Kant kow Engineering Group
22/01/2022
ငွေများများရအောင် ရှာထားပါ
***********************
ဖတ်ကြည့်နော်
ချမ်းသာတဲ့ ဇနီးမောင်နှံက
ပိုပြီး လိုက်ဖက်နေသလို
ပြည့်စုံတဲ့ မိသားစုရဲ့ကလေးတွေက
ပိုပြီး ချစ်စရာကောင်းတယ်။
ငွေတတ်နိုင်တဲ့ သူငယ်ချင်းက
ပိုခင်မင်ဖို့ ကောင်းသလို
အမ်းနိုင်တဲ့ ရည်းစားက
ပိုချစ်ဖို့ ကောင်းတယ်တဲ့။
အမွေပေးနိုင်တဲ့ မိဘတွေကိုမှ
သား သမီးတွေက
ပိုတွယ်တာချင်ကြသလို
ပြန်ပြီး ပေးနိုင်ကမ်းနိုင်တဲ့
သား သမီးတွေကိုမှ
မိဘတွေက ပိုပြီး ချီးကျူးကြတယ်။
ဒီလို ခေတ်ကြီးထဲမှာ
ချမ်းသာအောင် ကြိုးစားပါ။
ခေတ်ကိုက
ပိုက်ဆံရှိတဲ့သူတွေကိုပဲ
ဆွေမျိုးတော်ချင်ကြသလို
အပြောကောင်း အဖားကောင်းသူတွေက
နေရာပိုရကြတယ်။
ငွေကြေးက
မေတ္တာ သစ္စာ ချစ်ခြင်းတွေကို
မဝယ်ယူနိုင်ပေမဲ့
ငွေကြေးကြောင့်
လူတွေကို ပိုနီးလာအောင်
ခေါ်ထားနိုင်တယ်။
ချစ်ခြင်းတွေ ကြာရှည်အောင်
ဆွဲဆန့်ထားနိုင်တယ်
ပိုခိုင်မာစေနိုင်တယ်။
ငွေကြေးက
တချို့လူတွေရဲ့ အချိန်တွေက်ိုပါ
ဝယ်ယူနိုင်သေးသတဲ့။
ဒါကြောင့်
ကိုယ့်ကို ပိုလှ ပိုချော ပိုခင်
ပိုချစ်ဖို့ကောင်းစေချင်ရင်တော့
သေရင် သေသွားပါစေ
ငွေများများရအောင် ရှာထားပါ။
မူရင်း-Credit
မေတ္တာဖြင့်
အရှင်ပုည( ဝကုန်း )
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon