Power Diamond Auto Car Service Center

Power Diamond Auto Car Service Center

Share

Photos from Power Diamond Auto Car Service Center's post 05/07/2022

၂၄၇။ OBD-II Scanner တစ်မျိုးတည်းနဲ့ ကားအားလုံးကို တိကျစွာ Scan ဖတ်နိုင်သလား ?

ကားတွေမှာ ကွန်ပျူတာထိုးပြီး စစ်တယ် ဆိုတာကို လူတိုင်းသိပြီးသား ဖြစ်မှာပါ။ OBD-II Scanner/Tool များနဲ့ ကားမှာပါတဲ့ OBD-II Socket လေးမှာ တပ်ပြီး Screen မှာ Error Code တွေဖတ်ကြည့်ခြင်း ဖြစ်ပါတယ်။ အခုဖြစ်နေကြတာက Scan Tool တစ်ခုဟာ ကားအားလုံးကို Error Code ဖတ်နိုင်လားဆိုတဲ့မေးခွန်းပါ။

တချို့အရာများဟာ သီအိုရီ(လုံးဝ)လွတ်လို့မရပါဘူး။ အများစုဟာ အတွေ့အကြုံကနေ ရရှိလာတဲ့ သဘောတရားတွေကို သီအိုရီလို့ထင်ပြီး စာ မဖတ်တော့ပါဘူး။ အာ့နဲ့ပဲ အတွေ့အကြုံများတဲ့သူဟာ ဆရာကြီးတွေဖြစ်လာပြီး တပည့်တွေကို လက်ဆင့်ကမ်းပါတယ်။ လက်ဆင့်ကမ်းတဲ့အခါမှာ အားလုံးကမ်းလိုက်ရင် ကိုယ့်လိုပဲ ဆရာကြီးအဆင့်ရောက်သွားမှာမို့ ဆရာစားချန်ပြီး သင်ပေးရပါတယ်။ ချုပ်လိုက်ရင် ပညာဟာ ကြာလေ နည်းလာလေ ဖြစ်လာပါမယ်။ ဒါ့ကြောင့် 'စာ' ကိုပဲအားကိုးပါ။ 'လူ' ကို အားမကိုးကြပါနဲ့လို့ စာရေးသူအနေနဲ့ အကြံပြုပါရစေ။

သီအိုရီအရ ၁၉၉၆ နောက်ပိုင်း ကားများမှာ OBD-II စနစ်တပ်ဆင်ရမယ်လို့ ကမ္ဘာတစ်ဝှမ်းဆုံးဖြတ်ထားခဲ့ပါတယ်။ အမေရိက၊ အာရှ၊ ဥရောပ အားလုံးရဲ့ OBD-II စနစ်တွေကို တူညီရမယ်လို့ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ထမင်းစားတာချင်း အတူတူမှာ ဇွန်းလေးနဲ့စားတာ၊ ဇွန်းခရင်းနဲ့စားတာ၊ လက်နဲ့စားတာ၊ တူ နဲ့စားတာ စသည်ဖြင့် ကွာခြားပါတယ်။ အဲ့လိုပါပဲ OBD ချင်းအတူတူမှာ OBD tool တွေနဲ့ ECU တို့ရဲ့ အချိတ်အဆက်တွင် မတူညီတဲ့ ချိတ်ဆက်နည်း (Protocol) ၅ မျိုး ရှိပါတယ်။

၁။ SAE J1850 VPW
GM ကား Group တွေ အသုံးပြုကြပါတယ်။ Signal rate 10.4 kbps ရှိပြီး VPW ဆိုတာက Variable Pulse Width စနစ်ပါ။ OBD Socket ရဲ့ Pin နံပါတ် ၂ အချိတ်အဆက် ဖြစ်ပါတယ်။
၂။ SAE J1850 PWM
High Speed 41.6 kbps နဲ့ Pulse Width Modulation စနစ်ဖြစ်ပါတယ်။ Ford, Jaguar နဲ့ Mazda ကားများ အသုံးပြုကြပြီး Pin 2 နဲ့ Pin 10 နှစ်ချောင်းချိတ်ဆက်ပါတယ်။
၃။ ISO 9141-2
VPW ထက် Signal rate ပိုနှေးပြီး Pin 7 နဲ့ 8 မှာ ချိတ်ဆက်ပါတယ်။ ISO 9141 ကိုအခြေခံထားတဲ့ Scan tool တွေဟာ ISO 14230 ကိုလည်း ဖတ်နိုင်ပါမယ်။ Chrysler, အာရှ နဲ့ ဥရောပ ကားများမှာ အသုံးပြုကြပါတယ်။
၄။ ISO 14230
အပေါ်က ISO 9141 နဲ့ တူညီပြီး အာရှကားတွေမှာ အသုံးများပါတယ်။ ဒါပေမယ့် ISO 14230 အခြေခံ Scan tool တွေကတော့ ISO 9141 ကို မဖတ်နိုင်ပါဘူး။
၅။ ISO 15765-4
CAN (Controller Area Network) စနစ်ဖြစ်ပြီး 2008 မော်ဒယ်နောက်ပိုင်း ကားအားလုံးမှာ အသုံးပြုပါတယ်။ Pin 6 နဲ့ 14 အချိတ်အဆက်ဖြစ်ပါမယ်။

Dနေရာမှာ Protocol တွေကို အသေးစိတ်နားလည်နိုင်တာဟာ Electrical/ Electronic သမားများဖြစ်လို့ အခြား Profession စာဖတ်သူများနဲ့ မဆိုင်ဘူးလို့ မမှတ်ယူသင့်ပါ။ ကျော်တို့ဟာ ကားနဲ့ပတ်သတ်တဲ့ Concept ကိုရယူမှာဖြစ်ပါတယ်။
ကားရဲ့ OBD-II socket မှာ ပင် ၁၆ ခုရှိတာ သိကြပါတယ်။ Concept အနေနဲ့ ယင်း ၁၆ ခု မှာ ကားအားလုံး တူညီစွာ ချိတ်ဆက်ရန် ပင် ၉ ခု ရှိပြီး၊ ကျန် ပင် ၇ ခုသည် ကားအမျိုးအစားအလိုက် ကွဲပြားနေမည်ဖြစ်သည်။
ယင်း ၇ ခုမှာ Pin 1, 3, 8, 9, 11, 12 နှင့် 13 တို့ဖြစ်ပါသည်။ ကျန် Pin များအနေဖြင့် Pin 2 နှင့် 10 သည် SAE J1850 အတိုင်းလည်းကောင်း၊ Pin 6 နှင့် 14 သည် CAN High နှင့် CAN Low အတိုင်းလည်းကောင်း၊ 7 နှင့် 15 သည် ISO 9141 အတိုင်းလည်းကောင်း ချိတ်ဆက်ရမည်ဖြစ်ပြီး၊ Pin 16 သည် Battery Power၊ Pin 4 နှင့် 5 တို့သည် Chassis နှင့် Signal Ground များဖြစ်ကြပါသည်။
ဤတွင် ISO သည် International Standard Organization/ International Organization for Standardization ဖြစ်ပြီး SAE သည် Society of Automotive Engineers ​ဆိုသည့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ညီညွတ်စေရန် ညှိပေးသည့် အဖွဲ့အစည်းများဖြစ်ပါသည်။

OBD-II Connector များသည် ကားများအားလုံးတွင် 2008 နောက်ပိုင်း ၁၆ ပင် ရှိသည်မှန်သော်လည်း အချိတ်အဆက် အနည်းငယ်ကွဲပြားမှုရှိနေပါသည်။ အချို့ ကားကြီးများတွင် Pin 16 မှာ 24V ဖြစ်ပါသည်။ သို့ဖြစ်၍ OBD-II Scanner တစ်ခုသည် ကားအားလုံးအတွက် အသုံးပြုနိုင်ရန်မှာ Special Tool ဖြစ်နေရန် လိုအပ်ပေသည်။ သာမန် Scanner များအနေဖြင့်မူ သီအိုရီအရ ကားအမျိုးအစားအားလုံး၏ မတူညီသော Pin Out များသို့ ချိတ်ဆက်၍ တိကျသည့် DTC ပြဿနာ ကုတ်များ ထုတ်နိုင်မည်မဟုတ်ပါကြောင်းဖြင့်။ ။LinHtet(EEM)

22/06/2022

Old Customers And New Customers ကြိုဆိုပါတယ်..

Photos from Power Diamond Auto Car Service Center's post 20/06/2022

ကျွန်တော်တို့ရဲ့ Power Diamond Auto Car Service Center မှ လူကြီးမင်းတို့၏ တန်ဖိုးကြီးသော မော်ဒယ်နိမ့် မော်ဒယ်မြင့် ကားများကို စိတ်တိုင်းကျဖြစ်အောင် လက်ခ/ပစ္စည်းခတွေကို ကုန်ကျ စရိတ်သက်သက်သာသာနဲ့ စစ်ဆေးပြုပြင်ဆောင်ရွက်ပေးနေတဲ့ Power Diamond Auto Car Service Center သို့ လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00