Paris Travel Service
14/05/2026
🛑 ထိုင်းနိုင်ငံကို ရောက်လို့ Immigration ကောင်တာမှာ တံဆိပ်တုံး ထုပြီးပြီဆိုရင် စိတ်အေးလက်အေးနဲ့ လှည့်ထွက်မသွားပါနဲ့ဦး။ Passport ထဲမှာ ရလိုက်တဲ့ "ရက်စွဲ" က မှန်ကန်ရဲ့လားဆိုတာ အမြန်ဆုံး စစ်ဆေးဖို့ လိုပါတယ်။
⚠️ လူသားဆိုတာ အမှားနဲ့ မကင်းပါဘူး လဝက အရာရှိတွေဆိုတာလည်း ကျွန်တော်တို့လို လူသားတွေပါပဲ။ တစ်ခါတစ်လေ ခရီးသည်တွေ အရမ်းများပြီး အလုပ်ရှုပ်နေတဲ့အခါ ဒါမှမဟုတ် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုခုကြောင့် အမှားအယွင်းတွေ ဖြစ်တတ်ပါတယ်။
ဥပမာ - ဗီဇာအရ ၆၀ ရက် နေထိုင်ခွင့် ရရမှာကို အရာရှိက မှားပြီး ၁၄ ရက် ပဲ ထုပေးလိုက်တာမျိုး။
ဒါမှမဟုတ် ရက်စွဲတွေ မှားယွင်းပြီး ထုပေးလိုက်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။
😱 ရက်စွဲမှားသွားရင် ဘာဖြစ်မလဲ?
အကယ်၍ ရက်စွဲမှားနေတာကို မသိဘဲ လေဆိပ်က ထွက်သွားမိရင်... နောက်မှ ပြန်ပြင်ဖို့က အရမ်းခက်ခဲသလို၊ တကယ်လို့ ရက်စွဲနည်းနည်းပဲ ရထားတာကို မသိဘဲ ဆက်နေမိရင်လည်း "Overstay" ဖြစ်ပြီး ဒဏ်ကြေးတွေ ပေးဆောင်ရပါလိမ့်မယ်။ အဆိုးဆုံးကတော့ လေဆိပ်က ထွက်သွားပြီးမှ ပြန်ပြင်ချင်ရင် Immigration ရုံးကြီးတွေအထိ သွားရပြီး အချိန်ကုန်၊ လူပင်ပန်း ဖြစ်ရမှာပါ။
✅ ဒါဆို ဘာလုပ်ရမလဲ?
၁။ ချက်ချင်းစစ်ဆေးပါ: တံဆိပ်တုံး ထုပြီးတာနဲ့ Passport ကို ချက်ချင်းဖွင့်ကြည့်ပါ။
၂။ ရက်စွဲကို ကြည့်ပါ: ဝင်ရောက်သည့်ရက်စွဲ နဲ့ နေထိုင်ခွင့်ကုန်ဆုံးမည့်ရက်စွဲက ကိုယ်လျှောက်ထားတဲ့ ဗီဇာအမျိုးအစားနဲ့ ကိုက်ညီရဲ့လားဆိုတာ သေချာစစ်ပါ။
၃။ ချက်ချင်းအကြောင်းကြားပါ: ရက်စွဲမှားနေတာ တွေ့ရင် အရာရှိကို ချက်ချင်းပြောပါ။ လေဆိပ်ကောင်တာမှာတင် ပြင်ခိုင်းတာက အလွယ်ကူဆုံးနဲ့ အမြန်ဆုံးပါပဲ။
"ကိုယ့်ရဲ့ ခရီးစဉ်လေး အဆင်ပြေချောမွေ့ဖို့ ကိုယ်တိုင်လည်း သတိထား စစ်ဆေးကြပါဦးနော်။"
ခရီးစဉ်တွေနဲ့ ပတ်သက်လို့ အမြဲတမ်း အဆင်ပြေချောမွေ့စေဖို့ Paris Travel က အမြဲတမ်း သတင်းကောင်းလေးတွေ မျှဝေပေးနေမှာပါ။ ✨
👇 ခရီးစဉ်နဲ့ ဗီဇာကိစ္စများအတွက် Paris Travel သို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်လိုက်ပါ
📞 Myanmar Contact: 09 753 506 290
📞 Thai Contact: 06 1980 0471
22/04/2026
🙏 ဘာသာမရွေး သာသနာ့ဝန်ထမ်းများအတွက် Paris Travel ၏ အထူးကုသိုလ်ပြု အစီအစဉ် ✨
လောကအကျိုး၊ သာသနာ့အကျိုးကို သယ်ပိုးဆောင်ရွက်နေကြတဲ့ ရဟန်းသံဃာတွေ၊ သီလရှင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ခရီးသွားတဲ့အခါ... ကျွန်တော်တို့ရဲ့ လုပ်အားနဲ့ အချိန်ကို ကုသိုလ်အဖြစ် ပါဝင်ခွင့်တောင်းပါရစေ။
🌟 ဝန်ဆောင်ခ (Service Fee) လုံးဝ ကင်းလွတ်ခွင့်
Paris Travel အနေဖြင့် ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များနှင့် သီလရှင်များသာမက၊ မည်သည့်ဘာသာကိုမဆို သာသနာ့ဝန်ထမ်းများ ခရီးသွားလာရာတွင် လိုအပ်သော ဗီဇာလျှောက်ထားခြင်းနှင့် ခရီးစဉ်ဝန်ဆောင်မှုများအတွက် ဝန်ဆောင်ခ (Service Fee) လုံးဝ (လုံးဝ) ယူမည်မဟုတ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
ဘာကြောင့် ဒီလိုလုပ်ရတာလဲ?
သာသနာ့ဝန်ထမ်းများ ကျန်းမာရေးအတွက် ခရီးသွားခြင်း၊ ပညာသင်ကြားရန် သွားရောက်ခြင်းနှင့် သာသနာပြုခရီးစဉ်များအတွက် ကျွန်တော်တို့၏ လုပ်အားနှင့် ဝန်ဆောင်မှုကို "ကုသိုလ်ဒါန" အဖြစ် လှူဒါန်းခြင်း ဖြစ်ပါသည်။ (သံရုံးသွင်းကြေးနှင့် လေယာဉ်လက်မှတ် ကုန်ကျစရိတ်ကိုသာ ကျခံရန် လိုအပ်ပါသည်။)
🤝 ကုသိုလ်မျှဝေပေးကြပါ
ဒီပို့စ်လေးကို ဖတ်မိတဲ့ မိတ်ဆွေများအနေနဲ့ မိမိတို့ ကိုးကွယ်ဆည်းကပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးအဖွဲ့အစည်းများမှ ဆရာတော်၊ သီလရှင်များ ထိုင်းနိုင်ငံသို့ ခရီးသွားရန် (သို့မဟုတ်) ဗီဇာကိစ္စများ လိုအပ်လာပါက အခမဲ့ ဝန်ဆောင်မှုရယူနိုင်ရန် ဒီပို့စ်လေးကို Share ပြုလုပ်ပြီး ကုသိုလ်မျှဝေပေးကြပါဦးခင်ဗျာ။
12/04/2026
သင်္ကြန်ရုံးပိတ်ရက်ကြေငြာခြင်း🙏
ရုံးပိတ်ရက်အတွင်း အွန်လိုင်းမှ တဆင့်ဝန်ဆောင်မှုယူချင်တယ်ဆိုရင်-
☎️ 09 753 506 290 သို့မဟုတ်
☎️ +666 19 800 471 သို့မဟုတ်
✉️ [email protected] သို့မဟုတ်
Page Messenger မှ တဆင့် ဆက်သွယ်နိုင်ပါတယ်...
📞Thai Contact - 06-1980-0471
📞Myanmar Contact - 09 753 506 290
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Latha Township
Yangon
Opening Hours
| Monday | 08:30 - 06:00 |
| Tuesday | 08:30 - 06:00 |
| Wednesday | 08:30 - 18:30 |
| Thursday | 08:30 - 18:30 |
| Friday | 08:30 - 18:30 |
| Saturday | 08:30 - 18:30 |