Milestone Training School

Milestone Training School

Share

05/03/2026

ပညာဒါန(၈)📌 Word Power စကားလုံးလေးတွေရဲ့အကြောင်း (Part 4)
💡attain /အတိန်း/ ရယူသည်။ ရရှိသည်။
✅ How can I attain my goals?
Ⓜ️ ကျွန်မရဲ့ရည်ရွယ်ရာပန်းတိုင်တွေဆီ ရောက်ရှိအောင် ဘယ်လိုလုပ်လို့ရနိုင်မလဲ။

💡 attainment /အတိန်းမန့်တ်/ အောင်မြင်ရယူခြင်း။
✅ The attainment of her ambitions was still a dream.
Ⓜ️ သူမရဲ့ရည်မှန်းချက်များအောင်မြင်ဖို့ရန်မှာ အိပ်မက်တခုအဖြစ်သာ ရှိနေခဲ့တုန်းပဲဖြစ်တယ်။

💡 achieve /အချီးဗ်/ လုပ်ဆောင်မှုကြောင့်ရရှိသည်။ အထမြောက်သည်။ ပြီးပြည့်စုံသည်။
✅You should achieve your idea.
Ⓜ️ မင်းတွေးထားတဲ့အတိုင်း ရရှိသင့်တယ်။

💡achievement /အချီးဗ်မန့်/ အောင်မြင်မှု၊ ဖြစ်ထွန်းမှု။
✅ Warmest congratulations on your achievement.
Ⓜ️ မင်းရဲ့အောင်မြင်မှုအတွက် လှိုက်လှိုက်လှဲလှဲဂုဏ်ပြုပါတယ်။

💡 procure /ပရခရူးရား/ ကြိုးပမ်းမှုဖြင့်ရရှိသည်။ ဝါယမစိုက်ထုတ်မှုဖြင့်ရယူသည်။
✅ Can you procure a copy of original?
Ⓜ️ မူရင်းမိတ္တူကို မင်းရအောင်လုပ်ပေးနိုင်မလား။
✅ He was responsible for procuring spare parts.
Ⓜ️ အပိုပစ္စည်းတွေရအောင်ကြိုးပမ်းဖို့သူ့တာဝန်ဖြစ်ခဲ့တယ်။
💡accomplish /အကွန်းပလစ်ရှ်/ ပြုလုပ်သည်။ အောင်မြင်စွာပြီးဆုံးသည်။
✅ Don’t you want to accomplish your task?
Ⓜ️ မင်းလုပ်ငန်းကို အောင်အောင်မြင်မြင်နဲ့မပြီးဆုံးချင်ဘူးလား။
✅ I’d like to accomplish my duty.
Ⓜ️ ကျွန်တော့တာဝန်ပြီးမြောက်စေချင်ပါတယ်။
💡fulfil /ဖွတ်ဖေးလ်/ ပြီးမြောက်သည်။ လုပ်ဆောင်သည်။ ပြည့်မှီစေသည်။
✅ Did the course fulfil all your expectations?
Ⓜ️ ဒီသင်တန်းက မင်းမျှော်မှန်းထာားတာတွေကိုပြည့်မှီစေခဲ့ရဲ့လား။
Tr. Phyo Mon Win
09-761401212

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon