TTZ JADE Selling

TTZ JADE Selling

Share

25/12/2022

Marry Christmas ဆောင်းရာသီ အေးချမ်းတဲ့ အချိန်အခါ မှာ ကျန်းမာ ချမ်းသာ ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ😊😊

Photos from TTZ JADE Selling 's post 19/12/2022

ကျောက်စိမ်းအကြောင်းပါ ၊ နဲနဲလေးများလို့ Save ထားလိုက်နော်။📖📖📖

ကျောက် စိမ်း လို့ ခေါ်တဲ့ကျောက် တွေဟာ တခု မကရှိတယ်။ကျောက် စိမ်း ရဲ့ဖြစ် တည် မှုဟာ တခု မက ရှိတယ်။

ကျောက် စိမ်း ဟာ တခြား ရတနာ အများ စုလို တွင်း ထွက် crystal တခု ထဲမဟုတ်တဲ့ အတွက် တတုံး ထဲမှာပဲ ဒီနား ကကျောက် စိမ်း၊ သူ နဲ့ကပ်ရက် ၁ စင် တီမီတာက ကျောက် စိမ်း မဟုတ် ဖြစ်နိုင်တယ်။( ဒါကို lab စစ်တဲ့နေရာမှာ ထည့် စဉ်းစား ရတယ်။)

ကျောက် စိမ်း ဟာ သူ့ နာမည်ထဲမှာ "စိမ်း" ပါ ပေမယ့်၊ တခြား အရောင် လည်း ရှိနိုင်တယ်။

အဲဒါ ကို မှ တရုတ် အခေါ်အဝေါ်၊ မြန်မာ အခေါ်အဝေါ်၊ ဒေသအခေါ်အဝေါ် တွေ ကလေ့လာသူတွေ၊ ရောင်း ဝယ်သူတွေကို ပို ပြီး မျက်စေ့ လည်၊ ရှုပ်ထွေး စေတယ်။

နာမည် တမျိုး တည်း ခေါ်ပေမယ့် ကျောက် က တမျိုး မကဖြစ် နိုင်တယ်။ ဥပမာ- ပလွန်- serpentine လည်း ဖြစ် နိုင် တယ်၊ albite လည်း ဖြစ်နိုင်တယ်။

ကျောက် စိမ်း လို့ ခေါ်ရတာ အဓိ က က သူ့ရံ ကျောက် သား က လက် ယှက်ထိုး လေး တွေ - ယမ်း- တွေနဲ့ ဖွဲ့စည်း ထား တယ်။ ယမ်း သား သေးလေ ၊ ကျောက် သား ကြည်လေ၊ပို တန်ဖိုး ရှိလေပေါ့။ ဒါပေမယ့် ဘာ ယမ်း မှမပါရင်တော့ အဲဒါကျောက်စိမ်း မဟုတ်တော့ဘူး။

မာဆင့် ကလည်း သူနဲ့အတူတွဲတွေ့တဲ့ ကျောက် တွေထက်ပိုမာတယ်။
သိပ်သည်း ဆ (အလေးချိန်) ကလည်း သူနဲ့ တွဲတွေ့ရတဲ့အရွယ်တူကျောက်တွေ ထက် ပိုလေး တယ်။

ဒါကြောင့်
ကျောက် သား၊
မာဆင့်
နှိုင်း ရအလေးချိန်
တွေကို လက် တွေ့ ချိန်ဆုံး ဖြတ် တတ် အောင် လေ့လာပါ။
ဒါ ဆိုရင် အကြမ်း ဖျင်း လောက် တော့ ကျောက် စိမ်း ကို ခွဲခြားနိုင်ပါလိမ့်မယ်။

ပညာရပ်နဲ့မဆိုင် သော ကျွန်နော့် ရဲ့အမြင်လေး ရေးချင်ပါတယ်။ သဘော ကွဲ လွဲ သူ တွေရှိနိုင်ပါတယ်။

တကယ်တော့ ကျောက် စိမ်း ကို အခွံကြည့် ရုံ နဲ့ အတိအကျ ပြော နိုင်တဲ့ပညာ၊
ကွမ်ချက်ကြည့် ပြီး အတိအကျပြောနိုင် တဲ့ပညာဆိုတာ မရှိပါဘူး။
နည်းနည်းတော့မှန်းလို့ရတာပေါ့။
တချပ်မှောက်ဖဲရိုက်သလိုပေါ့။
အတိအကျတော့ ဘယ်သူမှမသိဘူး။

အဲဒါဆို
ဘာ ဖြစ်လို့ကျောက်စိမ်းပညာလေ့လာသလဲဆိုရင် မဖြစ်နိုင်တဲ့ မိုက်မိုက် မဲမဲစွန့် စားမှုတွေ မလုပ်မိအောင်၊ သူများ ကြပ်ပေး တိုင်း မလုပ်မိအောင်ပေါ့။ ဥပမာ

ဖဲ ဝိုင်းမှာ ကျ နော် က တစ်ပူး၊
တစ် နှစ် လုံး ကတခြား နှစ်အိမ် မှာ၊
တစ် အိမ်က ၉ သုံး လုံး ပြနေတယ်၊
အဲဒါကို တစ်သုံး လုံး နဲ့ ၉ သုံး လုံး ကို စား မယ် ဆို ပြီး ကျွန် တော် လိုက် ရင် အရူးပေါ့။ ( ဖဲလော ကစကားတွေသုံး တဲ့အတွက် ခွင့် လွှတ်ပါ။ အဲဒီနှစ် ခု တော် တော် တူလို့ပါ။ )

ဒါကြောင့်ပြော ချင် တာ က ကျောက် စိမ်း မှာ ဘယ် လို ဖြစ်ရင် ဘယ်လို လုပ်မယ်၊ ဘယ်လိုလုပ်လိုက် ရင် သေချာပေါက် ဘယ်လိုအောင်မြင်မယ်လို့ ပြောတာဟာ၊ ဖဲမှာ ဘေးထိုင်စာဖတ်၊ ချဲမှာ အတိတ်စိမ်း ပေးတဲ့လူတွေထက်ဘာမှမပိုဘူး။ သူတို့ကို မေးကြည့် လိုက် ထိုး စရာပိုက်ဆံတောင်မရှိဘူး။ တကယ်လို့ ပေါက် သွားရင် လည်း ခဏပဲ။ ပြီးရင် မွဲတာပဲ။

အဲ ဒီ တော့ ကျောက် စိမ်း လုပ် ရာ မှာ risk အနည်း ဆုံးဖြစ်တဲ့ စျေး သင့်တဲ့အရိုင်း တွေဝယ်၊ လက်မှု ပညာတစ်ခု ခု နံ value added လုပ် ပြီး ရောင်း မယ် ဆို ရင် ရေ ရှည်တည်တံ့တဲ့ စီးပွား ရေး ကိုတည် ဆောက် ဖို့ ပိုသေချာနိုင်မယ်။

အဲ ကျာက် တွေ ဝယ် လိုက်၊ ဖြတ်လိုက်၊ အောင်လိုက်၊ မအောင်လိုက်၊ ဆို ရင် သူဟာ လောင်း ကစား.သဘော ဆန်တဲ့ အတွက် မွဲသွား နိုင်တဲ့ အန္တ ရယ် များ တယ်။

အရဲစွန့် ဖို့၊ မစွန့် ဖို့ပြော ခြင်း မဟုတ်ပါ။ ဖြစ် တတ် တဲ့ သဘာ ဝ၊ လုပ်ငန်းသဘောတရား များ ကို မျှဝေခြင်း ဖြစ်ပါ တယ်။ ဒါမှ သာ ကိုယ့် ဆုံးဖြတ် ချက်၊ အလုပ်၊ ရဲံ့ဖြစ်နိုင်ခြေ ရလဒ်တွေကို မှန်မှန် ကန်ကန် မျှော် လင့် ထား နိုင် မှာ ဖြစ်ပါတယ်။

ကျောက်စိမ်းအရိုင်းတုံး တလုံးကိုဘာတွေ့ကြည့်ပြီး၀ယ်မလဲ
-----------------------------------------------------------------(mmh)
(၁) ယမ်း ကိုကြည့်မယ်
ယမ်းကြမ်းလျင် အသားကြမ်းမယ် ယမ်းညက်ရင်အသားချောမယ် ယမ်းစိပ်ရင် အသားတင်းမယ် ယမ်းကြဲရင်ကျောက်သားပျော့မယ်
ယမ်းပြားကိုရှောင်
(၂) အခွံကိုကြည့်မယ်
မြေမှန်၊အမဲကြော(ကုန်းကျောက်)မှာ အခွံညက်ခြင်း၊အခွံရွခြင်း၊အခွညီခြင်ရှိလျင် အသားကောင်းသည်၊ အခွံကြပ်ခြင်း၊မညီခြင်း၊ချောခြင်းရှိလျင်

