Hopelessly Past
မျက်၀န်းတစ်စုံကိုပဲ ဖြစ်ဖြစ်
တွဲလက်တစ်စုံကိုပဲ ဖြစ်ဖြစ်
ငေးကြည့်ကြည့် ဝေးကြည့်ကြည့်
အဆုံးသတ်ရယ်လို့ မရှိ။
#မှူးနွယ်
ချစ်တဲ့ အကြောင်း
ခေါင်းဆုံရှင်းရရင်
ငါတို့ အဖွဲ့က
လွဲခဲ့ကြသူတွေချည်းရယ်။
#မှူးနွယ်
တစ်ကြိမ် ကြုံခဲ့ဖူးတဲ့ အချစ်ဟာ
တစ်ချိန်ချိန် ဆုံလာရရင်လည်း အချစ်ပါပဲ
မပြောင်းလဲ သွားပဲ ၊ မပေါင်းခဲ့ရဘဲ။
#မှူးနွယ်
သတိရခြင်းကို ချနင်းရင်း
ငါတို့ နေတတ်ခဲ့ကြတယ်။
ဘူတာလွန်သွားတဲ့ ရထားတွေက
ပြန်မရပ်ပေးကြတော့ဘူးလေ။
#မှူးနွယ်
ညှိုးသွားတဲ့ ပန်းလေးတစ်ပွင့်
ပြန်လန်းအုံးမယ် အထင်နှင့်
အရိပ်တကြည့်ကြည့် စောင့်နေတုန်းပါပဲ
မောင်ရေ။
#နွေလွန်းငယ်
Click here to claim your Sponsored Listing.
Contact the public figure
Telephone
Website
Address
Yangon