Git-Go
20/10/2023
ဘာကြောင့် ပန်းချီပြခန်းတွေ သွားသင့်တာလဲ❓
🖼️ပန်းချီပြခန်းသွားတယ်ဆိုတာကို လူအများစုက ပျင်းစရာကိစ္စလို့ မြင်ကြပါတယ်။
ပန်းချီအနုပညာနဲ့ ပုံဆွဲရတာကို အလွန်အမင်း ရူးသွတ်ကြသူအနည်းစုလောက်ကသာ ပန်းချီပြခန်းသို့ သွားရောက်လည်ပတ်ဖို့ကို စဥ်းစားကြတယ်ပေါ့။
ဒီနေ့မှာတော့ ပန်းချီပြခန်းတွေကို သွားရောက်လည်ပတ်မယ်ဆိုရင် ဘာတွေပြန်ရနိုင်မလဲဆိုတာ မျှဝေပေးသွားချင်ပါတယ် 🥰
🔸Artist တွေကို အသိအမှတ်ပြုခြင်း
ကျွန်တော်တို့နိုင်ငံမှာ အရည်အချင်းရှိတဲ့ Artist တွေတော်တော်များများ ဘေးရောက်နေတတ်ကြပါတယ်။ လူကြိုက်များတဲ့ Artist တွေဖြစ်နေရင်တောင် Official Album တွေ အားပေးမခံရခြင်း၊ ထိုက်သင့်တဲ့ အကျိုးခံစားခွင့်မရခြင်းတွေနဲ့ အသိအမှတ်ပြုမခံကြရပါဘူး။ ဒါ့ကြောင့် သင်တို့အနေနဲ့သာ အနုပညာကိုမြတ်နိုးတယ်ဆိုရင် အနုပညာရှင်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပန်းချီပြခန်းတွေသွားပြီး Support ပေးဖို့ တိုက်တွန်းချင်ပါတယ်။
🔸ယဥ်ကျေးမှု ကြွယ်ဝခြင်း
ပန်းချီပြခန်းတွေမှာ ယဥ်ကျေးမှုနဲ့ သမိုင်းအစဥ်အလာတွေကို မတူညီတဲ့ လက်ရာတွေနဲ့ ပြသလေ့ရှိပါတယ်။ ဒါ့ကြောင့် ပန်းချီပြခန်းတွေမှာ ယဥ်ကျေးမှုအမျိးမျိုးကို ဘယ်လိုအနုပညာလက်ရာတွေနဲ့ ဖော်ထုတ်ပြသမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ စူးစမ်းလေ့လာနိုင်ပါတယ်။ ဒီယဥ်ကျေးမှုနဲ့ သမိုင်းအစဥ်အလာတွေက သင့်ရဲ့ပညာရေးအတွက်လည်း အထောက်အကူပြုနိုင်ပါတယ်။
🔸စိတ်ကူးစိတ်သန်း
မိတ်ဆွေတို့ ကိုယ်တိုင်က သာမန်လူပဲဖြစ်စေ၊ အနုပညာသမားပဲဖြစ်စေ ပန်းချီပြခန်းမှာရှိတဲ့ အနုပညာလက်ရာတွေက မိတ်ဆွေတို့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ စိတ်ကူးစိတ်သန်းတွေကို အသစ်အသစ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
🔸အပန်းဖြေခြင်း
ပန်းချီပြခန်းလိုနေရာတွေက စိတ်အေးအေးနဲ့ အပန်းဖြေနိုင်ဖို့အတွက် အလွန်ငြိမ်သက်တိတ်ဆိတ်ပါတယ်။ အနုပညာဗဟုသုတရှိသူတွေ ပေါများတဲ့အတွက်ကြောင့်လည်း အပန်းလည်းဖြေ၊ ဗဟုသုတလည်း အချင်းချင်းမျှဝေနိုင်ပါတယ်။
ကဲ…ဒါတွေကတော့ ပန်းချီပြခန်း၊ အနုပညာပြခန်းတွေသွားရောက်လည်ပတ်မယ်ဆိုရင် ရရှိလာနိုင်မဲ့ အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်🤗
သူငယ်ချင်းမိတ်ဆွေတွေထဲ ပန်းချီကိုစိတ်ဝင်စားပေမဲ့ ပန်းချီပြခန်းကိုသွားဖို့ တွေဝေနေတဲ့ သူတွေရှိရင် ဒီစာလေးနဲ့ပဲ သေချာပေါက်သွားရောက်လည်ပတ်ဖို့ မျှဝေတိုက်တွန်းလိုက်ပါဦးနော်😍
05/07/2023
ရုံးမှာ တံဆိပ်တုံး ထုရတဲ့သူတွေရှိလား ❓
ဒါဆိုရင် တံဆိပ်တစ်ခါထုတိုင်း အကြာကြီးဖိရတဲ့အခိုက်အတန့်လေးတွေကို ကြုံဖူးကြမှာပေါ့ 🫢
မင်မရှိတော့တဲ့ Stamp Pad လေးကို အတင်းဖိ၊ အတင်းမင်ရအောင်လုပ်ပြီး Paper တွေပေါ်မှာ “ဒုံး”ခနဲမြည်အောင် ထု၊ ပြီးရင်လည်း အားကြီးနဲ့ ဖိထားသေးတယ် 😅
အဲ့လို့တွေ ခဏခဏ ကြုံနေရပြီဆိုရင်တော့ Git-Go က Stamp Pad လေးတွေ ဆောင်ထားဖို့ သင့်ပါပြီနော်။
👉အရောင်ထင်မှုအားကောင်းတယ်။
👉ကြာကြာလည်းခံတယ်။
👉အားကြီးနဲ့လည်း ထုစရာမလိုပါဘူး 😣
အဲ့လို Stamp Pad လေးကို လိုင်းပေါ်ကမှာလည်း ရသလို ဆိုင်မှာလည်း ကိုယ်တိုင်လမ်းကြုံဝင်ရင်း ဝယ်ယူအားပေးနိုင်ပါတယ်နော်။
💬 Page Messenger (or)
🏠မုဒိတာအိမ်ယာ (၂) မှာရှိတဲ့ Grand Mobile မှာ၀ယ်ယူနိုင်ပါတယ်ဗျ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11111
18/05/2024