U Zin Lin Aung- Legal Service
04/02/2026
ဂရန်ခွဲစိတ်ဝယ်ယူမည့်သူများ သတိထားရမည့် အချက်[ ၁ ] ချက်
=========================================
ဂရန်မြေ ခွဲစိတ် ပေ (၄၀×၆၀) မှ ပေ (၂၀×၆၀) ခွဲစိတ်ဝယ်ယူမည့်သူများ-
မိတ်ဆွေတစ်ဦးက ဂရန်ခွဲစိတ်ဝယ်ယူမှာမို့ ဆရာရေ လာရောက်ဆောင်ရွက်ပေးရန် ဖုန်းဆက်လာပါသဖြင့် အရောင်းအဝယ်ပြုလုပ်မည့် ဝင်းမြေဆီသို့ ပုဂံလုံးစီး ၍ အမြန်ဆုံး နှင်းမောင်းလိုက်ပါတော့တယ်။
အဲ့ရောက်တော့ ရောင်းသူ/ဝယ်သူ နှင့် အကျိုးဆောင်များမှ ခရီးစီးကြိုကြကာ စကားစမြည်းလေးတွေပြော၍ စာရွက်စာတမ်းများ စစ်လိုက်ပါတော့တယ်။
ပြသနာက အခုမှစတွေ့တော့တယ် ဂရန်စာရွက်ပေါ်မှာက ပေ (၄၀×၆၀) စတုရန်ပေ (၂၄၀၀) ပေါ့။ သို့သော် မြေပြင်မှာက ပေ (၄၃× ၆၀) ဖြစ်နေပြီး အဲ့ထဲမှ ပေ (၂၀× ၆၀) ခွဲရောင်းပါမည်။ ပိုနေတဲ့ ၃ ပေ သည် BDS ခေါ် လမ်းကြားမြေ (စည် ပင်ပိုင်) မြေဖြစ်နေပါတယ်။ ယင်း ၃ ပေ အပါအဝင် ပေ (၂၃ × ၆၀) ပေါ်မှာ ခိုင် မာတဲ့ အဆောက်အဦ ဆောက်ထားတာ တွေ့ရှိထားပြီး တစ်ခြမ်းဖြစ်သည့် ပေ (၂၀ × ၆၀) အား အရောင်းအဝယ်ပြုလုပ်ကြပါမည်။
စာရွက်စာတမ်းနှင့် ပိုင်ဆိုင်မူကလည်း ကင်းရှင်းပါသော်လည်း အရောင်းအဝယ်တော့ အထ မမြောက်ဖြစ်၊ ပွဲပျက်သွားတယ် ခေါ်ပါတော့။ ဘာကြောင့်လဲ ဆိုတော့------
BDS လမ်းကြားမြေ/ စည်ပင်ပိုင်မြေ ၃ ပေပေါ်မှာ ခိုင်မှာသည့် အဆောက်အဦ ဆောက်လုပ်ထားသဖြင့် မိမိအမည်ပေါက်ရရှိဖို့ရန် ဂရန်ခွဲပြုလုပ်သည့်အချိန်မှာ အရမ်းခက်ခဲသွားပါမည်။
- ယင်း ၃ ပေအား ရောင်းချသူမှ မြေပိုအနေဖြင့် လျှောက်မှာလား။ (သို့မဟုတ်)
- ၃ ပေပေါ်တွင် ဆောက်ထားတဲ့ အဆောက်အဦကို ဖျက်ပေးမှာလား။
အထက်ပါ အချက် ၂ ချက်အား ရောင်းသူက မဆောင်ရွက်ပေးနိုင်ရင် ဂရန်ခွဲစိတ်ပြုလုပ်ရန်အတွက် တိုင်းခွဲ/ ဦးပိုင်ခွဲစိတ်အဆင့်မှာပင် ရပ်စဲနေလိမ့်မည့် ရှေ့ဆက် ရန် အလားအလားမရှိတော့ပါ။
စာဖတ်မိတ်ဆွေများ ကျန်းမာရွှင်လန်းကြပါစေ🙏
🚫Pls Do Not Copy🚫
ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417
#ဂရန်မြေ