ကျောက်သားညံ့တတ်သည်
ရေခွံမှာ အခွံချောခြင်း၊အခွညက်ခြင်း၊အဆီရှိလျင် အသားကောင်းသည်၊ အခွံကြမ်းခြင်း၊ မညီညာခြင်းရှိလျင်ကျောက်သားညံ့သည်။
(၃) မန်းကိုကြည့်မယ်
ကောက်လျော့မန်းကိုရှောင် ရှင်းရောတဲ့အရေကိုရှောင် အပြာရိပ်ရှိသောအရေကိုရှောင်။အရေပွေး၊အရေပန်း၊အရေမန်း အားကောင်းလျင် အရည်၀င်နိင်သည်။
(၄) အထိုင်ကိုကြည့်မယ်
ကျောက်စိမ်းသည် ဖိအားမြင့်အသွင်ပြောင်းကျောက်ဖြစ်သဖြင့် ထောင့်ချိုးများရှိသောအထိုင်သည် ကျောက်သားကောင်းသည်။ကျောက်လုံး ကျောက်ပြားကိုရှောင်။
(၅) အဖျက်တွေကိုကြည့်မယ် (အဖျက်၃ခုအထက်ပါလျင် အဖျက်အားသည် ကျောက်၏ ၅ ပုံ ၁ပုံပါလျင် မ၀ယ်သင့်)
အနာ- မြင်းမြှီးရိုက်။၀က်မျှင်၊ယို့နာ၊မိုင်းဒါဏ်၊လျိုနာ
ရှင်း - ရှင်းစိမ်း၊ရှင်းမဲ၊ကပ်ရှင်း၊ဆိုက်ရှင်း။
အမဲရောင်အဖျက်များ - ငါးချိတ်၊ဖားမျက်စံ၊ဖြုတ်ချေး၊ခေ့၊မောက်သား။
ယမ်းဖျက်-ယင်ထောင်၊မာယား၊ခွေးရိုးထိုးယမ်းပြားများ ကိုရှောင်။
(၆) လုပ်ချက်ကိုကြည့်မယ်
ဆေးချက်ကျန်လား ၊ ကွမ်ရမှာလား ၊ ဖြတ်ရမှာလား၊ လုပ်ချက်မကျန်ရင် ဒီတိုင်းရောင်ခွင်လှလား။
(၇) စျေးကိုချင့်ချိန်မယ်
သူကဘယ်လောက်ရောင်းမှာလဲ အနည်းဆုံးစျေးဘယ်လောက်နဲ့ရောင်းမှာလဲ ကိုယ်က ဘယ်သူကိုပြန်ရောင်းမှာလဲ ဘယ်လိုင်းလဲ ကိုရမယ့်စျေးထက်တ၀က်ကျော်နည်းမှ၀ယ်(ထောင်မြင်မှရာစွန့်)
ချော်
----------
ချော်ဆိုသည်မှာ ကျောက်စိမ်းအရိုင်းတုံးပေါ်တွင် ရေညို့ကဲ့သို့ကပ်နေသော အမဲရောင်၊အညိုရောင်ုသံချေးရောင်၊မြင်းချေးအရောင် နှင့် မြေမှန်ကျောက်များတွင်တွေ့ရသော အနီရောင်ချော်များဖြစ်သည်။ချော်ဖြစ်ပေါ်လာပုံမှာ ရေညှိ့နှင့်ရွှံ့များများမှာသက်တမ်းကြာမြှင့်လာပြီးတဖြည်းဖြည်းချော်များအဖြစ်အသွင်ပြောင်းလာကြသည်။ချော်ကိုကြည့်ပြီးကျောက်၏သက်တမ်းကိုခန့်မှန်းနိင်သည် ။ချော်ထူပြီးဆေးကပ်မှုများသောကျောက်များမှာ သက်တမ်းနုပြီးကျောက်မျိုးမရနိင်ပါ။ချော်ပါးပြီးစီးကပ်မှုရှိသောချော်များမှာသက်တမ်းရင့်သည် ၄င်းချော်များကို အမဲရောင်(သပိတ်ချော်)အဖြစ်တွေ့ရှိရသည်။ကျောက်၏သက်တမ်းရင့်လာသည်နှင့်အမျှ ချော်သည်မကပ်နိင်တော့ပဲ တဖြည်းဖြည်းချော်နှင့်အခွံမှာ ကြွေသွားပြီးအကျွတ်ဖြစ်တွေ့ရှိရသည်။ချော်ကြွေသည်လည်း သက်တမ်းရင့်သောကျောက်များတွင်တွေ့ရှိရသည် ။မြင်းချေးရောင်ချော်ကြွေသည် သစ်ရွက်လေးများကဲ့သို့ အဖတ်လိုက်ကွာကျပြီးသတ်တမ်းရင့်သော်လည်း မြင်းချေးရောင်ချော်စီးချော်ထူသောကျောက်များမှာသက်တမ်းနုသည်။မြေမှန်ကြောမှတွေ့ရှိရသောအနီရောင်၊အဝါရောင်များမှာ ချော်ဟုခေါ်သော်လည်း ချော်မဟုတ်ပဲမြေစာတွင်းစာများသာဖြစ်သည်။မြေမှန်ကျောက်များတွင်အထိုင်ကိုသာအဓိကထား၀ယ်ကြသည် သက်တမ်းနုရင်လည်းအလွန်သိသာသည်။
့မောက်(တွင်းစာ၊မြေစာ)
---
ကျောက်တလုံးကိုတွင်းထဲကရရချင်းအရင်ဆုံးတွေ့ရတာကတော့ တွင်းစာလို့ခေါ်တဲ့မောက်ပါ
မောက်ဆိုတာက ကျောက်အပေါ်မှာကပ်နေတဲ့ ကျောက်ခဲလေးတွေသဲလေးတွေကိုခေါ်ပါတယ်
မောက်၂မျိုးရှိပါတယ်
ကျောက်မောက် နဲ့ သဲမောက်
ကျောက်ခဲလေးေ'တွနဲ့သဲလေးတွေရောကပ်နေတာကိုကျောက်မောက်လို့ခေါ်ပါတယ် ကျောက်အထိုင်နဲ့ ခေါင်းပေါ်မှာကပ်တာများပါတယ် မောက်အားများရင်ကျောက်မျိုးရင့်တယ်လို့ဆိုကြပါတယ် အထိုင်အောက်ခြေမှာမောက်အားများရင်အရေဥတတ်တယ်လို့လဲပြောကြပါတယ် ကျောက်မောက်ကအရည်ကိုအားပေးပါတယ် ကျောက်မောက်ကိုမှော်တိုင်းမှာတွေ့ရတတ်ပါတယ်
သဲမောက် သဲမောက်ကတော့အသားတန်းမြင့်အသားဆန်းတတ်ပြီးမှော်ဆီစာ နမ့်မချီနဲ့ ခန္တီး ဘက်မှာပဲတွေ့ရတတ်ပါတယ်
ကျောက်တလုံးဆေးတဲ့အခါ ကျောက်မောက်ကတော့ စိန်တူနှောင့်လေးနဲ့ခေါက်ချရပါတယ်စိန်တူအသွားနဲ့ခေါက်ချရင်ကျောက်အခွံကိုထိခိုက်ပျက်ဆီးစေမှာဆိုးလို့ပါသဲမောက်တော့ရေထဲမှာ၅နာရီလောစိမ်ထားရင်တောင်ကွာကျတတ်ပါတယ်။

B-Jade(ဘီအဆင့်ကျောက်စိမ်း)
-----------------------------------
ဘီဂျိတ်ဆိုသည်မှာ ကျောက်စိမ်းအားမူလသဘာ၀အတိုင်းမဟုတ်ပဲ ပိုမိုလှပစေရန်အတွက်လူတို့ပြုပြင်ထားသောကျောက်စိမ်းများကိုခေါ်သည်။ဥပမာ-
မီးဖုတ်ပြုပြင်ထားခြင်း၊ အက်စစ်တစ်အက်စစ်ဖြင့်ဆေးကြောကာ အရည်ကိုဆေးကူခြင်း၊အချောထည်များတွင်အရောင်ပိုမိုတောက်ပစေရန် ပိုလီမာပလပ်စတစ်ဖြင့်ဖုံံးအုပ်ခြင်း

(Impregnated Jade)၊ချွမ်(ပန်းရောင်၊ဗေဒါအရောင်)နှင့်ပဲစိမ်း(အစိမ်းဖျော့အရောင်)တို့ကိုအရောင်တင်ထည့်သွင်းထားသောကျောက်စိမ်းတို့ဖြစ်သည်။
ဘီအဆင့်ကျောက်စိမ်းသည်သံဓါတ်ကြောင့်ဖြစ်သော အရောင်များကိုချွတ်ထားသဖြင့် ကျောက်စိမ်း၏အရည်အစိမ်းရောင်မှာပိုပြီးစိမ်လွန်းသောအရောင်
ဖြစ်ပေါ်နေတတ်သည်၊ရံဖံရံခါ အဝါရောင်ဘက်သို့ သန်းသည်။အသားခံအဖြူပေါ်တွင် ပါရှိသောအစိမ်းရောင်မှာ အသားနှင့်အရေမှာမလိုက်ဖတ်အောင်ထိကွဲပြားခြားနားနေတတ်သည်။
သဘာဝကျောက်စိမ်းသည် အရောင်တင်ထားပါက အပေါ်ယံတွင် ကြွေပြားကဲ့သို့ အရောင်လက်သည်(မှတ်ကောင်းသည်) ဓါတုဗေဒနည်းအရောင်ချွတ်ထားသောကျောက်များမှာ

မှတ်ခိုးကျန်နေသလိုဖြစ်ပြီး အရောင်တောက်ပမှုနည်းသည်။ပေါ်လီမာ ပလပ်စတစ်ဖုံးအုပ်ထားသောကျောက်များတွင်သာပလပ်စတစ်ကြောင့်အရောင်တောက်ပနေသည်ကိုတွေ့ရသည်။
ဘီအဆင့်ကျောက်စိမ်းကိုစစ်ဆေးရာတွင် (၁၀)ဆချဲ့မှန်ဘီလူးဖြင့်စစ်ဆေးသင့်သည် မှန်ဘီလူးဖြင့်ကြည့်ပါက ကျောက်စိမ်း၏မျက်နာပြင်သည် အက်စစ်ပြင်းဖြင့်စားထားသောကြောင့်

အက်ပေါက်ရာများကဲ့သို့အပေါက်ငယ်လေးများနှင့် အက်ကြောင်းလေးများကိုတွေ့ရသည်။၄င်းအက်ရာလေးများသည် ဘီအဆင့်ကျောက်စိမ်းဖြစ်သောသက်သေဖြစ်သည်။အရေ

(အစိမ်းရောင်)ဆေးကူထားသောကျောက်စိမ်းများကို ချလ်စီးအရောင်စစ်ကရိယာဖြင့်စစ်ဆေးနိင်သော်လည်း ဗေဒါအရောင်(ချွမ်)ကိုဆေးကူထားသောကျောက်ကိုစစ်ဆေးမရနိင်ပါ

ဗေဒါအရောင်ချွမ်ကိုစစ်ဆေးပါက မှန်ဘီလူးကိုသာသုံးရမည်။အကောင်းဆုံးမှာဓါတ်ခွဲခန်းသို့သာသွားရောက်စစ်ဆေးပြီးမှ၀ယ်ယူသင့်သည်။မီးဖုတ်ပြုပင်ထားသောကျောက်များမှာလည်း
အလင်းပေါက်ဟာနေတတ်ပြီး အရောင်သည် ညီညာလွန်းသည် သဘာဝကျောက်စိမ်းသည် အရောင်ညီညာမှုမရှိပါ ။ ခုံ့(အဝါ၊အနီရောင်သန်းသောအညိုရောင်)များကို

အနီရောင်အဖြစ်ပြောင်းလဲစေရန် မီးဖုတ်ကြသည် ။(မာကာဘင်း မှော် နှင့် ရှေးမှော်များကို သဘာ၀ဟုထင်ရသော်လည်း ဓါတ်ခွဲခန်း ဉ် မီးဖုတ်ပြုပ်ြထားသည်ဟု

အဖြေထွက်တာများသည် အဘယ့်ကြောင့်ဆိုသော် ရှေးယခင်ကကျောက်များဖြတ်တောက်ရာတွင် မိမိဖြတ်ချင်သောနေရာအထိ မြေကြီးထဲတွင်မြုပ်ပြီး

မီးဖုတ်အပူပေးခါကျောက်ကိုရိုက်ဖဲ့ပြီးအရည်နေရာကိုဖဲ့ယူကြခြင်းကြောင့်ဖြစ်သည်။ဘီ အဆင့်ကျောက်စိမ်းသည် စျေးကွက်တခုရှိသော်လည်း အရောင်ကြာရှည်ခံမှု မရှိခြင်း၊
ကျောက်သားသိပ်သည်းမှုနည်းခြင်း၊ ကျောက်မှာစွတ်ဆိုတောက်ပမှုမရှိခြင်း(ရှိသော်လည်း အချိန်တိုအတွင်းခြောက်သွေ့သွားခြင်း) ၊ယမ်း(Crystal)များလက်ယှက်ထိုးဖွဲ့စည်းမှုကို

ပျက်စီးစေသောကြောင့် ဖိအားကိုခံနိင်မှုမရှိခြင်း ကွဲလွယ်ခြင်း၊ အသားခံပျက်စီးပြီးကျောက်သားဝါလာခြင်း၊ ကြာရှည်မခံခြင်းတို့ကြောင့် လူကြိုက်နည်းကြသည်။

ဘီအဆင့်ကျောက်စိမ်းမှာ လူတို့ပြုပြင်သောကျောက်စိမ်းများဟုအကြမ်းသတ်မှတ်သော် လည်းဆေးဆိုးကျောက်များကို (B+C)အဖြစ်သက်မှတ်သည်။ဘီအဆင့်ကျောက်စိမ်းကို

အနီအောက် ပါတ်ထရိုစကုတ်ဖြင့်စစ်ဆေးနိင်သည်။
မျိုးတိမ်းတယ်ဆိုတာဘာလဲ?
-ကျောက်မျိုးတိမ်းသည်ဆိုသည်မှာ ကျောက်စိမ်းထွက်ရှိရာဒေသမှထွက်ရှိသော်လည်း(non-jade) ကျောက်စိမ်းမဟုတ်သည့်ကျောက်ကိုခေါ်ပါသည်။၄င်းတို့မှာ
(၁) ပလွမ်(Albitite)
(၂) ပေထာ့
(၃) သလင်း(အာလူး)(QTZ Quartzite)
(၄) ပူတာအိုကျောက်(Grossular Garnet) စသည်တို့ဖြစ်သည်။
ပလွမ်(Albitite)
------
ပလွမ်သည် ကျောက်စိမ်းကဲ့သို့ မောက်နှင့်ချော်ပါသော်လည် ကျောက်ဝိတ်ပေါ့သည် သဲယမ်းလေးများပါသည် အလင်းပေါက်ဟာပြီး လိပ်ကျောက်ကဲ့သို့ အသားကျဲလင်းဖြစ်သည်။ကြည်လင်မှု့ရှိသည် တချို့ကျောက်စိမ်းအသားထဲတွင်ဖိအားနှင့်အပူကြောင့် ပလွမ်ရောပြီးပါတတ်သည် ထိုကျောက်ကိုတောင်ဆန်သည် မျိုးတိမ်းသည်ဟုခေါ်သည်။ပလွန်၏ သိပ်သည်းဆမှာ ၂.၅၇ မှ ၂.၆၄ ဖြစ်ပြီး အလင်းယိုင်ညွှန်းကိန်း-၁.၅၂ဖြစ်သည်။ကျောက်စိမ်းလုံးစွတ်တွင်မျိုးတိမ်းကျောက်ဖြစ်မည်ဆိုးသဖြင့် အလေးချိန်ကိုဂရုစိုက်၀ယ်ကြခြင်းဖြစ်သည် မျိုးတိမ်းသောကျောက်သည် ဝိတ်ပေါ့သည်။ပလွမ်တွင် အရည်ပါသည့်ပလွမ်များကိုယိုဒယားမှ၀ယ်ယူသည်။
ပေထာ့
-------
ပထော့ကျောက်သည် ကျောက်စိမးထွက်ရှိရာဒေသ ချောင်းဖျားများနှငမှော်များတွင်ထွက်ရှိသည် ပထော့သည် ရေပထော့၊ကုန်းပထော့ဟု (၂)မျိုးရှိသည်။ပထော့ကျောက်မှာသလင်းကဲ့သို့ လိပ်ကျောက်ကဲ့သို့ အာလူးအခွံရှိသည် ။ရေခွံနှင့်တူတတ်သဖြင့် ကျောက်စိမ်နှင့်မှားတတ်သည် ။အလင်းပေါက်အားကောင်းသည်။ကျောက်ဆီမပါသော်လည်း အခွံကြောင့်ကျောက်ဆီရှိသလိုမြင်ရသည်။ပထော့တွင် ယမ်းမပါပါ။

သလင်း(QTZ Quartzite)
-------
သလင်းကျောက်သည် ကျောက်စိမ်းငုတ်များထွက်ရှိရာဒေသတွင်အများဆုံးတွေ့ရှိရပြီး တချို့မှော်များတွင် အာလူးခွံဖြင့်ထွက်ရှိသည် တလုံးလုံးအလင်းပေါက်ပြီးအဝါရောင်သန်းသည် ရိုက်ပဲ့များတွင် ကျောက်သားမှာအရစ်ကလေးများဖြင့်တွေ့ရှိရသည်။သလင်းတွင် လချေးပြား(MICA)များပါ၀င်ပြီးအရောင်ပြိုးပြိုးပြက်ပြက်လက်နေသည်။သိပ်သည်းဆမှာ ၂.၆၅ဖြစ်ပြီးအလင်းယိုင်ညွှန်းကိန်းမှာ ၁.၅၅ဖြစ်သည်။

ပူတာအိုကျောက်စိမ်း(Grossular Garnet)
----------------
ပူတာအိုဒေသမှထွက်ရှိပြီး မြေမှန်ခွံဖြင့်သာတွေ့ရသည် မှော်ဆီစာမှထွက်ရှိသောမြေမှန်ကျောက်များနှင့်တူသည်။ကျောက်စိမ်းထက်အလေးချိန်ပိုများသည် ကျောက်ယမ်းပါသည် သို့သော် လက်ယှက်ထိုးဖွဲ့စည်းမှုမရှိပါ။ပူတာအိုကျောက်ကိုခွဲခြားရာတွင် ကျောက်အခွံအပေါ်မှအရည်အစက်ပျောက်များသည် အရောင်ညီညာမှုမရှိခြင်း
ကျောက်ဝိတ်(ဂဏ)ပိုလေးနေခြင်း အစိမ်းအကွက်လေးများပါခြင်းတို့ဖြင့်ခွဲခြားနိင်သည်။ပူတာအိုကျောက်စိမ်းကို သိန်ရာချီပေး၀ယ်ခဲ့ရသူများရှိသည် အသားဆန်းပန်းစွဲလက်ကောက်လွတ် မှော်ဆီစာဟုလိမ်ရောင်းကြခြင်းဖြစ်သည်။သိပ်သည်းဆ ၃.၅၉ရှိပြီး အလင်ယိုင်ညွှန်းကိန်း၁.၇၃ ရှိသည်။
အရောင်း၀ယ်ကောင်းကြပါစေ။

(​လေးစားစွာဖြင့် ကူးယူဖော်ပြခြင်း)
မူရင်းရေးသားသူအားcreditပေးပါတယ်
နှောက်ထပ်နှောက်ထပ်လည်းဖော်ပြစရာလေးတွေရှိလို့followထားကြပါနော်😍😍

Photos from TTZ JADE Selling 's post 13/11/2022

ကျောက်မိတ်ဆွေများ ပညာသင်များ အမေးများဆုံးမေးခွန်း၅ခု
ကိုဖြေပေးပါမည်။
(၁) ယမ်းညက်ယမ်းမူန်ယမ်းကောင်းတိုင်းကျောက်သားကောင်းရပါသ
လား?
(၂)လုံးစွတ် ဂဲ ရေမဆေးဝယ်ရာမှာ အကာခံကျောက်ဖြစ်ဖို့ ဘယ်လိုအ
ချက်တွေ ကြည့်ဝယ်ရမလဲ?

(၃)အရည်ဝင်နိုင်တဲ့ အဂါရပ်တွေက ဘာတွေလဲ?

(၄)ကျောက်သားကျဲခြင်း နုခြင်းကို လုံးစွတ်မှာ ဘယ်လိုသိနိုင်လဲ

(၅)လိုင်းပေါ်ကနေဝယ်ရင် ဘယ်လိုဝယ်သင့်လည်း?

ဖြေပေးပါမယ်။

၁ချက်က
ယမ်းညက် ယမ်းမူန့်ယမ်းကောင်းတိုင်း ကျောက်းသားကောင်းမရနိုင်ပါဘူး။
ယမ်းကောင်းရင်ကျောက်သားကောင်းမယ်ဆိုတာ မှန်ပါတယ်

အခွံပေါ်ကယမ်းက အတွင်းကျောက်သားကောင်းမကောင်း ကို
အဆုံးအဖြတ်ပေးတာဖြစ်ပါတယ်။

တခြားပညာရှင်တွေပြောသလို
ယမ်းကြမ်းရင် ကျောက်သားကြမ်းမယ်
ယမ်းညက်ရင် ကျောက်သားချောမယ် ကောင်းမယ်
ဆိုတာ မှန်ပါတယ်

ဒါပေမယ့်
ကျောက်တစ်လုံးက ယမ်းတွေမူန့်ညက်နေပြီး ယမ်းတွေ အသွားအလာ
မှန်နေပြီး ကျောက်သားမရတာ စျေးကွက်မရတွေ အများကြီးတွေရကြုံ
ပါတယ်
ဖြတ်သူတိုင်းလည်းကြုံနေရပါတယ်

ယမ်းညက်ပြီးယမ်းကောင်းပြီး
ကျောက်သားမရတာ စျေးကွက်မဝင်တာက
ကျောက်ရဲ့အခွံပေါ်မှာ ယမ်းကောင်းနေပေမယ့်
အခြားအဖျက်အဂါရပ်တွေ ပါနေလို့ပါ

ယမ်းကောင်းသော်လည်း ကျောက်ပေါ်မှာ
အမြုတ်ဆံကြောများခြင်း
အနာအမျဥ်းများခြင်း
အခွံရောင်ရောစပ်ခြင်း
အခွံရောင်နုခြင်း
အခွံရောင်မညီခြင်း
အခွံရောင်မွဲခြောက်ခြင်း
မီးထိုးအခွံရောင်မညီညာခြင်း
ကွမ်းသွေးနီကျင်ကွက်များပါရှိခြင်း
ငချိတ် /ချင်း များစွာပါရှိခြင်း
မှဲ့ပြောက် မှဲ့ခြောက်ပါရှိခြင်း
ဖားဖြုတ်ဆံများပါခြင်း
ကျောက်ကြောထိုးခြင်း
အနာများခြင်း
ရိူ့နာများပါရှိခြင်း( ရိူ့နာကကြီးရင်အတွင်းမှာမြင်းမှီးရိုက်အနာများဖြစ်တတ်ပါတယ်) စကားချပ်
မောက်ကပ်မောက်စီး
ချော်ချော်စီးခြင်း
ကျောက်အထိုင် ပြားခြင်း လုံးဝန်းခြင်း
ထောင့်အနားများမပါရှိခြင်း

စသော စသော အဖျက်အဂါရပ်တွေ ပါရင်
ယမ်းကောင်းပေမယ့်လည်း ထိုအဖျက်အဂါရပ်တွေက ကျောက်သားအတွင်းထိ ဝင်ရောက်ပြီး ကျောက်သားကို ပျက်စေပါတယ်
ကျောက်သားအလှကိုဖျက်စီးတတ်ပါတယ်

ယမ်းကောင်းမျိုးရင့်လို့ ကျောက်သားတင်းပေမယ့်လည်း
ငချိတ် ချင်း ရိူ့ မှဲ့ အကြော အမြတ်ဆံ အနာများ
ဝင်ရောက်ခြင်းကြောင့် ကျောက်သားပျက်တတ်ပါတယ်။

ဥပမာပေးရရင်
ကိုစိုး ကားတစ်စီးဝယ်ချင်တယ်😁 အဓိက ဘာတွေကြည့်ဝယ်ရမလဲ
မိတ်ဆွေတို့ ကိုမေးရင်
အင်ဂျင်ကောင်းတာ အသံငြိမ်တာ ကြည့်ဝယ်ကွာလို့ပြောကြလိမ့်မယ်
အင်ဂျင်းကောင်းတိုင်း ကားကောင်းတစီးရပြီလား😁😁😁

ဘီးတွေ ဘော်ဒီရုပ် တန်း.... စတာတွေပါကောင်းမှကားတစ်စီးကောင်းရမှာပါ။

ကျောက်တစ်လုံးဝယ်ရာမှာလည်း ယမ်းကောင်းတိုင်း
ကျောက်သားကောင်း မရနိုင်ပါဘူးလို့ ဖြေပရစေ။

ယမ်းလည်းကောင်းရမယ် အခွံညီညာရမယ်
အခွံရောင်ညီရမယ်
အထိုင် ဝိတ်ကောင်းရမယ်
အပေါ်မှာပြောခဲ့သော အဖျက်အဂါရပ်တွေ နည်းနိုင်သမျှ
နည်းတာ ကြည့်ဝယ်ရမယ်
အဖျက်အဂါရပ်တွေ မပါရင်တော့ အကောင်းဆုံးပေါ့
ဝယ်စျေးလည်းမြင့်လိမ့်မယ်😁😁😁

ကားတစ်စီးဝယ်သလိုပဲ အချက်အလက်တွေပြည့်စုံနေမှ
ကျောက်တစ်လုံးဝယ်တာကလည်း ကားဝယ်သလို
အချက်အလက်ကောင်းတွေပြည့်စုံမှ
ကျောက်ကောင်းရပါတယ်

နံပါတ်၂မေးခွန်း
အကာခံတဲ့ကျောက်ရအောင် ဘယ်အချက်တွေကြည့်ဝယ်ရမလဲ?
မှော်ကြာတွေ ပညာရှင်တွေ ပြောတဲ့စကားတစ်ခွန်းရှိပါတယ်

"ရေမဆေးကျောက်တွေ ဝယ်ဖြတ်လို့ အောင်နိုင်တာက
အကာမျိုးပဲတဲ့"

ဒါက ရန်ကုန် မန်လေး စကိုင်းစတဲ့ နယ်ဘက်တွေက
ရေမဆေး ပိသာချိန် အိတ် လော့ လုံးခြင်း ရွှေးချယ်ဝယ်ယူ
သူတွေမှာ
အောင်နိုင်တာက အကာမျိုးပဲ ဖြစ်တယ်လို့
မှော်ဆရာတွေ ပြောခဲ့ကြတာပါ
လက်တွေ့လည်း ဖြစ်နိုင်ပါတယ် ဖြစ်လည်းဖြစ်နေပါတယ်

"ရေမဆေးထဲက အောင်တာတဲ့ဆိုရင်ကြည့်လိုက်
အကာပါတယ်"

အကာခံထဲ့ကျောက် ပုံမှာကြည့်ပါ မသိသူတွေ
ဘေးပတ်ခြာလည်မှာ အတွင်းကကျောက်သားကောင်းကို
အကာပတ်လည် ခံနေတာကို ကာဖြူခံတယ်လို့ခေါ်ပါတယ်

အကာခံတဲ့ကျောက်တွေက ကျောက်သားကောင်းတယ်
အောင်တာများတယ် အောင်ဖို့များတယ်
ကျောက်သမားတော်တော်များများလည်း အကာခံရင်ကောင်းတာ
သိကြပါတယ်

ဒါကြောင်​့အမေးများဆုံးမေးခွန်းက
ကာဖြူခံတဲ အကာခံတဲ့ ကျောက်ရအောင်
ဘယ်လိုကြည့်ဝယ်ရမလဲ ဆိုတဲ့မေးခွန်းကို ဖြေရရင်......

အကာခံတဲ့ကျောက်တွေက မီးထိုးမပေါက်ကြပါဘူး
မီးထိုးမပေါက်တိုင်းလည်း အကာခံတဲ့ကျောက် မဖြစ်ပါဘူး

ဒါဆိုဘယ်လိုဝယ်ရမလဲ?

များသောအားဖြင့် အကာခံတဲ့ကျောက်တွေက
ဝိတ်ကောင်းတယ် အလေးချိန်စီးတယ်
မျိုးတန်းကလည်း ရင့်တယ်
အခွံညီတယ်
အခွံရောင်လည်း ညီတာများတယ်
ယမ်းလည်းညီတယ် မူန်တယ် ညက်တယ်
အရည်ဝင်လည်း မန်းကပိနေတယ်
မန်းကို မမြင်ရဘူး
သေခြာတအားဆေးကြည့်မှ မန်းက မထင်မရှားလေးမြင်ရတယ်

ဖြတ်ပြီးမှ အကာခံလို့ အရည်ဝင်မှ
အခွံပြန်ဆေးမန်းရှာရတာ များတယ်

ဆေးပြီးဖြတ်မဟုတ်တော့ဘူး😁😁
ဖြတ်ပြီးမှ မန်းပြန်ရှာဖို့ဆေးရတာများတယ်
အကာခံကျောက်တွေက။

အကာခံတတ်သောကျောက်တွေရဲအထိုင်က ထူးခြားတယ်
အောက်ဘက် ကျောက်အထိုင်က ပိုကျယ်ပြီး ပိုကြီးတယ်
အပေါ်ဘက်ခေါင်းဆီ မသ်ိမသာ ကျောက်ပြင်ကျဥ်းသွားတယ်

ဝိတ်အလေးချိန်လည်းကောင်း အထိုင်ကြီး အထိုင်ဒေါင့် အနားတွေကောင်းပြီး ယမ်းလည်းလှ အခွံလည်းညီ ခွံရောင်လည်းညီ
မေးခွန်း၁က ပြောခဲ့သော အဖျက်အဂါရပ်တွေလည်း မပါ
မီးထိုးလည်း မပေါက် ပြချက်လည်း မကောင်းပေ့မယ့်
အကာခံပြီး ကျောက်ကောင်းရနိုင်ပါတယ်

မိတ်ဆွေတို့က ပြန်မေးလိမ့်မယ်
ဒါဆိုကိုစိုးရေ ကျနော်တို့က မီးထိုးမပေါက်တာတွေဝယ်ရမှာလားလို့😁
😁😁

ဒါက မီးထိုးလည်းမပေါက် ဝိတ်ကောင်း ယမ်းကောင်း
ကျောက်အထိုင်ကောင်း အခွံညီ အခွံကောင်း
တွေ ရွှေးပြီး ရေမဆေးဝယ်တတ်ဖို့ပြောတာပါ။

အကာခံကျောက်တွေမှာ မီးပေါက် မန်းမြင် ပန်းမြင်
ယမ်း အခွံ ကောင်းနေ ရင်လည်း ရေမဆေးလော့ ပိတ်သာချိန်ထဲ ရောက်လာပါ့မလား😁😁😁😁

ရေမဆေးဝယ်လို့ အောင်နိုင်တာက များသောအားဖြင့် အကာမျိုး
အကာခံကျောက်ဖြစ်လို့ ပြောပြတာပါ

ကုပဏီ ကျောက်တွေစစ်တာက မီးပေါက်အား မီးထောက်အား
အပြင်ပြချက် မန်း ယမ်းတွေ ကိုပဲ ဦးစားပေးစစ်ဆေးယူတာပါ
မီးမပေါက် ပြချက်အပြင်မှာ မတွေ့ရင်
နယ်ပို့ ချိတ်ပိတ်အိပ် လုပ်ပစ်တာမို့ ပြောပြတာပါ
မီးထိုးမပေါက်လို့ ဝိတ် အထိုင် အခွံ ယမ်း
ချော် ကောင်းနေတာတွေကို ရေမဆေးဝယ်ဖို့ သွားရွှေးတဲ့အခါမှာ
ဝယ်တတ်ဖို့ပြောတာပါ

မီးထိုးမပေါက်လည်း ကျောက်ကအထိုင်လှ
ဝိတ်ကောင်းနေလို့ စျေးသင့်ရင် ဝယ်ပါ
လက်ထဲ ချိန်ဆကြည့်ပြီး ခေါင်းက စဥ်းစားပါ

သူများဝယ်တာကြည့် လျောက်ကောက်ထည့် တပိသာပြည့်
ပြီးရော့ဝယ်နေရင်တော့
အိမ်နောက်ဘေးမှာ နေရာကျယ်ကျယ်လေး ရှင်းထားပေတော့
ပုံထားရအောင်လို့😁😁😁😁

ကျောက်က အများကြီးဝယ်စရာမလိုဘူး
တစ်လုံးကောင်းရအောင် ပတ်ရွှေး မရမဝယ်နဲ့😁😁😁
ပြောခဲ့ကွာ ကိုစိုး ရွှေးခိုင်းလို့လို့😁😁😁😁
မကြိုက်သေး နောက်ထပ်ရောက်မှ လာကြည့်အုံးမယ်လို့😁😁
ရိုက်လွတ် လည်းခံလိုက်😁😁😁😁

ကျောက်တစ်လုံးဝယ်ရင် ကားတစ်စီးဝယ်သလို
အဖက်ဖက်က အပစ်အနာအဆာ ကောင်းသောအချက်တွေ
ကြည့်ဝယ်ပါ

နောက်ထပ် မေးခွန်း၃ခု ကိုတော့
ရေးရတာပြင်းလို့ မရေးသေးဘူး😁😁😁😁
စာရေးရတာ ဝါသနာကမပါဘူး😁😁😁
Crd

Want your business to be the top-listed Jewelery/watch Store in Yangon?
Click here to claim your Sponsored Listing.

Website

Address


Zaw’s A Quarter
Yangon