Baby Essential Preloved Book store

Baby Essential Preloved Book store

Share

15/05/2026
15/05/2026

အသက်အလိုက် Skill မမှန်ရင်
Toy ဘယ်လောက်ဝယ်ဝယ် မထိရောက်ပါဘူး ❌

Beginner မေမေတွေ အများဆုံးမှားတာက
အသက်မကိုက်ညီတဲ့ Skill ကို အရင်သင်တာပါ။
ဒီမှာ 1–5 နှစ်အတွက်
Priority Skill Chart လေး👇

👶 1 Year
Focus ➝ Sensory + Gross motor
✔ လှမ်းကိုင်
✔ တွန်းဆွဲ
✔ တက်ဆင်း
❌ ABC သင်စရာမလိုသေးပါဘူး

👧 2 Years
Focus ➝ Language + Exploration
✔ စကားပြောများများ
✔ Pretend play
✔ “ဘာလဲ?” “ဘယ်မှာ?” မေးခွန်းများ
❌ စာရေးမလိုပါဘူး

👦 3 Years
Focus ➝ Fine motor + Routine
✔ Playdough
✔ Puzzle
✔ Scissor prep
✔ 10–15 mins ထိုင်နိုင်ခြင်း
❌ စာအုပ်ထိုင်ဖတ်ခိုင်းမလို

👧 4 Years
Focus ➝ Pre-writing + Social skill
✔ Line / Curve ဆွဲ
✔ Color / Shape ခွဲ
✔ Friend နဲ့ကစားနိုင်
❌ စာအများကြီးရေးမလို

👧 5 Years
Focus ➝ School readiness
✔ ကိုယ်တိုင်စားနိုင်
✔ Instruction နားထောင်နိုင်
✔ Listening skill ကောင်းရမယ်
❌ Exam training မလိုပါဘူး

📌 Remember —
အသက် 3 နှစ်မှာ ABC မသိသေးရင် မစိုးရိမ်ပါနဲ့
အသက် 3 နှစ်မှာ လက်အားမရှိသေးရင် စိုးရိမ်ပါ ✅

မေမေ့ကလေးအသက်ဘယ်လောက်ရှိလဲ?
Comment မှာရေးပေးပါ 🤍
အသက်အလိုက် guide ပေးပါမယ်။

14/05/2026

Nursery, Pre-KG, KG တက်ဖို့အတွက် မေမေတို့ ပြင်ဆင်ရမယ့်အရာလေးတွေကို စုစည်းပေးထားပါတယ်

✅1. စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ (မိဘနဲ့ကလေးနှစ်ဦးလုံးအတွက်)

👶ကလေးအတွက်

မိခင်/ဖခင်နဲ့ ခွဲခွာချိန် ခံနိုင်ရည်ရှိအောင် ကြိုတင်လေ့ကျင့်ပေးပါ

သွားမယ့်ကျောင်းအကြောင်း ကြိုတင်ပြောပြပေးပါ

သူငယ်ချင်းလုပ်နည်း၊ မျှဝေတတ်နည်းလေးတွေကို ပြောပြပေးပါ

morning routine လေး (စောစောထတက်ဖို့, လက်ဆေး, ဝတ်စုံဝတ်နည်း) လေ့ကျင့်ပေးပါ

🧔မိဘအတွက်

မိမိကလေးကိုယုံကြည်ပါ

မျှော်လင့်ချက်ကြီးကြီးအရမ်းမထားပဲ စိတ် သက်သက်သာသာစတင်ပါ

✅2. လိုအပ်တဲ့ပစ္စည်းများ (အကောင်းဆုံးပြင်ဆင်ဖို့)

👶ကလေးအတွက်

ကျောင်းအိတ် (သက်သာပြီးပေါ့ပါးတဲ့အမျိုးအစား)
ရေသောက်ခွက် (အရောင်လေးကလေးကြိုက်တဲ့အတိုင်း)
Lunch box (အရောင်လှလှလေး / ပေါ့ပါးအေးမြတဲ့အမျိုးအစား)
Wet wipes, small towel
Extra clothes set (အရေးကြီးဆုံး!)
Comfortable shoes / sandals
Label stickers (ပစ္စည်းပေါ် တပ်ဖို့)
☀️Educational toys (play-based learning ကောင်းစေဖို့)

🧔မိဘအတွက်

Daily schedule planner (drop-off/pick-up စီစဉ်နိုင်အောင်)

Communication notebook (teacher နဲ့ဆက်သွယ်ရေးအတွက် )

Patience + Encouragement (အရမ်းလိုပါတယ်!)

ကလေးကျမ်းမာရေး record၊ ကလေးမွေးစာရင်း

3. ကျောင်းပို့/ကြို Safe ဖြစ်အောင် သတိထားရမယ့် အချက်များ

Transport arrangement လုပ်တဲ့အခါ

မောင်းသူ၊ အဖော်နဲ့ ကလေးလာပို့သူ (ကားမောင်း/စက်ဘီး) ကို တိတိကျကျရွေးပါ

ကလေးတစ်ယောက်တည်းမသွား‌ စေပဲ– အနည်းဆုံးနှစ်ယောက်အတူရှိပါစေ

Ferry နဲ့ဆို အမြဲတမ်း ယာဉ်နံပါတ်၊ မောင်းသူဖုန်းနံပါတ်သိထားပါ

Car seat သုံးဖို့ သတိထားပါ (အထူးသဖြင့် Nursery များအတွက်)

ကလေးရောက်ကြောင်းကို confirm ပြန်ဖို့ စည်းမျဉ်းထားပါ

ကျောင်းက Shuttle နဲ့သွားမယ်ဆိုရင်၊ စစ်ဆေးစရာများ ယာဉ်သန့်ရှင်းမှု၊ staff အပြုအမူ၊ ကင်မရာပါမပါ စသည်ဖြင့်

Pick up time

ကျောင်းများတွင် ကလေးကိုလာကြိုသူ ယုံကြည်လောက်တဲ့သူဖြစ်ကြောင်းပြသနိုင်ဖို့ ID / pass code စနစ်ရှိသင့်ပါတယ်

ကလေးကိုလည်း သူစိမ်းတစ်ဦးလာခေါ်မသွားနိုင်အောင် ကလေးကိုလည်း အတိအကျပြောထားပါ

Teacher နဲ့ regularly ဆက်သွယ်ပါ – ကျောင်းပို့ပုံ၊ အပြောင်းအလဲရှိ/မရှိ contact လုပ်ပါ

အမြဲတမ်းမှတ်ထားရမှာကတော့ —
ကျောင်းဟာ အရိုးအမြစ်တွေစိုက်တဲ့နေရာဖြစ်လို့ အနားက နေမေမေ့တို့က၊ နားလည်မှုနဲ့ အားပေးမှုက အရေးအကြီးဆုံးပါပဲ။

#မေမေတစ်ယောက်အနေနဲ့ သင့်ကလေးရဲ့ ပထမတစ်ဆင့်ဘဝအတွက် စိတ်ခိုင်လက်ခိုင်နဲ့ စီစဉ်ဖို့အချိန်ရောက်ပါပြီ။
#ပညာရေးစတင်မှုကောင်းကနေရင်းမှ အနာဂတ်တန်ဖိုးရှိတဲ့ကလေးတစ်ယောက်ဖြစ်လာမှာပါ။

တိုက်ရိုက်ကူးယူခွင့်မပြုပါ လွတ်လပ်စွာ share နိုင်ပါသည်

13/05/2026

KG ကျောင်းကြီးမတက်ခင် ကျောင်းမှာ ကိုယ့်ကိုကိုယ်အားကိုးနိုင်ဖို့ လေ့ကျင့်ပေးရမယ့် Skill များ👇

မေမေတို့အများစုက ABC, 123 ကို အရင်သင်ပေးချင်ကြပါတယ်။

ါပေမယ့် ကျောင်းစတက်ချိန်မှာ အရေးကြီးဆုံးက 👉 Self-help skill ပါ။

📌 1️⃣ ကိုယ်တိုင်ဝတ်/ချွတ်နိုင်ခြင်း
ဖိနပ်စီးတတ်
အင်္ကျီ/ဘောင်းဘီ ဝတ်ချွတ်နိုင်
Zip / Button ပိတ်နိုင်
👉 ကျောင်းမှာ ဆရာမမအားလုံးကို မစောင့်နေရအောင်

📌 2️⃣ အိမ်သာသွားနိုင်ခြင်း
ကိုယ်တိုင်ဝင်သွားနိုင်
သန့်ရှင်းရေးလုပ်နိုင်
လက်ဆေးတတ်
👉 ယုံကြည်မှုတက်ပြီး စိတ်ပူစရာလျော့ပါတယ်

📌 3️⃣ အစားစားနိုင်ခြင်း
ထမင်းကိုယ်တိုင်စားနိုင်
Box ဖွင့်/ပိတ်နိုင်
ရေဘူးဖွင့်နိုင်
👉 Lunch time မှာ မရှက်မိအောင်

📌 4️⃣ ပစ္စည်းစီမံနိုင်ခြင်း
Bag ထဲက ပစ္စည်းတွေ ကိုယ်တိုင်ထည့်နိုင်
ကစားပြီး ပြန်သိမ်းနိုင်
👉 တာဝန်ယူစိတ် (Responsibility) တိုးတက်စေပါတယ်

📌 5️⃣ နားထောင်လိုက်နာနိုင်ခြင်း
ဆရာမပြောတာ နားထောင်နိုင်
လိုက်နာနိုင်
Turn ယူတတ်
👉 Social skill အတွက် အရမ်းအရေးကြီးပါတယ်

📌 မေမေတို့သတိထားရမယ့်အချက်
စာမတတ်သေးတာ မပြဿနာပါဘူး။
ကိုယ်တိုင်လုပ်နိုင်ခြင်းက စာသင်နိုင်ဖို့အခြေခံပါ။

အိမ်မှာပဲ နေ့စဉ်လေ့ကျင့်ပေးနိုင်ပါတယ် 💛
မေမေတို့က ဘာ skill ကို အခက်တွေ့နေလဲ?

12/05/2026

မူကြို (Preschool) ကိုစောစောထားတာနဲ့ နောက်ကျကျထားတာတို့မှာ အားသာချက်နဲ့ အားနည်းချက်

⭐မူကြိုကိုစောစောထားခြင်း (၂ နှစ်ခွဲ - ၃ နှစ်)

🦾အားသာချက်များ:

လူမှုရေးအရကျွမ်းကျင်မှု တိုးတက် — အခြားကလေးများနှင့်အတူ ဆက်ဆံမှုတိုးပြီး ခင်မင်မှု၊ မျှဝေမှု စသဖြင့် လူမှုရေးကျွမ်းကျင်မှုရရှိပါမယ်။

ဘာသာစကားဖွံ့ဖြိုးမှုမြန် — မကြာခဏအပြောအဆိုများ ကြားရခြင်းကြောင့် စကားပြောရည်မွန်တိုးတက်သည်။

ကျင့်ဝတ်သိမြင်မှု တိုးတက် — ဆရာ/ဆရာမများနှင့် စည်းမျဉ်းလိုက်နာမှု ချမှတ်မှုတွေကြောင့် လိုက်နာ နာခံနိုင်မူတွေ‌တိုးတက်ပါတယ်

အလုပ်ခွင်ပြန်ရောက်လိုသူအမေများအတွက် အဆင်ပြေ

👎အားနည်းချက်များ:

မိခင်နဲ့ကလေး သဘာဝချစ်ခြင်းမေတ္တာ ချိတ်ဆက်မှု ထိခိုက်နိုင် — အချိန်တိုတောင်းစွာပဲ တွေ့ရခြင်းကြောင့် attachment ကို သက်တမ်းဖွံ့ဖြိုးနိုင်မှုနည်းပါမယ်။

စိတ်ဖိစီးမှုဖြစ်နိုင် — အသက်ငယ်သေးရာကနေ လူစုလူဝေးကြီးထဲသွားရခြင်းကြောင့် စိတ်ဖိစီးမှု ဖြစ်နိုင်ပါတယ်။

ကိုယ်ခံအားနည်းကလေးတွေအတွက် ကိုယ်ခန္ဓာကျန်းမာရေး အန္တရာယ်များ

⭐မူကြိုကိုနောက်ကျစွာထားခြင်း (၄ နှစ်နောက်ပိုင်း)

🦾အားသာချက်များ:

မိဘနှင့် attachment အားကောင်း — မိဘနှင့် အတူနေရတဲ့အချိန်များသည် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် အကျိုးရှိသည်။

မိမိအလိုအလျောက်လေ့လာမှုများ စတင်ဖွံ့ဖြိုး — တစ်ဦးတည်းနေတဲ့အချိန်များမှာ စိတ်ကူးစိတ်သန်းဖြင့် ကစားပြီး စဉ်းစားနိုင်မှုများ ပိုမိုကောင်းမွန်လာသည်။

ကိုယ်ခံအားအပြည့်ဖြစ်လာချိန်မှ စတင်လေ့လာစေနိုင်

👎အားနည်းချက်များ:

လူမှုရေးကျွမ်းကျင်မှုနည်း — အသက်အရွယ်တူများနှင့် ပေါင်းသင်းမှုပြုနိုင်မှုနည်းတတ်

သင်ယူမှုအပေါ် ရင်ဆိုင်ရခက်ခဲ — စည်းမျဉ်း၊ အုပ်ချုပ်မှုနဲ့တင်ဆက်မှုတွေအပေါ် စိတ်ပင်ပန်းနိုင်

ဘာသာစကားဖွံ့ဖြိုးမှုနည်းနိုင် — အပြင်သင်ယူမှုနည်းပါးခြင်းကြောင့် အသုံးအနှုန်းနဲ့ အသံထွက်များမှာနည်းနည်းနောက်ကျနိုင်

👉မိဘအနေနဲ့ အရေးကြီးတာက မူကြိုကို စောစောဖြစ်စေ နောက်ကျဖြစ်စေ၊ မိမိကလေးရဲ့ စိတ်ပိုင်းခြားနားမှုနဲ့ ဖွံ့ဖြိုးမှုအခြေအနေကို လေ့လာပြီး အချိန်မှန်ပြုလုပ်ပေးသင့်ပါတယ်။

👶မူကြိုစတင်ဖို့သင့်တော်တဲ့အချိန်သိရန် စဉ်းစားရမည့်အချက်များ

1. အသက်

၂ နှစ်ခွဲ ~ ၃ နှစ်: အခြေခံစတင်သင်ယူနိုင်စွမ်း (ကစားခြင်းဖြင့်လေ့လာခြင်း၊ စကားပြောစတင်မှု) တဖြည်းဖြည်းရှိလာသည်။

၄ နှစ်: စည်းမျဉ်းနားလည်မှုပိုကောင်းလာပြီး အုပ်စုထဲတွင် ပိုမိုအဆင်ပြေစွာ ပေါင်းသင်းနိုင်သည်။

2. စကားပြောခြင်းဖွံ့ဖြိုးမှု

သင့်ကလေးဟာ စကားများစွာပြောတတ်လာပြီလား? မိမိလိုအပ်ချက်တွေကို စကားဖြင့်ဖော်ပြနိုင်ပါသလား?

3. အိပ်ရေး/အိပ်ခန်းစနစ်

တစ်ယောက်တည်းအိပ်နိုင်ခြင်း၊ နေရာအသစ်များတွင် လွယ်လွယ် ထိတ်လန့်ခြင်းမျိုးရှိပါသလား?

4. အခြားကလေးများနှင့် ဆက်ဆံမှု

ကလေးအခြားသူများကိုမြင်ပြီးဝင်ဆံ့တတ်သလား? တူညီတဲ့ကစားစနစ်များကိုပါ၀င်တတ်သလား?

5. မိဘ၏အလုပ်ချိန်အခြေအနေ

မိဘသည် အလုပ်လုပ်ရန်လိုအပ်ပါက စောစောသင်ကြားရေးစနစ်တစ်ခုဖြစ်တဲ့ မူကြိုက ကူညီပေးနိုင်ပါတယ်။

⭐အကြံပြုချက်

သင့်ကလေးမှာ စကားပြောနည်း၊ လူတွေနဲ့မဆက်ဆံချင်ခြင်း၊ သီးသန့်နေတာမျိုး တို့ရှိခဲ့ရင် ပတ်ဝန်းကျင်တိုးချဲ့ဖို့ လိုအပ်နေပြီဆိုရင် 2နစ်ခွဲ 3 နှစ်ခွဲ ဝန်းကျင်ကစတင်ရင်အထူးအကျိုးရှိနိုင်ပါတယ်။

သို့မဟုတ် တစ်ယောက်တည်းကောင်းကောင်းနေနိုင်ပြီး စကားပြောကျွမ်းကျင်၊ စည်းမျဉ်းနားလည်မှုကောင်း ဆိုပါက ၄ နှစ်လောက်အထိစောင့်ပြီးမှ မူကြိုစတင် လည်းရပါတယ်

#ကလေးဖွံ့ဖြိုးရေး
တိုက်ရိုက်ကူးယူခွင့်မပြုပါရှင် လွှတ်လွှတ်လပ်လပ် share သွားလို့ရပါတယ်ရှင်

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


243/2 Phone Khaung Street, South Okkalapa
Yangon
11091

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00