Basic Nursing Online Class
20/10/2021
(ဂါဘာပန်တင်) 100/300mg ဆေးဝါးအကြောင်း
အတတ်ရောဂါကု ဆေးတစ်မျိုးဖြစ်ပါသည်..
အာရုံကြောအနာသက်သာစေသော ဆေးအဖြစ်အသုံးပြုကြသည်...
ဆေးညွှန်းနှင့် အသုံးပြုပုံ
ဝက်ရူးပြန်ရောဂါအတွက် -
စားဆေး တစ်နေ့ (၃၀၀) မီလီဂရမ် မှ (၂၄၀၀) မီလီဂရမ်ကို (၃) ကြိမ်ခွဲပေးရသည်။
တစ်နေ့ (၂၄၀၀) မီလီဂရမ်ထက် မပိုရပါ။
အာရုံကြောအနာများအတွက် -
စားဆေး တစ်နေ့ (၁၀၀) မီလီဂရမ်မှ (၁၈၀၀) မီလီဂရမ်ကို (၃) ကြိမ်ခွဲပေးရသည်။
တစ်နေ့ (၁၈၀၀) မီလီ ရမ်ထက်မပိုရပါ။
သတိပြုရန်
ဆေးမတည့်တာဖြစ်တတ် ပြီး
စိတ်ရောဂါ ရာဇဝင်ရှိသူများ ဆရာဝန်ဖြင်.တိုင်ပင်ကာညွန်ကြားချက်အတိုင်းသောက်သင်.သည်..
အလွန်အမင်း အိပ်ငိုက်တတ်၍ ကားမောင်းရန်၊ စက်ယန္တရားကြီးများမောင်းရန် မသင့်တော်ပါ..
အရက်သောက်ထားလျှင် ဆိုးကျိုး ပိုများပါသည်။
ဆေးကိုရုတ်တရက်မရပ်ရပါ။
သွေးချို ဆီးချို ရောဂါရှိသူများ သတိဖြင့် သုံးစွဲသင့်ပါသည်။
သက်ကြီးရွယ်အိုများ၊ နှင့် ကျောက်ကပ်အားလျော့သူများတွင် ဆေးချိန်လျှော့ရပါမည်။
ကိုယ်ဝန်ဆောင်များ သန္ဓေသားထိခိုက်မှုရှိသဖြင်.
သက်ဆိုင်ရာဆရာဝန် ညွန်ကြားချက် ဖြင်.သာသောက်ကမည်ဖြစ်သည်...
ဘေးထွက်ဆိုးကျိုးများ
အိပ်ငိုက်ခြင်း၊ နုံးခြင်း၊
ခေါင်းနောက်ခြင်း၊ တအားအိပ်ခြင်း
စိုးရိမ်စိတ်များခြင်း၊ သတိမေ့ခြင်း ၊
ခြေလက်တုန်ခြင်း၊ ထုံကျဉ်ခြင်း ၊
ခြေလက်မသယ်ချင်ဖြစ်ခြင်း၊
တွေးခေါ်ပုံမူမမှန်ခြင်း၊ စိတ်ခံစားမှု ပြောင်းလဲလွယ်ခြင်း၊ စိတ်လှုပ်ရှားတက်ကြွလွန်းခြင်း၊ မျက်စိမှုန်ခြင်း၊
တို.ဖြစ်စေတတ်သည်...
စျေးကွက်ထဲရှိအလားတူဆေးများ
Gabantin, Gabix, Neurontin စတဲ့ အမည်တွေနဲ့ စျေးကွက်ထဲမှာ ရှိပါတယ်။
ဆေးပညာဗဟုသုတများ ဆေးဝါးဗဟုသုတများရရှိကြပါစေခင်မျာ🙏
Like & Sharing နိုင်ပါသည်..
Nursing Online Class
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon