Best Mart

Best Mart

Share

Photos from Best Mart's post 19/08/2022

💁အပျင်းပြေအနေနဲ့ဘဲ စားမလား အမြည်းအနေနဲ့ဘဲ စားမလား 😋

အားလုံးအကြိုက်တွေ့မဲ့ အစေ့မျိူးစုံနဲ့ ပဲလှော်အစုံကို မှာယူလို့ရနေပါပြီနော်😘

👉ဒီပစ္စည်းလေးတွေကတော့ Shan Yoe Ma Distribution Group ကပဲဖြစ်ပါတယ်

👉မင်မင်တို့ LIVEPlaza ကနေလည်းမှာယူနိုင်ပါတယ်

လာမဲ့ စနေနေ့ (20.8.2022) ညနေ (7:00pm) live မှာလည်း

Shan Yoe Ma ရဲ့ပစ္စည်းတွေကို live အတွင်း သေချာလေးပြောပြပြီးပြပေးမှာမို့

Live sale အတွင်းစိတ်ကြိုက်ရွေးဝယ်ရုံ ဘဲပေါ့😊😘

Page messenger : m.me/bestmart

Hotline: 09-442766814ကိုလည်းဆက်သွယ်ပြီးမှာယူနိုင်ပါပြီ🥰

Deli သက်သာစိတ်ချစွာ LIVEPlazaမှာစျေးဝယ်ပါ





#လိုက်ပီကြိုက်ပီဝိုက်ပီ

09/09/2021

🦋စိတ်ဖိစီးမှုကို ဘယ်လို ထိန်းချုပ်မလဲ 👤...............................................................
✍ကျွန်တော်တို့ ဘဝ တွေမှာ လိုချင်တာတွေ မရတဲ့အခါ စီစဥ်ထားတာတွေ ဖြစ်မလာ တဲ့အခါ အလုပ်တွေများပြားလာတဲ့အခါ စဥ်းစားဆုံးဖြတ်ဖို့ခက်ခဲတဲ့ အခြေအနေတွေမှာ စိတ်ဖိစီးမှု တွေ ဖြစ်စေပါတယ် (အထူးသဖြင့် အခုလို အခြေအနေမျိုးမှာ လူတိုင်းနီးပါး စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်နေမှာ အမှန်ပါပဲ)🙁

အနည်းငယ်စိတ်ဖိစီးတာက ပြသာနာ မဟုတ်ပေမယ့် စိတ်ဖိစီးမှု မြင့်မားလာတာနဲ့ အမျှ ခန္ဓာကိုယ် ကို ထိခိုက်စေလာနိုင်ပါတယ်
ဒါ ကြောင့် စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ လိုပါတယ် 😦

စိတ်ဖိစီးမှု ဆိုတာ စိတ်ခံစားချက် အတွေးတွေကနေ ဖြစ်ပေါ််လာခြင်းဖြစ်ပါတယ် Negitive အတွေးတွေကြောင့် ခံစားချက်က ဆိုးလာပါတယ် အဲ့လို စိတ်ညစ်စရာကောင်းတဲ့အတွေးတွေ လွှမ်း မိုး လာတာနဲ့အမျှ စိတ်ဖိစီးမှု တွေ ဖြစ်လာပါတယ် 🙄

အဲ့လို အတွေးတွေကို စပြီး ခံစားလာရပြီ ဆိုတာ သိတာနဲ့

1.စိတ်ကိုလျော့ လိုက်ပါ (အသက်ရှုထုတ်လိုက်ပါ) ပြီးရင် ကိုယ့်ခန္ဓာကိုယ် ကို အာရုံစိုက်လိုက်ပါ မြေပြင်ပေါ်ထိုင်ပြီး ခြေထောက်နှစ်ချောင်းကို ဆန့်လိုက်ပါ (အကြောလျော့သလိုမျိုး)အသက်ကိုဖြေးဖြေးရှုပါ ဝင်လေထွက်လေကို အာရုံ စိုက်ထား ကြည့်ပါ. အပြည့်အဝ အာရုံစိုက်ကြည့်ပါ။ 🙆

2.စိတ်ရှုပ်စရာကောင်းတဲ့ အတွေးတွေနဲ့ ခံစားချက်တွေက ဘယ်ဟာအရေးကြီးလဲ ဆိုတာ ကို ဆုံးဖြတ်ဖို့ ခက်ခဲပါတယ်။ ဒီလို အခြေအနေတွေ မှာ ကိုယ့်ကို ဘယ်အရာက စိတ်ရှုပ်စေတာလဲ ဆိုတာ သတိထားကြည့်ပါ။ ပြီးရင် အဲ့အရာကို ထုတ်ဖော်ပြောကြည့်ပါ ဥပမာ 'ငါဒေါသ ထွက်နေတယ် ဆိုတာ သိတယ်' ပြီးရင် ဘယ်သူ့ကို ဒေါသထွက်နေတာလဲ ဘယ်အရာ ကို ဒေါသထွက်နေတာ လဲ ဆိုတာ စဥ်းစားကြည့်ပါ။ 🤷‍♀️

3.ကိုယ့်တန်ဖိုးကဘာလဲ ဆိုတာစဥ်းစားကြည့်ပါ။ ကိုယ်က ဘယ်လိုလူမျိုး ဖြစ်ချင်တာလဲဆိုတာ စဥ်းစားကြည့်ပါ။ ဥပမာ ကိုယ့်တန်ဖိုးက 'ကြင်နာဖို့လား' ' စိတ်ရှည်ဖို့လား' 'ကူညီဖို့လား' စသည်ဖြင့်ပေါ့။ နေ့တိုင်းနီးပါး ကိုယ်က ဘယ်လိုပုံစံနဲ့ ရှင်သန်ချင်တာလဲ ဆိုတဲ့ ကိုယ့်တန်ဖိုး ၂ခု ၃ခု လောက် စဥ်းစားကြည့်ပါ။ ပြီးရင် အဲ့ဒီပုံစံအတိုင်းလက်တွေ့ နေထိုင်ပါ။ ကိုယ် တန်းဖိုးထား သည်က ဘယ်လောက်ပဲ သေးငယ်နေပါစေ ကိုယ်ယုံကြည်တဲ့အတိုင်း ရှင်သန်ဖို့ လုပ်နိုင်သမျှ လုပ်ပါ။ 💁

4.ကျွန်တော်တို့ လူအများစုက ဒုက္ခရောက်နေတဲ့ အချိန်ဆို ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်ကြတယ်။ ကိုယ့်ကိုကိုယ်ဂရုစိုက်နိုင်မှ တခြားသူတွေကို ပိုပြီး ကူညီနိုင်မှာပါ ဒါမှ နှစ်ဦးနှစ်ဘက်အကျိုးရှိမှာပေါ့။
ကိုယ့်ကိုကိုယ် ကြင်ကြင်နာနာ ပြောဆိုကြည့်ပါ။ လူတစ်ယောက် ဒုက္ခရောက်နေတာ၊ ခက်ခဲနေတာ ကိုမြင်လျှင် ကိုယ် ဘက်က ဘယ်လိုကူညီပေးနိုင်မလဲ၊ ဘယ်လိုအားပေးနိုင်မလဲစဥ်းစားကြည့်ပါ🙋

ကျွန်တော်တို့ခံစားချက်တွေက ရာသီဥတုလိုပါပဲ အမြဲတမ်း ပြောင်းလဲနေတာပါပဲ မိုးရွာတဲ့အချိန်ရှိသလို နေသာတဲ့အချိန်ရှိမယ် အဓိကက မုန်တိုင်း ကျတဲ့အချိန် သူများကို မထိမိ ဖို့ပါပဲ။ အဲ့ဒီအတွက် ကိုယ့်ရဲ့ အတွေးတွေကို သတိထားကြည့်ပါ အဖြေရှာကြည့်ပါ။ ရင်ဆိုင်ကြည့်ပါ။💪

Ref: WHO

Photos from Best Mart's post 06/09/2021

ကိုယ်ပိုင်နေရာ လေး တစ်ခု ရှိဖို့က အရေးကြီးလား

-ခက်ခဲရှုပ်ထွေး လှတဲ့ လောကကြီးမှာ နေရတာ ပင်ပန်းလှပါတယ် အဲ့ဒီလို အချိန် ခဏလောက်အပန်းဖြေ နားခိုဖို့အတွက် ကိုယ်ပိုင်နေရာလေးကလိုအပ်ပါတယ်

-ကိုယ့်ရည်မှန်းချက်တွေ အတွက် တစ်နေ့တာလုံး ရုန်းကန် လှုပ်ရှား ပြီးနောက် ညအချိန်ခဏလောက် အနားယူ ပြန်လည်အားဖြည့်ဖို့ ကိုယ်ပိုင်နေရာလေးက လိုအပ်ပါတယ်

-လူရည်လို့ ဖြစ်လာချိန်မှာ ဝမ်းနည်းမှုတွေ ရှုံးနိမ့်မှုတွေ ကတော့ ရှိမှာပါပဲ စိတ်ဓာတ်ကျနေချိန်မှာ ကိုယ့်ကိုကိုယ် ပြန် လည် ဆန်းစစ်ပြီး ရှေ့ဆက်လျှောက် နိုင်ဖို့ ကိုယ်ပိုင်နေရာလေးက လိုအပ်ပါတယ်

ကိုယ်ပိုင်နေရာလေးတွေ ကို အလှဆင်ခြင်းက စိတ်ရှုပ်ထွေး မှုတွေကို ဖယ်ရှာပေးပြီး အတွေးအခေါ်အသစ်တွေ ဖြစ်ပေါ်စေပါတယ်

မွန်းကြပ်လှတဲ့ ဒီ နှစ် တွေ မှာ ခဏလောက်ပဲ ဖြစ်ဖြစ် အရာအားလုံးကို မေ့ပြီး ကိုယ်ပိုင်နေရာ လေးတွေမှာ အနားယူဖို့ မမေ့ကြပါ နဲ့နော်

Photos from Best Mart's post 28/08/2021

Just wanna go away from a toxic crowded city...🖤

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon