Prorice

Prorice

Share

05/07/2021

ဒီတစ်ခုကတော့ နည်းနည်း စဉ်းစားကြည့်မှအမှန် မြင်နိုင်တာပါ

အများစုကတော့ ငွေရတာလေးနဲ့ လောက်အောင်သုံးပါ သုံးတာတွေ လျော့ပါ အင်္ဂလိပ်လိုဆိုရင် တစ်ခုတွေ့ဖူးထားသလို live before youre means ပေါ့နော် အဲစကားက ဟုတ်သလိုလိုတော့ ရှိပါတယ် ဒါပေမယ့် လက်တွေ့မှာ တကယ်ကြီးပွားချင်ရင် အဲစကားမှန်တယ်လို့လဲ မဆိုင်နိုင်ပါ

ဥပမာ လူတစ်ယောက်က ၁ သိန်းလစဉ်ဝင်နေတယ်ဆိုရင် ၈ သောင်းသုံးတာက ပြသနာ ရှိနိုင်ပါတယ် ဒါပေမယ့် နောက်တစ်ယောက် သိန်း ၃၀ ဝင်နေတယ်ဆိုပါစို့ အဲလူက တစ်လ ၁၅ သိန်း သုံးတယ်ဆိုရင် ဘယ်သူက သင့်အတွက် မှန်တယ်လို့ ယူဆနိုင်မလဲ

စာရေးသူကတော့ ရှင်းပါတယ် ဒုတိယလူကို ရွေးပါတယ် သူ့လစဉ်ငွေရဲ့ ၅၀% တော့ သုံးထားပါတယ် ဒါပေမယ့် သူ့ကျန်ငွေက ၁၅ သိန်းပါ ပထမလူက တစ်လကို ၂ သောင်းပဲ ကျန်ပါတယ် လစာများလို့ ကျန်တာများတယ်လို့လဲ ဆိုနိုင်ပါတယ်

ဒါက နည်းနည်းတော့ tricky ဖြစ်မလားမသိဘူး ဆိုတော့ အဓိက အရေးကြီးဆုံး ဘယ်လောက်သုံးတယ်ဆိုတာထက် ဘယ်လောက် တစ်လဝင်လဲကို စာရေးသူက ပိုစိတ်ဝင်စားပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဘာမှမဝင်ရင် သုံးတယ်ဆိုတာက ဖြစ်လာဖို့ မရှိပါ ဝင်ငွေက ပိုအရေးကြီးပါတယ် ဝင်ငွေများအောင်ပဲ ကြိုးစားသင့်ပါတယ် ပြီးတော့မှ ကိုယ့်တစ်ချိန်ကျရင် အသုံးချဖို့ စုသင့်ပါတယ် လိုအပ်တာ သုံးတာ မလိုတာဝယ်တာကတော့ နောက်တစ်ပိုင်းပါ

ချမ်းသာတဲ့သူတွေက live before your means မလုပ်ကြပါ at least အများအားဖြင့်ပါ ဝင်ငွေတိုးဖို့ပဲ အဓိကစဉ်းစားပြီးတော့ သင်တန်းတက်သင့်လား ရင်းနှီးမြှပ်နှံမူ လုပ်သင့်လား အလုပ်ပြောင်းင့်လား လုပ်နိုင်ပါတယ်

နောက်ဆုံးတစ်ချက်က ဘယ်လောက်ပဲဝင်ငွေရှိရှိ ပမာဏတစ်ခုကို ဖယ်ထားသင့်ပါတယ် ကိုယ့်တိုးတက်ဖို့ဖြစ်ဖြစ်၊ နောက်ဝင်ေွငတစ်ခုရဖို့ဖြစ်ဖြစ် ပြန်အသုံးချသင့်ပါတယ်

သင်ရော ဘယ်လိုထင်ပါသလဲ

27/10/2019

ကိုယ့်ရည်မှန်းချက်ကဘာလဲ

လူတိုင်းကတော့ ရည်မှန်းချက်ကိုယ်စီရှိသင့်ပါတယ် မရှိသေးရင်လဲ ဒီစာအဆုံးမှာ သင့်အတွက် ရည်မှန်းချက်က ဘာဖြစ်မလဲဆိုတာ ရစေချင်ပါတယ် လူတစ်ယောက်က ကိုယ်ဘဝအတွက် ရည်ရွယ်ချက်မရှိ၊ ဦးတည်ချက်မရှိဘဲ မနေသင့်ပါဘူး တစ်ချို့ရည်ရွယ်ချက်တွေက တစ်လအတွက်ပဲဖြစ်နိုင်သလို၊ တစ်နှစ်အတွက် ရည်မှန်းချက်၊ ကိုယ်ဘဝတစ်ခုလုံးအတွက် ရည်မှန်းချက်လဲဖြစ်နိုင်ပါတယ်

သူဌေးက ကုမ္ပဏီတစ်ခုလုံးဘယ်အတိုင်းအတာထိ တစ်နှစ်အတွင်းရောက်ချင်တယ် ရောင်းအားဘယ်လောက်ရှိချင်တယ် စညည့်တို့ဖြစ်နိုင်ပါတယ် ဝန်ထမ်းဆိုရင်လဲ တစ်နှစ်အတွင်းဘယ်ရာထူးအထိရောက်ချင်တယ် ဝင်ငွေဘယ်လောက်ရချင်တယ် စသဖြင့်ရှိပါတယ် လူတစ်ယောက်ချင်းစီမှာတော့ ကွဲပြားခြားနားတဲ့ ပန်းတိုင်တွေရှိပါလိမ့်မယ်

နောက်တစ်ခုတွေ့ဖူးတာတစ်ခု ပြောပြချင်ပါတယ် Online မှာတွေ့တာပါ အောင်မြင်မူနဲ့ပတ်သတ်ပြီးတော့ပါ တစ်လကိုတစ်ချို့က သိန်းရာချီပြီးရကြပါတယ် တစ်ချို့က တစ်နှစ်အတွင်းအများကြီး ရှေ့ရောက်သွားပါတယ် တစ်ချို့က တစ်လနှစ်သိန်းလောက်ပဲ ရကြပါတယ် သိန်းရာချီပြီးရနေတဲ့ ကိုယ်ထက်ဝင်ငွေ ဆယ်ဆက သာကြပါတယ် တစ်ချို့လဲ ထင်ပါလိမ့်မယ် ပိုက်ဆံရှိပြီးသားမို့၊ ပညာတက်လို့ ပြောရင်ပြောပါလိမ့်မယ် လူတိုင်းကတော့ အလိုအလျှောက် ပိုက်ဆံရှိလာ မဟုတ်ပါဘူး မိဘချမ်းသာတာလဲ ဖြစ်ရင်ဖြစ်မှာပါ သူတို့တွေ အောင်မြင်အောင်လုပ်နိုင်တာက ကိုယ်ထက်ဆယ်ဆကြိုးစားလို့လား၊ ဆယ်ဆဉာဏ်ပိုကောင်းလို့လား
နှစ်ခုလုံးမှန်တယ်လို့ မမြင်ပါဘူး ကိုယ်ထက်ဆယ်ဆပိုလုပ်လို့မရပါဘူး မဖြစ်နိုင်ပါဘူး ဖြစ်နေတာက သူ့တို့တွေက ကိုယ်ထက်ဆယ်ဆမက ရည်မှန်းချက်တွေ ကြီးမားကြလို့လို့မြင်ပါတယ် လစာလေးနည်းနည်းတိုးရင်တော်ပါပြီးဆိုတဲ့သူတွေနဲ့ ကိုယ်ကနောက်တစ်နှစ်အတွင် ဘယ်လောက်ရရမယ် အဲဒီအတွက် ဘာတွေလေ့လာရမလဲ ဘယ်သူတွေကို အားကိုးမလဲ အကြံဉာဏ်ယူရမလဲ ပိုရှေ့​ရောက်တဲ့သူတွေက ရည်မှန်းချက်တစ်ခု သို့ အများကြီးအတွက် ရှင်သန်နေကြတယ်လို့မြင်ပါတယ်

ကိုယ်ပတ်ဝန်းကျင်ကို ကူညီနိုင်ဖို့ ကိုယ်တိုင် အမှီခံနိုင်ဖို့လိုပါတယ် ပတ်ဝန်းကျင်ဆိုတာ မိဘ၊ မိသားစုအဓိက အပါအဝင်ပါ သင်ရောနောက်နှစ်မှာ ဘာတွေဖြစ်နေချင်သလဲ ဒီနှစ်ရော လိုချင်တဲ့ပန်တိုင် ရောက်နေပြီးထင်ပါသလား

ကျေးဇူးတင်ပါတယ်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Lower Pazundaung Road, Botahtaung
Yangon
11211