CHEIK

CHEIK

Share

25/03/2026

Sold out

ရခိုင်ချိတ်လေးတွေကိုရောင်းတော့မယ်ဆိုတော့
ဘယ်လိုစတင်ခဲ့လဲရှာဖတ်မိတယ်
အာ့တော့ဒီကာလအလွယ်ဆုံးက AI ပေါ့ ဒါနဲ့သူ့သွားမေးတော့ သူပြန်ပြောတာက

ရခိုင်ချိတ်ရဲ့ ရက်လုပ်မှုအတတ်ပညာဟာ ရှေးရခိုင်မင်းဆက်တွေရဲ့ နန်းတွင်းယဉ်ကျေးမှုကနေ ဆင်းသက်လာတာပီးရခိုင်ရာဇဝင်တွေအရ နန်းတွင်းသူတွေဟာ သူတို့ရဲ့ အဆင့်အတန်းအလိုက် ဒီဇိုင်းဆန်းတဲ့ ချိတ်ထမီတွေကို ရက်လုပ်ဝတ်ဆင်ခဲ့ကြပါတာတဲ့
အထူးသဖြင့် ရခိုင်ပြည်နယ်ရဲ့ ရာသီဥတုနဲ့ ကိုက်ညီအောင် အသားကျစ်ပြီး ခိုင်ခန့်တဲ့ ရက်လုပ်ပုံစံကို အသားပေးခဲ့ကြတာဆိုပဲ
ဒါကြောင့် ချိတ်ခြင်းအတူတူ ရခိုင်ချိတ်က ပိုရေလျော်ခံ အဝတ်ခံလားမသိ တွေးမိလိုက်တော့တယ်

ဒီဇိုင်းနှင့် အနုပညာ ပိုင်းမှာတော့
ရခိုင်ချိတ်ရဲ့ အဆင်တွေဟာ သဘာဝတရားကို အခြေခံတာများပီး
လှိုင်းတွန့်အဆင်ဟာရခိုင်ပြည်နယ်ဟာ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်တာကြောင့် ပင်လယ်လှိုင်းတံပိုးလေးတွေရဲ့ ပုံသဏ္ဌာန်ကို အခြေခံပြီး "ရခိုင်လှိုင်းချိတ်" တွေကို တီထွင်ခဲ့ကြတယ်တဲ့
အမရပူကထွက်တဲ့ ချိတ်လိုင်းလေးတွေကတော့
ဧရာဝတီမြစ်ရဲ့ လှိုင်းပုံစံလေးတွေတဲ့ ဒါက လွန်းရာကျော်အကြောင်းဖတ်တုန်းက သိခဲ့တာလေးပေါ့

• ချိတ်မှာပါတဲ့ကနုတ်နှင့် ပန်းနွယ် တွေကတော့စေတီပုထိုးတွေက ကနုတ်ပန်းလက်ရာတွေကို အတုယူပြီး ရက်လုပ်ထားတာတဲ့လေ
ယနေ့ခေတ်ချိတ်ဒီဇိုင်းထွင်ကြတဲ့သူတွေလည်း
အာ့လိုလေ့လာကြတာပေါ့ ဒါကြောင့် နံံရံဆေးရေးပန်းချီနဲ့ ပန်းဆယ်မျိုးထဲက ပန်းတွေရဲ့ လက်ရာတွေကလည်း ထိန်းသိမ်းသင့်တာလေနော် အာ့လိုထိမ်းသိမ်းနိုင်လေ ရှေးကျတဲ့လက်ရာတွေနဲ့ယနေ့ခေတ်လက်ယာတွေပေါင်းစပ်ပီး ပိုလှပိုဆန်းသစ်တဲ့ မြန်မာ့ချိတ်ထမီအသစ်အသစ်တွေတည်ထွင်နိုင်မှာပေါ့ ကဲ ရခိုင်ချိတ်အကြောင်း ဆက်လိုက်အုံးမယ်နော်

• အရောင်အသွေးပိုင်းအနေနဲ့ကတော့ ရခိုင်ချိတ်တွေဟာ များသောအားဖြင့် အရောင်ရင့်ရင့် (ဥပမာ - အစိမ်းရင့်၊ အနီရင့်၊ ခရမ်းရင့်) တွေကို အောက်ခံထားပြီး ခန့်ညားထည်ဝါမှုကို ဖော်ဆောင်လေ့ရှိပါတယ်။
ဒါလည်းကိုယ့်အကြ်ုက်ဖြစ်ရတဲ့ အကြောင်းတစ်ခုပေါ့ အလုပ်ထဲတုန်းက ကိုယ်ကရခိုင်ချိတ်တွေဝတ်ခဲ့တာများတယ်
ရခိုင်လက်ယက်ထည်တွေရဲ့အားသာချက်ကတော့
အသားကျစ်ပီးခိုင်ခံ့ကာရေလျော်ရတာအဆင်ပြေတာပါပဲ
ကဲ ဒီနေ့ရဲ့ အဓိက အပိုင်းပေါ့နော်
ရခိုင်ချိတ်အကြောင်းပြောအပီးမှာတော့
ရခိုင်ချိတ်ပုံစံလက်ယက်ထည်ချိတ်ထမီလေးကို 100% cotton သဘာဝချည်သားစစ်စစ် အခြစ်အဆင်ကိုမှ အဖွားတို့ခေတ်ကပုံစံလေးချုပိထားတဲ့ ရင်ဖုံးလေးနဲ့တွဲပေးထားပါတယ်ရှင့်
စိမ်းစိုအေးချမ်းပီး တည်ငြိမ်တဲ့အလှတရားအတွက်ဆိုရင်တော့ ဒီအတွဲအစပ်လေးက
အသင့်တော်ဆုံးပေါ့ရှင့်

ချည်ခြစ်ရင်ဖုံး_၂၇၅၀၀ (ရန်ကုန်ဖုံး)
ရခိုင်လက်ယက်ချိတ်-၃၇၀၀၀(မချုပ်ရသေး)

🚛Safe deli ရောက်သည်မြို့တိုင်းCOD ပို့ပေးပါတယ်ရှင့်
(ရခိုင်ချိတ်နဲ့ပါတ်သက်သောအချက်အလက်များသည် လေ့လာဖတ်ရှုထားချက်ကိုသာအခြေခံထားသည်မို့ လိုအပ်ချက်များရှိပါကနားလည်ပေးဖို့မေတ္တာရပ်ခံပါသည်ရှင့်)
#မြန်မာ့ချည်ထည်

25/03/2026

Sold out😘

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon