FloraGuard Myanmar

FloraGuard Myanmar

Share

23/05/2026

😋 စားချင်တာလေးတွေ မြင်နေလျက် နဲ့ ဗိုက်နာမှာ ကြောက်လို့ လက်တွန့်နေရတုန်းလား? ❌

🍕 အရသာရှိတာလေးတွေ မြင်ရင် မြည်းစမ်းချင်ပေမဲ့ စားပြီးတာနဲ့ ဗိုက်ကရစ်နာလာပြီး အိမ်သာပဲ ပြေးနေရလို့... စားရတာထက် ခံစားရတဲ့ ဝေဒနာက ပိုများနေပြီလား? 😭

💊 စားသမျှ အစားအသောက်တွေ ဝမ်းဗိုက်ထဲမှာတင် အေးအေးချမ်းချမ်းနဲ့ ကြေညက်သွားဖို့ FloraGuard လေးကို ပုံမှန်သောက်ပေးနော်..

🛡️ FloraGuard က အူလမ်းကြောင်းကို အပြည့်အဝ စောင့်ရှောက်ပေးပြီး ဗိုက်အောင့်၊ ဗိုက်နာတာနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းတွေကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။

🥰 စားချင်တာကို ရဲရဲကြီးစား…ဗိုက်ကလေး ငြိမ်းချမ်းစေဖို့ FloraGuard ကို အမြဲဆောင်ထားလိုက်နော်..

#အူလမ်းကြောင်းကျန်းမာရေး #ဗိုက်ပြသနာ #ဝမ်းပျက်ဝမ်းလျှော

30/04/2026

“ကဆုန်လပြည့် ဗုဒ္ဓနေ့ “

ယနေ့ကျရောက်သော ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်အခါသမယမှာ ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကုသိုလ်တရားတွေ ပွါးများနိုင်ပါစေကြောင်း FloraGuard မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 🙏🏻

23/04/2026

💪ကိုယ်ခံအားရဲ့ ၇၀% က ဘယ်မှာရှိတယ် ထင်လဲ?

လူများစုက နေမကောင်းလာတဲ့အခါ အပေါ်ယံလက္ခဏာတွေကိုပဲ ကြည့်ပြီး ဆေးသောက်လေ့ရှိပါတယ်

💊 ခေါင်းကိုက်ရင် အကိုက်အခဲပျောက်ဆေး၊ဝမ်းလျှောရင် ဝမ်းပိတ်ဆေး၊နုံးနေသလို ခံစားရရင် အားဆေး သောက်ကြတယ်။

👉ဒါပေမယ့်… ရောဂါရဲ့ အရင်းအမြစ် ဘယ်ကလာလဲဆိုတာ ထည့်မတွက်ကြပါဘူး။
တကယ်တော့ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ဟာ
အူလမ်းကြောင်းကျန်းမာရေးနဲ့ တိုက်ရိုက်ချိတ်ဆက်နေတာပါ။

✔️ ကိုယ်ခံအားစနစ်ရဲ့ 70 % ကျော်ဟာ အူလမ်းကြောင်းထဲမှာ စုဝေးနေပြီး ခန္ဓာကိုယ်ထဲ ဝင်လာတဲ့
ရောဂါပိုးမှန်သမျှကို တိုက်ထုတ်ပေးပါတယ်။

✔️ပြီးတော့ စိတ်ပျော်ရွှင်မှုနဲ့ ဆက်စပ်နေတဲ့ Serotonin ဟော်မုန်း ကလည်း
ဦးနှောက်က ထွက်တာ မဟုတ်ဘဲ အများစုက အူလမ်းကြောင်းက ထုတ်လုပ်တာ ဖြစ်ပါတယ်။

⚠️ဒါကြောင့် အူလမ်းကြောင်း မကျန်းမာတဲ့အခါ…
- Serotonin လျော့နည်းသွားပြီး စိတ်တိုလွယ်၊ စိတ်ညစ်လွယ် လာမယ်
- အာဟာရစုပ်ယူမှု လျော့နည်းသွားပြီး မောပန်းနွမ်းနယ်လာမယ်
- ကိုယ်ခံအား လျော့နည်းလာပြီး ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်

🌱 အူလမ်းကြောင်း ကျန်းမာစေဖို့ ဘာတွေလုပ်မလဲ?
🥦 အမျှင်ဓာတ်များများ စားပါ
ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေက အူလမ်းကြောင်းအတွက် အကောင်းဆုံး သဘာဝအာဟာရတွေပါ။
🥛 Probiotics ပါဝင်တဲ့ အစားအစာတွေ စားပါ
ဒိန်ချဉ်လိုမျိုး beneficial bacteria ပါဝင်တဲ့ အစားအစာတွေကလည်း
အူလမ်းကြောင်း balance ကို ထိန်းညှိပေးနိုင်ပါတယ်။

💊 လိုအပ်ပါက supplement ဖြည့်စွက်ပါ
Probiotic (1000mg) ပါဝင်တဲ့ FloraGuard လို supplement မျိုးတွေကိုလည်း
နေ့စဉ် သောက်သုံးပြီး gut health ကို အားဖြည့်နိုင်ပါတယ်။

🍭 အချိုလျှော့ပါ
သကြားအလွန်အကျွံစားခြင်းက အူထဲရှိ bacteria balance ကို ပျက်စီးစေပြီး
ဘက်တီးရီးယားဆိုးတွေ တိုးပွားလာစေနိုင်ပါတယ်။

👉အမြဲတမ်း လန်းဆန်းကျန်းမာနေဖို့ အူလမ်းကြောင်းကျန်းမာရေးကို ဂရုစိုက်ဖို့ အလွန်အရေးကြီးပါတယ်။

#အူလမ်းကြောင်းကျန်းမာရေး

17/04/2026

နှစ်ဆန်းတစ်ရက်နေ့ မြန်မာ့နှစ်သစ်ကူး အခါသမယမှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း FloraGuard Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏🏻

နှစ်သစ်ကစလို့ အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ဘေးဘယာဝေးကွာ ကျန်းမာချမ်းသာနိုင်ကြပါစေ။ 🧡

07/04/2026

🌿 အစာခြေစနစ်ကောင်းမွန်ဖို့ FloraGuard မှီဝဲစို့

🍽️ အစာခြေစနစ်ဆိုတာ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးပါတယ်။
- အစားအစာကို အာဟာရအဖြစ် ပြောင်းပေးတယ်။
- အာဟာရဓာတ်တွေကို သွေးထဲ စုပ်ယူပြီး စွမ်းအင်ပေးတယ်။
- မလိုအပ်တဲ့ အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတယ်။
- ကိုယ်ခံအားစနစ် (Immune System) ကို တိုးမြှင့်ပေးပါတယ်။

⚠️ အစာခြေစနစ် မကောင်းရင် မောပန်းလွယ်ခြင်း၊ အာဟာရချို့တဲ့ခြင်း နဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

💡 ဒါကြောင့်လည်း probiotics ကြွယ်ဝစွာ ပါဝင်တဲ့ FloraGuard ကို မှီဝဲဖို့ တိုက်တွန်းနေတာပါ။

✨ FloraGuard ကို သောက်သုံးပေးခြင်းဖြင့်—
- အစာခြေစနစ်ကို ကောင်းမွန်စေတယ်
- အစာအိမ်နှင့် အူလမ်းကြောင်းကို ကျန်းမာစေတယ်
- ဝမ်းပျက်၊ ဝမ်းလျှော နဲ့ ဗိုက်မအီမသာ ဖြစ်ခြင်းတွေကို ကာကွယ်ပေးပါတယ်
💊 နေ့စဉ် သောက်သုံးပေးရုံနဲ့ ဝမ်းဗိုက်ဆိုင်ရာ ပြဿနာတွေကို လျော့နည်းစေပါတယ်။

📌 FloraGuard ကို တစ်နေ့လျှင် ၁ ထုပ်မှ ၂ ထုပ်ထိ
အမှုန့်အတိုင်းဖြစ်စေ၊ ရိုးရိုးရေနဲ့ ဖျော်စပ်၍ဖြစ်စေ သောက်သုံးနိုင်ပါတယ်။

ဗိုက်ပြဿနာအတွက်ဆို…𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝 ကို လုံးဝမမေ့နဲ့နော်

#ဗိုက်ပြသနာ #ဝမ်းပျက်ဝမ်းလျှော

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 313/B, Mya Nandar Street, Bauk Htaw, Yankin Tsp, Yangon. Yangon
Yangon
11181

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 12:30