General Knowledge Of Drugs

General Knowledge Of Drugs

Share

02/09/2022

#သွေးပေါင်ကျနေတဲ့သူကို_အရေးပေါ်ဘယ်လိုပြုစုမလဲ
*************************************

အရာရာက အစွန်းနှစ်ဖက်ရှိစမြဲပါနော်။ ဒီလိုပါပဲ သွေးတိုးတယ်၊ သွေးပေါင်တက်တယ်ဆိုတာမျိုးရှိသလို သွေးပေါင်ကျတယ်ဆိုတာကလည်း ရှိပါတယ်။ ဘယ်အစွန်းမှကတော့မကောင်းဘူးပေါ့။ သွေးပေါင်တက်တာကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်နိုင်သလို သွေးပေါင်ကျတာကလည်း ထိခိုက်စေတာပါပဲ။ အသက်ဆုံးရှုံးသည်အထိပြင်းထန်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ သွေးတိုးလောက်အဖြစ်မများပေမယ့် သတိထားသင့်ပါတယ်နော်။ ဒီတစ်ခေါက်တော့ မြင်ရခဲပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံလာခဲ့ရင် အကောင်းဆုံးကူညီပေးနိုင်စေဖို့အတွက် သွေးပါင်ကျတဲ့အခါ လုပ်ဆောင်ပေးသင့်တဲ့ ရှေးဦးသူနာပြုစုနည်းလေးကို ပြောပြပေးပါရစေနော်။

#သွေးပေါင်ကျတယ်ဆိုတာ
သွေးပေါင်ကျတယ်ဆိုတာက လူတစ်ယောက်မှာရှိသင့်တဲ့ သွေးပေါင်ချိန်ထက်လျော့နည်းနေတဲ့အနေအထားပါ။ အပေါ်သွေးက ၉၀ mmHg ရှိပြီး အောက်သွေးက ၆၀ mmHg ဖြစ်နေမယ်ဆိုရင် သွေးပေါင်ကျနေပြီလို့သတ်မှတ်ရပါမယ်။ သွေးပေါင်ကျတဲ့အခါ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဆီကို သွေးလုံလောက်အောင်မရောက်ရှိတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

#လက္ခဏာတွေက
သွေးပေါင်ကျတာက သွေးတိုးတာလောက်တော့ လက္ခဏာတွေသိသိသာသာပြတာမျိုးမရှိတတ်ပါဘူး။ ဒါပေမယ့် လုံးဝလက္ခဏာမရှိတာမျိုးတော့မဟုတ်ပါဘူး။ သွေးပေါင်ကျနေတဲ့အခါ ဒီလိုမျိုးလက္ခဏာတွေခံစားရနိုင်ပါတယ်။

ခေါင်းထဲကမူးနောက်နောက်ဖြစ်နေမယ်
ခေါင်းထဲမှာ ပေါ့ပေါ့ကြီးဖြစ်နေမယ်
ထိုင်ရာကနေ ထလိုက်ရင်ဖြစ်ဖြစ်၊ ရုတ်တရက်ထရာကနေထိုင်လိုက်ရင်ဖြစ်ဖြစ် ခေါင်းထဲကနေ မိုက်ခနဲမူးမယ်
ကတုန်ကယင်ဖြစ်မယ်
အိပ်ချင်နေမယ်
ချွေးစေးတွေပြန်မယ်
ကယောင်ကတမ်းပြောမယ်
ခြေလက်တွေမသယ်ချင်ဖြစ်မယ်
ခြေဖျားလက်ဖျားနဲ့ အသားတွေ အေးစက်မယ်
အသက်ရှုရခက်လာမယ်
အသက်ရှုနှုန်းကျလာမယ်။
ပြင်းထန်တဲ့နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်မလဲ
သွေးပေါင်ကျတာက သွေးတိုးတာလောက် သိပ်မပြင်းထန်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ သွေးပေါင်ကျတာကလည်း အချိန်ကြာမြင့်လာတဲ့အခါ ပြင်းထန်တဲ့ နောက်ဆက်တွဲ
#ကျန်းမာရေးပြဿနာတွေအနေနဲ့

ရုတ်တရက်သတိလစ်တာ
လေဖြတ်တာ
ရုတ်တရက်နှလုံးရပ်တာ
ကျောက်ကပ်ပျက်စီးတာလိုမျိုး ကျန်းမာရေးအခြေအနေတွေကိုခံစားရနိုင်ပါတယ်။
သွေးပေါင်ကျနေသူကို ဘယ်လိုအရေးပေါ်ပြုစုပေးမလဲ
သွေးပေါင်ကျနေသူကို ဆေးရုံဆေးခန်းကိုမပို့ခင်မှာ ဒီနည်လေးတွေသုံးပြီး ပြုစုပေးလို့ရပါတယ်။

#ပြုစုနည်း
သက်တောင့်သက်သာလှဲခိုင်းပါ– သွေးပေါင်ကျတာကြောင့် ခေါင်းမူးနေတယ် ဒါမှမဟုတ် ရီဝေဝေဖြစ်နေတယ်၊ သတိလစ်တာတွေဖြစ်မယ်ဆိုရင်အရင်ဆုံး သက်တောင့်သက်သာဖြစ်အောင်လှဲထားပေးပါ။ မျက်လုံးလေးတွေကို မှိတ်ထားခိုင်းပါ။ အသက်မှန်မှန်ရှုခိုင်းပါ။

ဓါတ်ဆားရည်တိုက်ပါ – ပါးစပ်ကနေသောက်လို့ရတဲ့ အငန်ဓါတ်ပါတဲ့ သောက်စရာတွေဖြစ်တဲ့ ဓါတ်ဆားရည်၊ သီးစုံဓါတ်ဆားနဲ့ အခြားသော ခန္ဓါကိုယ်အတွက် ဆားဓါတ်နဲ့ ရေဓါတ်ဖြည့်ပေးတဲ့သောက်စရာလေးတွေကိုတိုက်ပေးပါ။ အုန်းစိမ်းရည်တိုက်ပေးလို့လည်းရပါတယ်။ ကိုယ်တွင်း Electrolyte တွေမျှတသွားစေဖို့အတွက်ပါ။ ဆီးချိုရှိတဲ့သူဆိုရင်တော့ အချိုဓါတ်လုံးဝမပါတဲ့ ဓါတ်ဆား၊ ဒါမှမဟုတ် အုန်းစိမ်းရည်က အသင့်တော်ဆုံးပါ။ တစ်ခွက်စာကုန်အောင်တိုက်ပေးပါ။

ရေတိုက်ပါ – ဓါတ်ဆားအဆင်သင့်မရှိဘူးဆိုရင် ရေများများတိုက်ပေးလို့ရပါတယ်နော်။ ရေထဲကို ဆားနည်းနည်း၊ သကြားနည်းနည်းထည့်တိုက်လို့ရပါတယ်။ ဒီလိုတိုက်ပေးတာက သွေးပေါင်တက်စေသလို ကိုယ်တွင်း ဂလူးကို့စ်ပမာဏကို လည်း တိုးတက်စေနိုင်ပါတယ်။

ဆားနည်းနည်းစားခိုင်းပါ – ဆားက သွေးပေါင်တက်စေဖို့ အမြန်ဆုံးလုပ်ပေးနိုင်မှာပါ။ ဒါကြောင့် ဆားလက်ဖက်ရည်ဇွန်းရဲ့ ၄ ပုံ ၁ စာလောက်ကိုစားခိုင်းပေးပါ။

ပြီးရင်တော့ ဆရာဝန်နဲ့ပြသကြည့်ရပါမယ်။ သွေးပေါင်ချိန်က အမြဲလိုလိုတိုင်းသင့်ပါတယ်နော်။ နောက်တစ်ချက်သတိထားရမှာက လူတစ်ယောက်နဲ့တစ်ယောက်မှာ သွေးတိုးတဲ့ ပမာဏချင်းမတူနိုင်လို သွေးပေါင်ကျတဲ့ အခြေအနေချင်းလည်းကွာခြားနိုင်ပါတယ်။ အချို့လူတွေက သွေးပေါင်ချိန် အပေါ်သွေး ၁၁၀ mmHg အောက်သွေး ၆၀ mmHg ဖြစ်တာတောင်မှ သွေးပေါင်ကျတဲ့ လက္ခဏာတစ်စုံတရာမခံစားရတာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် သွေးပေါင်ကျတတ်တယ်ဆိုရင် အစားအသောက်အနေအထိုင်ကို သေချာဂရုစိုက်ပြီး ဖြစ်လာခဲ့ရင်လည်း အမြန်ဆုံးဆရာဝန်နဲ့ သွားရောက်ပြသဖို့အကြံပြုပါရစေ။



#သွေးပေါင်ကျ
#သွေးပေါင်ကျခြင်း

04/04/2022

နာတာရှည်ကျောက်ကပ်လူနာများနှင့်
=====================
gout(ဂေါက်) အဆစ်အမြစ်ရောင်ရောဂါ
=========================
Gouty arthritis in patients with chronic kidney disease

(၁) အဆစ်ရောင်ရောဂါ ဘာကြောင့်ဖြစ်ရလဲ

- Gout အဆစ်ရောင်ရောဂါဟာ နာတာရှည် ကျောက်ကပ်ရောဂါသည်တွေမှာ အင်မတန်အဖြစ်များပါတယ်။ ကျောက်ကပ်ရောဂါရှိသူသုံးယောက်မှာ တစ်ယောက်ဖြစ်နိုင်ခြေရှိပါတယ်။

- အဓိကဖြစ်စေတဲ့အကြောင်းကတော့ ကျောက်ကပ်တွေ အလုပ်လုပ်နိုင်မှု ကျလာတဲ့အခါ ဆီးထဲကတစ်ဆင့် စွန့်ပြစ်ရမဲ့ Uric acid ယူရစ်အက်စစ်တွေ သွေးထဲမှာတစ်ဖြည်းဖြည်းစုပုံလာပါတယ်။ဒီယူရစ်အက်စစ်တွေဟာ အချွန်အတက်တွေအပြည့်နဲ့ ကျောက်စိုင်ခဲလေးတွေ (crystals) ကိုဖြစ်ပေါ်စေပြီး အဆစ်အမြစ်တွေထဲမှာ အနည်ထိုင်စုပုံစေပြီး ဒုက္ခပေးတော့တာပါပဲ။

- ဒီရောဂါဟာ အထူးသဖြင့် သွေးတိုး၊ ဆီးချိုသွေးချို၊ အဝလွန်တဲ့သူတွေနဲ့ ယူရစ်အက်ဆစ်ကို ဖြစ်စေတဲ့ ပြူယင်း(purine) ဓာတ်ပါဝင်မှုများတဲ့ အစားအသောက် အစားများတဲ့ သူတွေမှာ ပိုအဖြစ်များပါတယ်။

- ဒါ့အပြင် သွေးတွင်းယူရစ်အက်စစ်ကိုများစေတဲ့ တစ်ချို ့သောဆေးတွေ ဥပမာ thiazides/furosemide လိုဆီးဆေး၊ Asprin လိုသွေးကျဲဆေး၊ ကျောက်ကပ်လဲထားတဲ့သူတွေမှာ ပုံမှန်သောက်ရတဲ့ cyclosporin လို ဆေးမျိုးတွေ ကြောင့်လဲ ဖြစ်စေပါတယ်။

- မိသားစုမျိုးရိုးရှိသူတွေမှာလည်း ပိုအဖြစ်များတာ တွေ့ရပါတယ်။

(၂) ဖြစ်လာခဲ့လျှင် ဘယ်လိုဝေဒနာ ရောဂါလက္ခဏာ ဆိုးကျိုးတွေ ခံစားရမလဲ

- Gout ရောဂါဟာ တစ်ခါဖြစ်ဖူးရင် တစ်သက်မမေ့နိုင်တဲ့ ရောဂါမျိုးပါ။ အဆစ်အမြစ်တွေဟာ အသဲခိုက်လောက်အောင် နာနာကျင်ကျင်ခံစားရတတ်ပါတယ်။ အထူးသဖြင့် ခြေမအဆစ်၊ ခြေကျင်းဝတ်၊ဒူး၊လက်ကောက်ဝတ်၊လက်ဖျံအဆစ်၊လက်ချောင်းငယ်လေးတွေမှာ အဖြစ်များပါတယ်။ နာတာကျင်တာအပြင် အဆစ်တွေဟာ နီရဲရောင်ကိုင်းနေတတ်ပါတယ်။

- ဒါတင်မက မကြာခဏ နှစ်ရှည်လများဖြစ်လာတဲ့အခါ အဆစ်တွေကို ပျက်ဆီးစေပြီး ပုံမှန်လုပ်ငန်းတစ်နေ့တာ အလုပ်တွေပါ မလုပ်နိုင်တော့တဲ့အထိဖြစ်စေပါတယ်။

- ပြီးတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ရဲ့ နေရာတော်တ်ာများမှာ ယူရစ်အက်စစ်တွေစုနေတဲ့ အသားလုံးအဖုအထစ်တွေပေါ်လာစေပြီး အလှပျက်တတ်ပါတယ်။

- နောက်ဆက်တွဲဆိုးကျိုးကတော့ ယူရစ်အက်ဆစ်ကနေဖြစ်လာတဲ့ ကျောက်တွေဟာ ဆီးလမ်းကြောင်းတစ်လျှောက်မှာပါကျောက်တည်ခြင်းကိုဖြစ်စေပါတယ်။

(၃) အဆစ်အမြစ်ရောင်ရောဂါကို ဘယ်လို
ကာကွယ်ကုသကြမလဲ

- ကုသဖို့ဆိုရင်တော့ အလွယ်ကူဆုံး ရောင်ရမ်းနေတဲ့ အဆစ်ကို အနားပေးပြီး အရောင်ကျအောင် ရေခဲအုံပေးနိုင်ပါတယ်။

- သောက်ဆေးအနေနဲ့ကတော့ အိမ်တွေမှာအသုံးများတဲ့ NSAIDS လို့ခေါ်တဲ့ Diclofenac/Ibuprofen/Naproxen တို့လိုဆေးတွေဟာ ကျောက်ကပ်ရောဂါသည်တွေနဲ့ လုံးဝမတဲ့ပါဘူး။ ကိုချီစင်း Colchicine ဆေးကတော့ သင့်တော်ပါတယ်။ ဖြစ်ဖြစ်ချင်း ၂၄နာရီအတွင်းသောက်နိုင်ရင် ပိုအစွမ်းထက်ပါတယ်။ ၀.၆ mg တစ်နေ့ တစ်လုံးကနေ နှစ်လုံးသောက်ပေးနိုင်ပါတယ်။ သတိထားရမဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ ပျို ့တာအန်တာ ဗိုက်အောင့် ဝမ်းပျက်တာတွေ ဖြစ်နိုင်ပါတယ်။ နောက်သောက်နိုင်တဲ့ ဆေးကတော့ ပရက်နီဆိုလုန်း prednisone လို့ခေါ်တဲ့ စတီးရိုက်သောက်ဆေးပါ၊ ဒီဆေးမျိုးကိုတော့ ဆရာဝန်ညွန်ကြားမှုနဲ့ပဲသောက်သင့်ပါတယ်။ ဒီထက်ပိုဆိုးရင်တော့ အဆစ်ထဲကို စတီးရိုက်ဆေးထိုးထဲ့ပြီးကုရတာရှိပါတယ်။

- ထပ်မဖြစ်အောင်ကာကွယ်ဖို့ဆိုရင်တော့ ယူရစ်အက်ဆစ်များတဲ့ အစားအသောက်တွေ ဖြစ်တဲ့ red meat လို့ခေါ်တဲ့ အနီရောင်ရှိသော အသား (အမဲ၊ဝက်၊ဆိတ်)၊ ပင်လယ်စာ၊ ကိုယ်တွင်းကလီစာ၊ အချိုရေ၊ အရက်ဘီယာ စတာတွေ လျှော့စားသောက်ရပါမယ်။ ကိုယ်အလေးချိန်ချရပါမယ်။ သွေးတိုးဆီးချိုမှန်အောင်ထိန်းရပါမယ်။

- ဒါ့အပြင် ပိုအရေးကြီးတာက သွေးထဲကယူရစ်
အက်စစ်ကို ကျစေဖို့ Allopurinol
အေလိုပျုရီနောလို (100mg ကစလို့ အများဆုံး 400mg)၊ Febuxostat(40-80mg) ဖက်ဗျုဆိုစတက်လိုဆေးများကို ရေရှည်စွဲသောက်ပြီး သွေးထဲကယူရစ်အက်စစ်ပမာဏ 6 mg/dl အောက်လျှော့ချထားနိုင်ရင်တော့ gout ရောဂါဒုက္ခဘေးကနေ ကင်းဝေးနိုင်ပါလိမ့်မယ်ဆိုတာအသိပေးလိုက်ရပါတယ်။

လေးစားစွာဖြင့်,
ဒေါက်တာဇေထက်
ပထမလက်ထောက် ကျောက်ကပ်အထူးပြု
ကျောက်ကပ်ဆေးပညာဌာန (ယူကေ)

Photo credit : google images

14/12/2021

မိန်းမကိုယ်ကျဉ်းအောင် ခွဲစိတ်ပြုပြင်ခြင်း
---၊ ဒေါက်တာအေးသီတာအုန်း (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၊---
မေး-ရိုးရိုးမွေးပြီးကျယ်သွားရင် ပြန်ချုပ်လို့ရပါသလား ဆရာမရှင့်။
မိန်းမကိုယ်ကျဉ်းအောင် ခွဲစိတ်လို့ရပါသလား၊ ဘယ်မှာလုပ်လို့ရပါသလဲ။

ဖြေ- ရိုးရိုးမွေးလိုက်တဲ့အခါ မိန်းမကိုယ်နဲ့ စအိုလမ်းကြောင်းကြား ကြွက်သားအထပ်လေးတွေရှိတယ်။ အဲဒီကြွက်သားတွေက ပြားပြီး မိန်းမကိုယ်နဲ့ စအိုလမ်းကြောင်းက ကပ်သွားတယ်။ ဒါကို မိန်းမ ကိုယ်လမ်းကြောင်း ကျယ်သွားတယ်လို့ခေါ်တယ်။ အဲဒီလို ကျယ်သွားရင် မိန်းမကိုယ်ကြွက်သားတွေကို ပြန်လည်သန်စွမ်းလာအောင်၊ လျော့တွဲသွားတဲ့ အရေပြား ပြန်တင်းလာအောင် ခွဲစိတ်ပေးခြင်းအားဖြင့် အပျိုလိုပဲ ကြွက်သားတွေက ပြန်လည်သန်စွမ်းလာပါတယ်။ ဒါကြောင့် မိန်းမကိုယ်ကို ပြန်လည် ခွဲစိတ်ပြီး ပြုပြင်လို့ရပါတယ်။ ကုန်ကျစရိတ်အားဖြင့် ခြောက်သိန်းဝန်းကျင် ကျတတ်ပါတယ်၊ ဆေးရုံကို တစ်ရက် တက်ရပါတယ်။ ခွဲစိတ်ပြီးချိန်မှာ တစ်လ- ၄၅ ရက်ကြာတဲ့အထိ (အနာကျက်တဲ့အထိ) အမျိုးသားနဲ့ အတူမနေဘဲ ရက်ရှောင်ပေးရပါမယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon