Coding_ForAll
06/03/2026
ကမ္ဘာပေါ်မှာ အကြီးဆုံးလို့ သတ်မှတ်ခံထားရတဲ့ LeakBase ဆိုတဲ့ Hacker Forum ကြီးကို FBI နဲ့ Europol တို့ ပူးပေါင်းပြီး အပြီးတိုင် သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း သတင်းထွက်လာပါတယ်။
ဒါဟာ သာမန် Website တစ်ခုကို ပိတ်လိုက်တာမျိုး မဟုတ်ဘဲ ၂၀၂၁ ခုနှစ်ကတည်းက တည်ရှိနေတဲ့ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုရဲ့ ဗဟိုချက်ကို ဖြိုခွင်းလိုက်တာပါ။ အခုဆိုရင် အဲဒီ Forum ရဲ့ Domain ကို ဝင်ကြည့်ရင် FBI ရဲ့ သိမ်းဆည်းခံရကြောင်း စာတန်းကြီးကိုပဲ မြင်ရတော့မှာပါ။
LeakBase ဆိုတာ ဘာလဲဆိုတာ အရင်သိဖို့ လိုပါတယ်။ သူက Hacker တွေ စုဝေးပြီး ခိုးယူထားတဲ့ Password တွေ၊ Hacking Tools တွေနဲ့ User Data တွေကို ရောင်းဝယ်ဖောက်ကားတဲ့ နေရာတစ်ခုပါ။
အဖွဲ့ဝင်ပေါင်း ၁၄၂,၀၀၀ ကျော်ရှိပြီး Message ပေါင်း နှစ်သိန်းကျော် အပြန်အလှန် ပေးပို့ထားတဲ့ မှတ်တမ်းတွေ ရှိပါတယ်။ အဓိကကတော့ တခြား Website တွေကနေ ပေါက်ကြားသွားတဲ့ Database တွေကို စုဆောင်းထားပြီး တစ်ဆင့်ပြန်ရောင်းတာမျိုးပါ။
နည်းပညာပိုင်းအရ ကြည့်မယ်ဆိုရင် ဒီ Forum ဟာ သာမန် Credential တွေတင်မကဘဲ Credit Card နံပါတ်တွေ၊ ဘဏ်အကောင့် အချက်အလက်တွေနဲ့ Routing Info တွေကိုပါ Archive လုပ်ထားတာပါ။
Hacker တွေဟာ ဒီအချက်အလက်တွေကို သုံးပြီး လူတွေရဲ့ Crypto Wallet တွေထဲကို ဖောက်ထွင်းဝင်ရောက်တာ၊ Identity Theft လုပ်တာမျိုးတွေအတွက် အဓိက အားကိုးရာ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။
အခု သိမ်းဆည်းမှုမှာ ထူးခြားတာက Website ကို ပိတ်လိုက်ရုံတင် မဟုတ်ဘဲ Forum ရဲ့ Database တစ်ခုလုံးကို ရဲတပ်ဖွဲ့က လက်ဝယ်ရရှိသွားတာပါ။ ဆိုလိုတာကတော့ ဘယ်သူတွေက ဘယ်သူ့ဆီကနေ ဘာတွေဝယ်ခဲ့လဲ၊ ဘယ်သူတွေက ဘာတွေရောင်းခဲ့လဲဆိုတဲ့ Private Message တွေနဲ့ IP Log တွေ အားလုံးဟာ အခု ရဲလက်ထဲမှာ ရှိနေပါပြီ။ သံသယရှိသူ ၃၃ ဦးကို စစ်ဆေးနေပြီး ထိပ်တန်း Hacker ၁၃ ဦးကိုလည်း ချက်ချင်း ဖမ်းဆီးလိုက်နိုင်ပြီ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ အတော်လေး ကြီးမားနိုင်ပါတယ်။ Forum ထဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့ Hacker တွေတင်မကဘဲ သူတို့ဆီကနေ Tool တွေ ဝယ်ယူခဲ့တဲ့သူတွေပါ အိပ်ရေးပျက်ရတော့မှာပါ။ ရဲတပ်ဖွဲ့က ဒီအချက်အလက်တွေကို သုံးပြီး နောက်ထပ် ကွင်းဆက်မိအောင် လိုက်တော့မှာ သေချာသလောက် ရှိပါတယ်။
ဒီလို Forum မျိုးကို ပိတ်လိုက်ရုံနဲ့ Cyber Crime တွေ ရပ်တန့်သွားမှာတော့ မဟုတ်ပါဘူး။ တစ်ခုပျက်ရင် နောက်တစ်ခု ပေါ်လာမြဲဖြစ်ပေမဲ့ အခုလို ထိပ်တန်း Forum တစ်ခုကို အမြစ်ပြတ်အောင် ဖြိုခွင်းနိုင်တာကတော့ Hacker တွေကြားထဲမှာ တော်တော်လေးကို တုန်လှုပ်သွားစေပါတယ်။ Domain ကိုပါ သိမ်းယူလိုက်တာဟာ Hacker တွေအချင်းချင်း ဆက်သွယ်လို့မရအောင် လမ်းကြောင်းဖြတ်တောက်လိုက်တာလည်း ဖြစ်ပါတယ်။
ကိုယ့်ရဲ့ Personal အချက်အလက်တွေဟာ ကိုယ်မသိဘဲ အခုလို နေရာမျိုးတွေမှာ အရောင်းအဝယ် ဖြစ်နေနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။ နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်ပါစေ၊ လူသားတွေရဲ့ လောဘနဲ့ ပေါ့ဆမှုကို အရင်းပြုပြီး အမြတ်ထုတ်နေတဲ့သူတွေကတော့ အမှောင်ထဲမှာ ရှိနေဦးမှာပါ။
IT နယ်ပယ်အစုံကို ဒီကနေ လေ့လာနိုင်ပါတယ်။
https://www.facebook.com/share/p/1DtHVbg9k2/
Disclaimer: This post is intended for educational knowledge sharing . Our page does not engage in scams, fraud, or deceptive services.
Click here to claim your Sponsored Listing.
Category
Address
Yangon