#အိမ်ခြံမြေ
#ဂရန်ခွဲစိတ်
02/02/2026
နူတ်ကျန်ဂရန် ဝယ်မည်ဆိုပါက သတိထား-
===========================
(၂) ပူးတွဲပိုင် ဂရန်မြေကို အပြန်အလှန်စွန့်လွှတ်စာချုပ်ပြုလုပ်ကြပြီး တစ်ဖက် သတ် ဂရန်ခွဲထွက်သွားမည်ဆိုပါက ကျန်တဲ့အခြမ်းသည် "နူတ်ကျန်ဂရန်"လို့ ဆို ရပေမည်။
ပေ (၄၀×၆၀) ဂရန်မြေအား A နှင့် B သည် ပူးတွဲပိုင်ဆိုင်ထားပါစို့။
ပေ (၂၀×၆၀) စီ ခွဲကြမည်ဆိုပါက A ကလည်း B ရယူမည့်အခြမ်းဘက်ကို စွန့်လွှတ်ရပေမည်။ ထိုနည်းတူစွာ B ကလည်း A ရယူမည့်အခြမ်းဘက်ကို စွန့်လွှတ်ရပေမည်။ ဒါ့ကြောင့် အပြန်အလှန်စွန့်လွှတ်စာချုပ် ချုပ်ဆိုရမည်။
ယင်းစွန့်လွှတ်စာချုပ် ချုပ်ဆိုပြီးနောက် A နှင့် B (၂) ဦးတစ်ပြိုင်တည်း ဂရန်ခွဲထွက်မပြုလုပ်ဘဲ A ဆိုတဲ့ တစ်ဦးက ဂရန်ခွဲထွက်မည်ဆိုပါက ယင်းလူသည် ပေ (၂၀×၆၀) ဆိုတဲ့ ဂရန်ခွဲ စာအုပ်အသစ် တစ်အုပ်ရရှိသွားပါမည်။
ကျန်ရှိ B မှာတော့ မူလဂရန်စာအုပ်ပဲကျန်ရှိခဲ့ပြီး ယင်းစာအုပ်၏ ပထမစာမျက် နှာတွင် မင်နီဖြင့် ကန့်လန့်ဖြတ်ရေးသားမှတ်သားထားသည်မှာ---
[ A၊ B နှစ်ဦးတို့အနက်မှ အမည်ပေါက်တစ်ဦးဖြစ်သည့် B ထံမှ စွန့်လွှတ်စာချူပ်ကို့ အထောက်အထားပြု၍ A အမည်ဖြင့် ပေ (၂၀×၆၀) အား မြေကွက်အမှတ် (၁၂၁၄/ က) ဖြင့် ဂရန်ခွဲထုတ်ပေးပြီး ဖြစ်ပါသဖြင့်...(မူလအမည်ပေါက် A၊ B အမည်ဖြင့် ကျန်ဧရိယာ ပေ (၂၀×၆၀) အား မြေကွက်အမှတ် (၁၂၁၄/ခ) ဖြင့် ကျန်ရှိပါသည်)။ ]
အဆိုပါ နူတ်ကျန်ဂရန် ပေ (၂၀×၆၀) သည် A၊ B အမည်ဖြင့် ဆက်လက်ကျန်ရှိနေသေးကြောင်း ထင်ရှားမြင်သာပါသည်။
ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417
🚫 Pls Do Not Copy 🚫
#နူတ်ကျန်ဂရန်
#ဂရန်မြေ
#အိမ်ခြံမြေ
24/12/2025
#ဂရန်ဂတုံး ဝယ်ယူပြီး အမည်ပြောင်းရန်နည်းလမ်း
================================
အရပ်စာချုပ်ဖြင့်ဝယ်ယူထားသည့်ဂရန်မြေက ဂရန်ဂတုံး [အမည်ပေါက်ပိုင်ရှင် သေဆုံး/ ရှာမရ (သို့) ၎င်း၏ အမွေဆက်ခံသူများက ဆောင်ရွက်ပေးရန် ငြင်း ဆန်] ပါက ဝယ်ယူသူ အမည်ပေါက်ရရှိအောင် ဆောင်ရွက်ရန် နည်းလမ်းက တော့....
တရားရုံး၏ အနိုင်ဒီကရီရရှိမှသာ ဆောင်ရွက်လို့ရမည်ဆိုတာ လူတိုင်းနီးပါသိရှိလောက်ပါပြီ။ သို့သော် ထိုသို့ ဆောင်ရွက်ရန် နည်းလမ်းအား မသိသေးသူများအတွက် မျှဝေပေးသွားပါမယ်----------
မိမိဝယ်ယူထားသည့် အိမ်ခြံမြေအား အရပ် အရောင်းအဝယ် ကတိစာချုပ်ချုပ်ဆိုပြီး လက်ဝယ်ရှိရုံမျှဖြင့် တရားရုံးတွင် မိမိပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာပေးစေလိုမှု စွဲဆိုလို့မရပါဘူး။
အရပ် အရောင်းအဝယ်ကတိစာချုပ်ချုပ်ဆိုပြီးနောက် ရောင်းသူက ရောင်းချခြင်းကို အပြီးတိုင် မှတ်ပုံတင်စာချုပ် ချုပ်ဆိုမပေးပါက သီးခြားသက်သာခွင့် အက်ဥဒေပုဒ်မ ၁၂ အရ ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေလိုမှုစွဲဆိုရပါမည်။
ထိုသို့ အမှုစွဲဆိုပါက ဂရန်အမည်ပေါက်သူထံမှ အရပ်စာချုပ်ဖြင့် ရောင်းချသူ များကိုလည်း တရားပြိုင်ထဲ ထည့်စွဲဆိုရပါတယ်။
[ မှတ်ချက်- အမည်ပေါက်ပိုင်ရှင်နှင့် ချုပ်ဆိုသည့် စာချုပ်တွင် ဝယ်ယူသူ (သို့) ဝယ်ယူသူ၏ ညွှန်ပြပြောဆိုသူ အလိုရှိသည့်အချိန်တွင် အရောင်းအဝယ်စာချုပ်အား မှတ်ပုံတင်စာချုပ်ပြုလုပ်ဆောင်ရွက်ပေးရပါမည်ဟု ကတိကဝတ် စကားရပ်အား ထည့်သွင်းဖော်ပြချုပ်ဆိုထားသင့်ပါတယ်။]
သီးခြား ၁၂ နှင့် ၄၂ ခြားနာပုံ
===================
အရောင်းအဝယ်ကတိစာချုပ် ချုပ်ဆိုထားရုံမျှဖြင့် ရောင်းချခြင်း မပြီးမြောက်သေးပါ။
အရောင်းအဝယ် အရပ်ကတိစာချုပ်ချုပ်ဆိုပြီးနောက် ရောင်းချသူက ရောင်းချခြင်းကို အပြီးတိုင် မှတ်ပုံတင်စာချုပ် ချုပ်ဆိုမပေးပါက သီးခြားသက် သာခွင့် အက်ဥဒေပုဒ်မ ၁၂ အရ ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှုနှင့် စွဲဆိုရပါမည်။
(ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာပေးစေလိုမှု မစွဲဆိုနိုင်ပါ။)
သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၄၂ အရ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေ ညာပေးစေလိုမှုတွင် ပိုင်ရှင်ဘဝ ရောက်မှသာလျှင် မြွက်ဟကြေညာပေးလို့ရမည် ဖြစ်ပါသည်။
*အရောင်းအဝယ် ကတိစာချုပ်ချုပ်ဆိုပြီး လက်ဝယ်ရှိရုံမျှဖြင့် တရားရုံးတွင် မိမိပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာပေးစေလိုမှု စွဲဆိုနိုင်ခွင့်မရှိပါ။ ၁၉၈၁၊ မတစ၊ စာ- ၁၂၅ တွင် ဆုံးဖြတ်ထားပါသည်။
🚫 Pls Do Not Copy🚫
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ🙏
ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှု လုပ်ငန်း
09 986 252 417
#အိမ်ခြံမြေ
#တိုက်ခန်း
#ဂရန်မြေ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |