STAR FM Radio
29/05/2026
⭐️ မြန်မာသက္ကရာဇ် ၁၃၈၈ , ခရစ်နှစ် ၂၀၂၆ ခုနှစ်
မေလ ( ၂၉ )ရက် , သောကြာနေ့
✨STAR FM Radio အစီအစဥ်များကို.... 💁💁
🇲🇲နေပြည်တော်၊ရန်ကုန်၊မန္တလေး၊စစ်ကိုင်းနဲ့
ပြင်ဦးလွင်မြို့များရဲ့ အနီးတဝိုက်မှာ
FM လှိုင်းနှုန်း 90.3 MHz တို့ဖြင့် ဖမ်းယူနား
ဆင်နိုင်သလို........🤗🤗
✨Telegram တွင် https://t.me/starfmradioygn
✨Website တွင် http://starfmradio.live
✨Radio garden တွင်
https://radio.garden/listen/star-fm-90-3/wMA6tbuh
✨TV များတွင် STAR FM Radio လိုင်းတို့ဖြင့်
ဖမ်းယူ၊ဝင်ရောက် နားသောတဆင်နိုင်ပါတယ်..
#မဂ်လာရှိသောအေးချမ်တဲ့နေ့ရက်လေးဖြစ်ပါစေ
25/05/2026
🌿နေ့တစ်နေ့ကို မေတ္တာနဲ့စတင်ပါ🌿
~~~~~~~~~~~~~~~~~
မနက်အိပ်ရာကနိုးရင် မေတ္တာစိတ်ကလေးနဲ့နိုးထပါ
ဘာကိုပဲကြည့်ကြည့် မေတ္တာစိတ်ကလေးနဲ့ကြည့်လိုက်ပါ၊ဘယ်သူ့အသံပဲကြားကြား မေတ္တာ
စိတ်ကလေးနဲ့နားထောင်လိုက်ပါ
ကိုယ့်ရဲ့နိုးထခြင်းက မေတ္တာစိတ်ကလေးရှိနေတော့
အေးချမ်းရပါလိမ့်မယ်
လူတွေမှာ များသောအားဖြင့် မနက်အိပ်ရာက
နိုးထတဲ့အချိန်မှာလည်း အပူ၊အပြင်သွားတဲ့အခါလည်း အပူ၊ညအိပ်ရာဝင်တဲ့အခါလည်းအပူ၊ စိတ်ပူရတဲ့အချိန်တွေကပိုများနေတတ်ပြီး၊ ရှိလည်းပူ၊မရှိလည်းပူ အပူကြားထဲအပူစိတ်နဲ့ နေ့စဉ် သွားလာ လှုပ်ရှားနေရပါတယ်
ကြာလာတော့ စိတ်ဟာ ထိလွယ်ရှလွယ်၊ခွင့်မလွှတ်နိုင်တဲ့အနေအထားမှာ မအေးချမ်းမှု၊မငြိမ်းချမ်းမှုတွေ ဖြစ်နေတတ်ပါတယ်
ဒါကြောင့် မေတ္တာစိတ်ကလေးကို တစ်နေကုန်မထားနိုင်ကြဘူးဆိုပေမယ့် မနက်အိပ်ရာမှ နိုးထချိန်တော့ မေတ္တာ စိတ်ကလေးနဲ့နိုးထလိုက်ပါ၊ အပြင်သွားတဲ့အခါမေတ္တာစိတ်ကလေးနဲ့သွားလိုက်ပါ၊မေတ္တာစိတ်ကလေးနဲ့အိပ်ရာဝင်လိုက်ပါ
မေတ္တာစိတ်ကလေးဟာ ဘယ်အချိန်မဆိုဘယ်သူ့ကို
မဆို အေးချမ်းမှုကို ပေးစွမ်းနိုင်တဲ့အတွက်ကြောင့်
မေတ္တာကြောင့် အေးချမ်းလာပါလိမ့်မယ်
ကံကောင်းလာပါလိမ့်မယ်၊ မေတ္တာဟူသည်
ထွေထွေထူထူးမျှော်လင့်ခြင်းကင်းပါတယ်🙏🙏🙏
#မေတ္တာဖြင့်
#အရှင်ဇနက(မန္တလေးစာသင်သား)
#၁၅မိုင်ဇနကာရာမတောရဆရာတော်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon