငုတ်က 9V က High potentialဖြစ်ပြီးBattery ရဲ့ အနုတ်ငုတ်က 0V low potential လို့ပြောတာဖြစ်ပါတယ်။Batteryကြီးက အားလုံးဝ ကုန်သွားတဲ့အခါ Voltage တန်ဖိုးက သုညဖြစ်သွားပါတယ်။
Voltage= 0V

Ground Voltage ဆိုတာ Reference Point (အကိုးအကားပြုရာ အမှတ်) တစ်ခုဖြစ်ပါတယ်။
ဆိုလိုတာက ဒီ Pointကနေစတင်ပြီး ကျန်တဲ့ pointတွေကိနှိုင်းယှဉ်မယ်လို့ပြောတယ်ထင်ပါတယ်။

Circuit ထဲမှာ ဗို့အား တိုင်းတာရန် အတွက် အောက်ခြေအမှတ်ကို Groundလို့ခေါ်ပါတယ်။Circuit ထဲက အခြားနေရာတွေရဲ့ ဗို့အားကို Ground နဲ့ယှဉ်ပြီး တိုင်းတာပါတယ်။· ဥပမာ: "ဒီအမှတ်မှာ Voltage 5V ရှိတယ်" ဆိုတာ "Ground နဲ့ယှဉ်ရင် 5V ကွာခြားတယ်" လို့ ဆိုလိုတာပါ။Ground Voltage ကို Zero Volt လို့ပဲ သတ်မှတ်ကြတယ်။
V_GND = 0V

လက်တွေ့ Circuit မှာ ကြည့်ရအောင်
Multimeter (မီတာ) နဲ့ Voltage တိုင်းတဲ့အခါ:
�1. မီတာ၏ အနက်ရောင် Probe (COM): ကို Circuit Ground (GND) မှာ ချိတ်ပါ။
2. မီတာ၏ အနီရောင် Probe (V): ကို တိုင်းချင်တဲ့ အမှတ်မှာ ချိတ်ပါ။
မီတာပြသော တန်ဖိုးသည် Ground နှင့် ချိတ်ထားသော အမှတ်နဲ့ တိုင်းတဲ့ Voltage ကွာခြားချက် ဖြစ်ပါတယ်။
�ဒီတော့...
· Ground Voltage ဆိုတာ မီတာရဲ့ Reference Point ဖြစ်ပါတယ်။အများအားဖြင့် Zero voltလို့ သတ်မှတ်ပါတယ်။

အိမ်သုံး(AC Mains) ကို ကြည့်ရအောင်:

ဒီမှာ Neutral Wire က "Zero Voltage" နဲ့ နီးစပ်တယ်။သူရဲ့ အလုပ်ကလဲ Voltage ကို တိုင်းဖို့ အတွက် zero Reference point လိုမျိုးပါ

· Live Wire (ဓာတ်အားပါ ဝိုင်ယာ): ဒီဝိုင်ယာက Neutral Wire နဲ့ယှဉ်ရင် 230V (သို့မဟုတ် 110V)မှာ ရှိပါတယ်။
�နောက်ထပ် Ground Wire တစ်ခုရှိပါသေးတယ်။ Ground Wire က Safety အတွက် ခွဲထုတ်ပြီး မြေမှာ တကယ်တူးထားတဲ့ Earth ငုတ်နဲ့ဆက်ထားတာဖြစ်ပါတယ်။

လျပ်စစ် နဲ့ electronics system တွေရဲ့ 0V reference point ကို တကယ့်မြေကြီးထဲမှာတူးထားတဲ့ (Ground Rod) နဲ့ တိုက်ရိုက်ဆက်ထားလိုက်ပါတယ်။အဓိက ရည်ရွယ်ချက်ကတော့ လူကို လျှပ်စစ်ဓာတ်လိုက်မှုမှကာကွယ်ပေးဖို့ပါ။ (Safety)
· ဥပမာ: အိမ်သုံးပစ္စည်းများ (တီဗီ၊ ရေခဲသေတ္တာ) ရဲ့ 3-pin plug မှ တတိယမြောက် pin (အစိမ်းရောင်/ဝါရောင်)ပါ

Chassis Ground

· ဆိုလိုရင်း: စက်ပစ္စည်းရဲ့ သံ/သတ္တုကိုယ်ထည် ကို Reference Point နဲ့ဆက်ပြီးbody ground အဖြစ်သတ်မှတ်လိုက်ပါတယ်။
သူရဲ့ ရည်ရွယ်ချက်က နှောင့်ယှက်မှုလျှော့ချခြင်း (Noise Reduction)
· ဥပမာ: ကား body, ကွန်ပျူတာ case, amplifier caseတွေကို Reference pointနဲ့ ဆက်ခြင်းမျိုးပါ။

နောက်ထပ် ground အမျိုးမျိုး သူ့နေရာနဲ့ သူ့ အသုံး အလိုက်ရှိပါသောကြောင့်မိမိရဲ့ လိုအပ်ချက်နဲ့အညီ သုံးဆွဲ ကြပါရန်ဆွေးနွေး ဖျော်ဖြေ လိုက်ပါသည်။

Fb မှာ short Video အတို များသာနှစ်သက်ပါသောကြောင့် အရှည်ကို အောက်ပါ you tube channel မှာ သွားရောက် ကြည့်ရှူနိုင်ပါသည်။

# circuit ground
ground
ground
# chassis ground

https://youtube.com/?si=OULDflqQUaknJlXX

18650li-ion battery လေးတွေအကြောင်းတစေ့တစောင်း (china brand only) 02/08/2025

18650li-ion battery လေးတွေအကြောင်းတစေ့တစောင်း (china brand only)

18650 ဆိုတာဘာလဲ။
china batteryတွေမှာ ဘာတွေရေးထားတာလဲ
battery သတ်မှတ်ထားတဲ့voltage,charge and discharge voltage
battery energency density
C rate ဆိုတာဘာလဲ
C20 rateဆိုတာဘာလဲ
C1,C2,ဆိုတာဘာလဲ
Charging discharging အကြောင်း
ဆောင်ရန်။ရှောင်ရန် အချက်များ
BMS battery management system

# 18650 li-ion battery,
management system
,1C,2C battery charging system

www.tiktok.com/

https://youtu.be/kqsDSAkzCzQ?si=gfleocBSHF14eyS7

18650li-ion battery လေးတွေအကြောင်းတစေ့တစောင်း (china brand only) 18650 ဆိုတာဘာလဲ။china batteryတွေမှာ ဘာတွေရေးထားတာလဲbattery သတ်မှတ်ထားတဲ့voltage,charge and discharge voltagebattery energency densityC rate ဆိုတာဘာလဲC20 rate...

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon