Smart General Services

Smart General Services

Share

03/07/2023

MBT Wifi_Password ပြောင်းနည်း
============================

1. Password ပြောင်းဖို့ ပထမဦးဆုံး လုပ်ရမှာကတော့ Wifi နဲ့ ချိတ်ထားဖို့ပဲ..ဖုန်းရဲ့ညာဘက် အပေါ်ထိပ်မှာ Wifi ပုံလေးပေါ်နေရမယ်...

2.Google Chrome ဒါမှမဟုတ် Browser တစ်ခုခုထဲကို ဝင်ရမယ်...ပြီးရင် Search Bar ထဲမှာ အောက်မှာပေးထားတဲ့ IP address လေးရိုက်ထည့်ပေးရမယ်..
(192.168.100.1)
ရိုက်ထည့်ပြီးတာနဲ့ Enter နှိပ်

3. Huawei Logo လေးနဲ့ page တစ်ခုကျလာလိမ့်မယ်....
(အဲ့လိုကျမလာပဲ တခြား ဟာတွေကျလာရင် Browser ကို Clear History လုပ်ပေးဖို့လိုလိမ့်မယ်..)

4.Account >> telecomadmin
Password >> admintelecom
ရိုက်ထည့် ပြီး Login ဝင်
(ဒီအဆင့်ပြီးရင် Router Setting ထဲရောက်သွားမယ်)

5.အထဲရောက်သွားတာနဲ့ WLAN ကိုရှာပြီးထပ်ဝင် လိုက်...
(Router မတူလျှင် အနည်းငယ်ကွဲပြားနိုင်)
တချို့ Router တွေမှာက Advanced ထဲကို အရင်ဝင်ပြီးမှ WLAN ကို တွေ့ရမှာ..

6.WLAN ထဲရောက်သွားရင် WPA preshared Key ဆိုတဲ့စာတန်းလေးရဲ့ဘေးက မဲမဲအတုံးလေးတွေက Password ပဲ
အဲ့တော့ မဲမဲအတုံးလေးတွေကို ဖျက်ပြီး
ကိုယ်ပေးချင်တဲ့ Password ထည့် ...
(ပြောင်းထားတဲ့ Password ကို စာနဲ့ဖြစ်ဖြစ် ရေးမှတ်ထားမှ ရပါမယ်...မေ့သွားရင်တော့
မင်မင်တို့ အိမ်လာခဲ့ပေးမှပဲရပါတော့မယ်)

ပြီးတာနဲ့ အောက်ဆုံးနာလေးက Apply လေးနှိပ်လိုက်ရင် ရပါပြီ 👌👌

Wifi နဲ့ ခဏအဆက်သွယ်ပျက်သွားလိမ့်မယ်...

ခုနက ပြောင်းထားတဲ့ password နဲ့ Wifi ကို ပြန်ချိတ်လိုက်ရင် ...Ok ပြီ

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon