Su Dana Pyae

Su Dana Pyae

Share

28/02/2024

28.2.2024
ICE

11/04/2023

လကုန်ရက်အူ​ဆေးကြမယ်

လကုန်ပြီဆို​တော့အူ​ဆေးကြတာ​ပေါ့။အူ​ဆေးခြင်းကိုတလတခါ​လောက်​တော့မဖြစ်မ​နေလုပ်သင့်ပါတယ်။ဘာလို့လဲဆိုရင်အူလမ်း​ကြောင်းနဲ့လူ့ကျန်းမာ​ရေးကတိုက်ရိုက်ပတ်သက်​နေလို့ဖြစ်ပါတယ်။ပြီး​တော့အူ​တွေဟာဒုတိယဦး​နှောက်လည်းဖြစ်တယ်။ဦး​နှောက်နဲ့အူ​တွေကိုအာရုံ​ကြော​တွေနဲ့ဆက်ထားပြီးခန္ဓါကိုယ်အတွက်အလုပ်​တွေအများကြီးလုပ်ပါတယ်။ကျ​နော်တို့ရဲ့ဇီဝိတိံ​​နြေ​ခေါ်အသက်ဓါတ်ဟာလည်းအူ​တွေထဲမှာရှိတယ်။ဒါ​ကြောင့်အူ​တွေသန့်ရှင်း​နေဖို့လိုပါတယ်။

ဒီတပတ်အူ​ဆေးဖို့အသုံးပြုမှာက​တော့မုန်လာဥဖြူဖြစ်ပါတယ်။မုန်လာဥဖြူဟာအူနဲ့တူတယ်။အနံ့ကလည်းအူအနံ့ရတယ်။သဘာဝကြီးရဲ့လက်​ဆောင်ဖြစ်တဲ့မုန်လာဥဖြူနဲ့အူ​ဆေးကြမယ်။မုန်လာဥဖြူမှာအမျှင်ဓါတ်​တွေအများကြီးပါတယ်။အဲဒီအမျှင်ဓါတ်​တွေကအူအတွင်းနံရံမှာရှိ​နေတဲ့မစင်ဂျိုး​တွေကအစအညစ်အ​ကျေး​တွေအားလုံးကိုတိုက်ချွတ်​ဆေး​ကြော​ပေးသွားတယ်။

​စျေးက​နေမုန်လာဥလှလှ​လေး​တွေဝယ်မယ်။​ကျောက်ဆား​လေးနဲနဲထည့်ပြီးပြုတ်လိုက်မယ်။အကြာကြီးပြုတ်စရာမလိုဘူး။အူ​ဆေးဖို့အတွက်စ​နေ​နေ့​နေ့လယ်စာစားပြီး​နောက်မှာတခြားဘာမှမစားဘဲမုန်လာဥပြုတ်၁မျိုးပဲစားရမယ်။ကြိုက်သ​လောက်စားပါ၊ဗိုက်ဝ​အောင်သာစား၊ဗိုက်ဆာလာတိုင်းစား။ညအိပ်ယာမဝင်ခင်အထိဆာတိုင်းစားလို့ရပါတယ်။စားလို့လည်း​တော်​တော်​ကောင်းတယ်။​ရေငတ်လည်း​ပြေတယ်၊စားရတာအ​တော်​ကျေနပ်စရာ​ကောင်းပါတယ်။​နောက်​နေ့မနက်အိပ်ယာထရင်​ရေ၁လီတာ​သောက်ရမယ်။ပြီးရင်​တော့ဝမ်းဗိုက်ထဲကအစာ​ဟောင်း​တွေ​လျော​လျောလျူလျူအကုန်ထွက်သွားလိမ့်မယ်။

မုန်လာဥနဲ့အူ​ဆေးခြင်းဟာအူလမ်း​ကြောင်းသာမက​ကျောက်ကပ်ကိုလည်းသန့်ရှင်း​စေပါတယ်။​ကျောက်ကပ်သန့်ရှင်းဖို့အတွက်​မုန်လာဥပြုတ်စားရင်းရေပို​သောက်​ပေးဖို့လည်းလိုပါတယ်။

အူ​တွေသန့်ရှင်းသွားရင်​သွေးလည်းသန့်သွားတယ်။ဘာလို့လဲဆိုရင်​သွေးဆိုတာအူ​တွေက​နေစတင်ဖြစ်​ပေါ်လာလို့ဖြစ်ပါတယ်။​သွေးသန့်ရင်​ရောဂါကင်းတယ်။​ရောဂါ​တွေက​သွေးထဲမှာရှိ​နေ​တော့​သွေးသန့်တာနဲ့အမျှရောဂါဖြစ်ဖို့ရာနှုန်းနဲသွားတာ​ပေါ့။

အူ​ဆေးပြီးလို့အူသန့်သွားတာနဲ့လူက​ပေါ့ပါးလန်းဆန်းသွားလိမ့်မယ်။ကျန်းမာဖို့အတွက်အူသန့်ဖို့ကအဓိကပဲ။ထမင်းစားရတာလည်းအရသာရှိလာမယ်၊​ရေ​သောက်လို့လည်း​ကောင်းတယ်၊အလုပ်လုပ်လို့သိပ်​ကောင်းတယ်၊ဥာဏ်ရည်ဥာဏ်​သွေး​တွေထက်လာတယ်၊အိပ်လို့လည်း​ပျော်တယ်၊အစာအိမ်​ရောဂါရှိရင်လည်းအလိုအ​လျောက်​ပျောက်သွားမယ်၊​ခေါင်းကိုက်တာ​တွေလည်းအလိုအ​လျောက်​ပျောက်သွားမယ်၊​ညောင်းညာကိုက်ခဲတာ​တွေလည်း​ပျောက်သွားမယ်၊အစာမ​ကြေ​လေထိုး​လေ​အောင့်​တွေလည်း​ပျောက်သွားမယ်၊ရုပ်ရည်ပါနုပျိုလန်းဆန်းလာပါလိမ့်မယ်။

တနင်္ဂ​နေ့မနက်မှာ​တော့အူ​ဆေးခြင်းကိစ္စပြီးပါပြီ။၂၄နာရီ fsatingလုပ်ချင်တဲ့သူ​တွေဆက်လုပ်နိုင်ကြပါတယ်။Detoxပါဆက်လုပ်ချင်တယ်ဆိုရင်​တော့ညဘက်မှာသံလွင်ဆီ​ပေါင်းစပ်ရည်​သောက်လိုက်ရုံပါပဲ။ဒါ​ကြောင့်အူ​ဆေးလိုသူများ,fastingလုပ်လိုသူများ,Detox ပါလုပ်လိုသူများ၊၂မျိုးလုပ်ချင်သူများ၊၃မျိုးလုပ်ချင်သူများမိမိတို့စိတ်ကြိုက်လုပ်နိုင်ကြပါပြီ။မရှင်းတာ​တွေသိချင်တာ​တွေကိုCBက​နေ​မေးမြန်းရင်ပြန်လည်ရှင်းပြ​ပေးပါမယ်။

ချစ်ခင်​လေးစားလျှက်.......

(sharing is caring)
credit
မင်းကျော်စွာ

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Ward 4 „ Zawtika Street
Yangon
19