Easy Cookware

Easy Cookware

Share

01/02/2026

မနက်ကစျေးသွားတော့ ဝယ်နေကြ ကြက်သားရောင်းတဲ့အစ်မက ဘဲငန်းသားရတယ်ဆိုပြီး လှမ်းခေါ်ရောင်းတယ် ။

စျေးကွဲချိန်ဖြစ်နေတာနဲ့ ဆိုင်ရှင်အစ်မက ၄သောင်းစျေးနဲ့ယူ ပိုထည့်ပေးမယ်ဆိုလို့ ဝယ်လိုက်ပါမယ်ဆိုပြီး ၃၀သား ယူလိုက်တယ် ။

အချိုနှပ်မယ်စိတ်ကူးနဲ့ ၄တုံးပဲ တုန်းခိုင်းလိုက်တယ် ။

အိမ်ရောက်တော့ ဂျင်း ကြက်သွန်ဖြူ ငရုတ်ကောင်းထုထောင်း အရည်ညှစ် တရုတ်ငံပြာရည်လေးထည့် နယ်ဖတ်ပြီး ရေခဲသေတ္တာထဲ ထည့်နှပ်ထားပြီး တချက်ကျော်လောက်မှ ထုတ်ချက်လိုက်တယ် ။

ဘဲက ခပ်ရင့်ရင့်ဘဲမလို့ ရေထည့်လိုက် ချက်လိုက်နဲ့ အပိုးကျိုးအောင် အတော်ကြာကြာချက်ရတယ် ။

နူးကာနီးမှာမှ ကြက်သွန်နီအလုံးလိုက် ထည့်ပြီး မီးအေးအေးလေးနဲ့နှပ်ထားလိုက်တယ် ။

ဆီပြန်လာလေ အနံ့ကမွှေးလာလေလေ ပေါ့ ။

အနေတော်မယ်ထင်တဲ့အချိန် အသားလေးဖဲ့မြည်းတော့ အတော်လေး ဂွတ်ရှယ်နေပြီမလို့ မီးကို အောက်ဆုံးနီးပါးထိ ချထားလိုက်တယ် ။

အဲ့ဒီအချိန်မှာ အိမ်ရှေ့က စျေးဝယ်သူကအော်တော့ ခွေးတွေက အတင်းဟောင်တာနဲ့ ကမန်းကတန်း အိမ်ရှေ့ပြေးထွက်ပြီး စျေးဆင်းရောင်းရတယ် ။

ဝယ်သူကဝါးတွေ ရွေးပြီး ဆိုက်ကားခေါ်လာမယ်စောင့်ပေးပါဆိုတာနဲ့ထိုင်စောင့်လိုက်တာ နာရီဝက်လောက်ကြာသွားကော ။

ကိစ္စပြီးလို့ အိမ်ပေါ်တက်တော့ ဘဲသားအိုးပေါ်အုပ်ထားတဲ့ စလောင်းက သမံတလင်းမှာ ။

အိုးထဲ အပြေးအလွှားကြည့်လိုက်တော့ အသေးဆုံး နံရိုးကပ်အတုံးလေး တတုံးပဲ ကျန်တော့တယ် ။

ကိုယ်ချစ်လို့ အလိုလိုက်ထားတဲ့ဟာတွေ သမသွားတာဆိုတော့ ဘယ်သူ့ ဒေါသထွက်ရမှန်းမသိဘူး ။

ကံကြမ္မာကိုက ••••••

ဘယ်လောက်ပဲ အချိန်ပေးပြီး ပြင်ပြင် စားရကာနီးပြီဆိုရင် ကြားဖြတ် အုပ်အုပ်ခံရတာများ ။

အိုးထဲက ဘဲ တောင် ပါသွားရတဲ့ ဘဝ😭😭😭😭

ယဥ်ယဥ် ( ရွှေခယ်မြေ )

31/12/2025

Happy New Year!

နှစ်သစ်မှာ အရာအားလုံး ကောင်းခြင်းများနဲ့ပြည့်စုံပါစေ။

ကုသိုလ်ကောင်းမှု အစဥ်ပြုနိုင်ကြပြီး ကြံစည်သမျှလည်း ကောင်းမှုဖြစ်ပါစေ။

ကျန်းမာ ချမ်းသာ ပျော်ရွှင်နိုင်ကြပြီး ချစ်ခြင်းများစွာ ထားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါသည်ရှင်။🥰✨

06/12/2025

အနွေးထည်တွေ မှာပြီးကာမှ..

ရန်ကုန်ဆောင်းကလည်း ၂ညအိပ် ၃ရက်ထဲရယ်..🤭

04/12/2025

ာလာ အိုးလေးချက်လို့အရမ်းကောင်းတယ်တဲ့..

34Cm မို့ ကြာဇံကြော် ကြော်လို့အရမ်းကောင်းတယ်ဆိုပဲ..😍✨

ကျေးဇူးပါလို့🥰✨

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11041