Moe Pyae Pyae Kyaw Book Shop
04/07/2026
🎉"ဓမ္မဒါန"🎉
🎉ကုသိုလ်အစီအစဉ်လေးပါတင်ပြအပ်ပါသည်🎉
မင်္ဂလာပါခင်ဗျာ။ Moe Pyae Pyae Kyaw Book Shop သည် ဆရာတော်ဘုရားကြီး၏သုတဓမ္မဒီပလိုမာ(စာမေးပွဲ) ပြန့်ပွားရေးကို အစဉ်တစ်စိုက် အထူး အလေးထားဆောင်ရွက်ခဲ့ပါသည်။ယခုအခါမှာလဲ ဓမ္မဒါန အလှူရှင်များ စုပေါင်းပြီး အလွန်မွန်မြတ်သည့် ဓမ္မပညာဒါန အလှူလေးတစ်ခုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
#သုတဓမ္မဒီပလိုမာ (Level 1) စာမေးပွဲကိုယခုမှစတင် ဖြေဆိုရန် အခက်အခဲရှိနေသည့် ရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာကြီး/ဆရာလေးများအတွက် ရည်ရွယ်၍🙏🙏🙏
၁။ Online Registration Fees(ဖေါင်တင်ကြေး)
၂။ ပြဌာန်းစာအုပ်
၃။ အမေးအဖြေ စာအုပ်(ဆရာကြီးဦးစိန်ဦး)
၄။ အနှစ်ချုပ် စာအုပ်(အရှင်သီလာစာရ)
(စုစုပေါင်း စာအုပ် (၃) မျိုး) တို့ကို လှူဒါန်းပေးသွားမည် ဖြစ်ပါသည်။
ယခုကဲ့သို့ သုတဓမ္မဒီပလိုမာသင်ယူ လေ့လာရန် အခက်အခဲရှိနေသူများအား အဆင်ပြေစေရန်အတွက် -
Moe Pyae Pyae Kyaw book shop (မိသားစု)မှ (၁၀)ပါးစာ ၂၀၀,၀၀၀ ကျပ်အား မတည်လှူဒါန်းသွားမှာဖြစ်ပါတယ်ခင်ဗျာ🙏🙏🙏
✅မခင်စုစု(ရှားမိန်းရပ်) မှ (၁)ပါး စာအတွက် ၂၀၀၀၀ ကျပ် လှူဒါန်းပါသည်။
✅ဦးအောင်ဝင်း+ဒေါ်တင်မေရီ(ကျိုက်ထိုမြို့) မှ (၃)ပါး စာအတွက် ၆၀၀၀၀ ကျပ်လှူဒါန်းပါသည်။
✅မနွယ်နွယ်လွင် မှ (၁)ပါးစာအတွက် ၂၀၀၀၀ ကျပ်လှူဒါန်းပါသည်။
✅ဒေါက်တာအေးချမ်းသာမိသားစု (ရန်ကုန်မြို့)မှ (၅)ပါး စာအတွက် ၁၀၀၀၀၀ကျပ်လှူဒါန်းပါသည်။
✅ရွှေဝါထွန်း မှ (၁)ပါးစာအတွက် ၂၀၀၀၀ကျပ်လှူဒါန်းပါသည်။
✅မဖူးပွင့်နေခြည်မှ (၁)ပါးစာအတွက် ၂၀၀၀၀ကျပ်လှူဒါန်းပါသည်။
✅အလှူခံလိုသော ရဟန်းသံဃာနှင့် သီလရှင်များသည် ဆိုင်သို့ဆက်သွယ် အလှူခံနိုင်ပါသည်ခင်ဗျာ🙏🙏🙏
✅အလှူ ဖြစ်မြောက်အောင်ကုသိုလ်ပါဝင်ကူညီကြပါ သော မသိမ့်မမ Jenny Idea Jennings အား ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။
✅ ရဟန်းသံဃာ/သီလရှင် တစ်ပါးစာအတွက်
ဓမ္မဒါန လှူဒါန်းငွေ (၂၀,၀၀၀) ကျပ်နှုန်းဖြင့် ဓမ္မဒါန ကုသိုလ်အဖြစ် ပါဝင်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။
✅ရဟန်းသံဃာ/သီလရှင်ဆရာကြီး/ဆရာလေး များအတွက် တစ်ဖက်တစ်လမ်းမှ မိမိတို့ တတ်နိုင်သမျှ ပါဝင်လှူဒါန်းခြင်းဖြင့် သာသနာ့ အမွေကို အတူတကွ ပံ့ပိုးပေးနိုင်ကြပါတယ်။
✅လှူဒါန်းလိုပါက🤝🤝🤝
[ဖုန်းနံပါတ်09254112257/09250083288] သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
အားလုံးပဲ မိမိတို့ ပြုသမျှ ကုသိုလ်ကောင်းမှု အစုစုကို အမျှပေးဝေအပ်ပြီး သာဓု ခေါ်ဆိုနိုင်ကြပါစေခင်ဗျာ။ 🙏📖✨
#ပညာဒါန #ဓမ္မဒါန #သုတဓမ္မဒီပလိုမာ #ကုသိုလ်တိုး၍ပြုနိုင်ကြပါစေ🙏🙏🙏
14/06/2026
ပညာဘူမိတက္ကသိုလ် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပခဲ့သည့် သုတဓမ္မစာမေးပွဲ စာဖြေသူများထံမှ တိုးတက်လာသည့်တရားအသိများ၊ ဆရာတော်ဘုရားကြီးထံ လျှောက်ထားလိုသည်များ၊ တက္ကသိုလ်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကြံပြုချက်များ ကို တက္ကသိုလ် အဓိပတိ ဆရာတော်ဘုရားထံ ဆပ်ကပ် ခဲ့ရာ
ဆရာတော်ဘုရားကြီးမှ ဒီလို feedback တွေ ကောက်ယူတာဟာ အင်မတန်ကောင်းတယ်၊ ဘယ်တရားကြောင့် ဘယ်လို အသိတွေ ဘဝ အမြင်တွေပြောင်းသွားတယ်ဆိုတာ ကို တူရာတွေ စုပြီး သုတေသန တောင်လုပ်သင့်တယ်
ဘယ်တရားက ဘယ်အတိုင်းအတာထိအောင်ထိရောက်မှုရှိတယ် ဆိုတာ လေ့လာ ရမယ်
ဒီလို တိုးတက်လာတဲ့ ဓမ္မအသိတွေဟာ Power Of Dhamma တွေပဲဟုဆရာတော်ဘုရားမှ မိန့်တော်မူ ပါသည်။
ထို့အပြင် feedback report ဆပ်ကပ်သူ မှ “ဆရာတော်ဘုရား ….Level 1 ဖြေဆိုသူတွေထဲမှာပင် တရား အလင်း ဉာဏ် ပညာ ထိုးထွင်းရှင်းလင်း သိမြင် သွားသည့် ပုဂ္ဂိုလ်များ ရှိနေတာ ကို တွေ့မြင်မိကြောင်း level မြင့်မှ တရားမြင့်မယ်ဟု ယခင်က ထင်မြင်မိခဲ့ဖူးကြောင်း”
လျှောက်ထားရာ ဆရာတော်ကြီးမှ
သုတဓမ္မတွင်ပြဌာန်းထားသည့် ဓမ္မများ သည် “ တရား က အမှန်က အဆင့်လိုက်မဟုတ်ဘူး….တရား က အကုန်လုံး အမြင့်တွေချည်းပဲ အလွယ်ကနေ ခက်သွားတဲ့ step by step မဟုတ်ဘူး”….ဟု မိန့်ကြား မှတ်ချက်ပြုခဲ့ပါသည်။
🙏🙏🙏
Credit to University of Wisdom Land
#အောင်မြင်စွာဖြေဆိုနိုင်ကြပါစေ
Moe Pyae Pyae Kyaw Book Shop
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No(68), 7 Street, Lanmadaw Township
Yangon
11131