Knowledge sharing by Aung

Knowledge sharing by Aung

Share

19/04/2024

တကယ်တော့ လက်ပံဟာ ဘယ်တုန်းကမှ ရုပ်မဆိုးခဲ့ပါဘူး....

ရုပ်ဆိုးသူရုပ်လှသူ ခွဲခြားတတ်တဲ့ကမ္ဘာကြီးကသာ ....

ရုပ်ဆိုးတာပါ.....

ကိုယ်မြတ်နိုးရင် ကြွေနေတဲ့ လက်ပံတောင်....

သဇင်နဲ့တန်းတူလှပါတယ်......🌺

✍️🌻လင်းခေတ်

12/03/2024

ကိုယ့်မာန နဲ့ မင်းဆို ကိုယ့်မာနကိုဘဲရွေးဖြစ်မယ်ထင်တယ် ...

မင်းက ဒီလူအုပ်ထဲက ဒီလူပါဘဲ...

ကိုယ်ကတော့ ကိုယ့်ကမ္ဘာရဲ့ ၕကရာဇ်ပေါ့ ...🌻

လင်ခေတ်

Crd photo to owner.

15/11/2023

“ကိုယ်စထားတဲ့ ကိစ္စတစ်ခုကို ပြီးဆုံးအောင် လုပ်တတ်တဲ့အကျင့်”

🔳 မဆုတ်မနစ် အလုပ်လုပ်တတ်သူ၊ ဇွဲကောင်းတဲ့သူ၊ ကောက်ရိုးမီး မဟုတ်တဲ့သူဖြစ်ကြောင်း တိုင်းတာတဲ့ ပေတံတွေထဲမှာ ဒီတစ်ချက်လည်း ပါတယ်။

Finish what you started.

🔳 ဘယ်နယ်ပယ်မှာမဆို Entry level က လူအများဆုံးပဲတဲ့။ တကယ်လည်း ဟုတ်တယ်။ အဆိုပြိုင်ပွဲ ဝင်ဖူးတဲ့သူတွေ အများကြီး။ အဆိုတော်အဖြစ် နှစ်ရှည်လများ ရပ်တည်နိုင်တဲ့သူကသာ အတော်ရှားတာ။

အာရုံစူးစိုက်ခြင်း၊ ဇွဲကောင်းခြင်း၊ တစိုက်မတ်မတ် လုပ်တတ်ခြင်း၊ ရှုံးနိမ့်မှုတွေ ကြုံရလည်း လက်မလျှော့တတ်ခြင်း၊ ကိုယ်ပိုင်စည်းကမ်း ရှိခြင်း၊ လက်တွေ့အလုပ်လုပ်ခြင်း၊ ဒီအချက်တွေ အများကြီး လိုအပ်တယ်။ ဘယ်ကိစ္စမဆို စရတာကတော့ လွယ်တယ်။ ဆုံးခန်းတိုင်အောင် လုပ်တတ်ဖို့ကသာ ခက်တာ။

🔳 Relationship တွေမှာလည်း ဒီလိုပဲ။ ရည်းစားဖြစ်ရတာ သိပ်လွယ်တယ်။ အိမ်ထောင်ပြုတဲ့အထိ ရောက်လာဖို့ကျ ခက်သွားပြီ။ အဲဒီမှာမှ ​မြေး​တွေ မြစ်​​တွေ ရတဲ့အထိ နှစ်ရှည်လများ မြဲနေဖို့ကျ အတော်ခဲယဉ်းသွားပြီ။ ဖူးစာတွေ၊ ရေစက်တွေလို့ ပြောကြပေမဲ့ တကယ်တမ်းတော့ နှစ်ဖက်စလုံးရဲ့ အားစိုက်ထုတ်မှု (Effort) တွေက အဓိက လိုအပ်တာ ဖြစ်တယ်။ ကတိကဝတ်လို့ ခေါ်တဲ့ Commitment တွေ လိုတယ်။ နည်းနည်းလေး အဆင်မပြေတာနဲ့ လက်မလွှတ်လိုက်ဖို့ လိုတယ်။

ဒါကြောင့် ဆုံးခန်းတိုင်အောင် လုပ်တတ်တဲ့ အလေ့အကျင့်ဟာ Personal ရော Professional life အတွက်ပါ သိပ်အရေးကြီးတယ် ပြောရမယ်။

🔳 ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ပါ။ ၁၀ မှတ်ပေးခွင့်ရမယ်ဆို ဘယ်နှမှတ်လောက် ရမယ် ထင်သလဲ။

• အပ်ထားပြီး ဆက်မတက်ဖြစ်တဲ့ သင်တန်းတွေ အများကြီး ဖြစ်နေပြီလား။

• ဘာသာစကား တစ်ခုခုကို စိတ်ကူးပေါက်တုန်း ၁၀ ရက်လောက် လေ့လာလိုက်၊ နောက်တော့ ပြန်ပစ်ထားလိုက်၊ ဖြစ်နေသလား။

• Gym ကို လစဉ်ကြေးတွေ သွင်းသွင်းပြီး သွားလုပ်ကျွေးသလို ဖြစ်နေလား။

• ဖေ့စ်ဘွတ်ပေ့ချ်မှာ Content တွေ တင်လိုက်၊ မတင်လိုက် ဖြစ်နေလား။

• ဘယ်တော့မှလည်း မပြည့်မြောက်တဲ့ Challenge တွေ တစ်ခုပြီးတစ်ခု ခေါ်မိနေသလား။

ဒါဆို ကိုယ်ဟာ ကောက်ရိုးမီး စိတ်ဓါတ်ပိုင်ရှင် ဖြစ်နေတာကို သတိထားပါလိမ့်မယ်။

🔳 အဲဒီလို ဖြစ်ရတဲ့ အကြောင်းရင်းတွေကို ပြောရမယ်ဆိုရင် -

• ကိစ္စတစ်ခုကို သေချာမစဉ်းစားဘဲ စတင်မိတာ
• မဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေ ချထားတာ
• သူများလုပ်တာ မြင်ပြီး လိုက်ယောင်မိတာ
• ဇွဲမရှိတာ၊ လက်လျှော့လွယ်တာ
• အာရုံစူးစိုက်မှု အားနည်းတာ
• ပတ်ဝန်းကျင်ကောင်းကို အရင်မတည်ဆောက်ထားတာ စတဲ့ အချက်တွေကို တွေ့နိုင်ပါတယ်။

🔳 လက် ၃ ချောင်းမှ မထောင်ရင် SP လုပ်ခံရတော့မှာပဲ ဆိုပြီး အထောင်ပြတာက တာရှည်မခံပါဘူး။ ဘာလို့ဆိုတော့ ကိုယ့်အတွင်းထဲကနေ လာတဲ့ လှုံ့ဆော်မှု (Intrinsic motivation) မဟုတ်လို့ပါ။

တစ်လတိတိ ဘီယာဖြတ်မယ် ပြောထားပြီး သောက်တတ်တဲ့ သူငယ်ချင်းတွေနဲ့ ညဘက် အပြင်ထွက်နေသရွေ့တော့ တစ်လမပြောနဲ့၊ တစ်ပတ်တောင် ရှောင်နိုင်ဖို့ မလွယ်ပါဘူး။ ဘာလို့ဆိုတော့ ပတ်ဝန်းကျင်ကောင်းမှာ ရှိမနေလို့ပါ။

ဒီတော့ စလုပ်မယ်လို့ မဆုံးဖြတ်ခင် ကြိုတင်စဉ်းစားပါ။ ပြင်ဆင်ပါ။ ပြီးမှ ကတိပြုပါ။ ပြုတဲ့အတိုင်း ဆုံးခန်းတိုင်အောင် လုပ်ပါ။

🔳 တကယ်တော့ ဒါဟာ လူတွေရဲ့ ပင်ကိုယ်စရိုက် မဟုတ်ပါဘူး။ ပျိုးထောင်လို့ရတဲ့၊ ပြောင်းလဲလို့ရတဲ့ အမူအကျင့်သာ ဖြစ်ပါတယ်။

အဲဒီအချက်ကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတယ်။ မဟုတ်ရင် ပုံသေပဲ၊ ပြုပြင်လို့ မရဘူးလို့ ထင်နေတဲ့အခါ ပြောင်းလဲဖို့ ပျက်ကွက်သွားတတ်ပါတယ်။

🔳 ဥပမာ စာအုပ်တစ်အုပ်ကို ဖတ်မယ် ဆိုပါတော့။ တချို့စာအုပ်တွေက အဖုံးသာ လှတာ။ နာမည်ကိုသာ စိတ်ဝင်စားစရာကောင်းအောင် ပေးထားတာ။ ဖတ်လို့ အဆင်မပြေတာတွေ ရှိတယ်။ ဥပမာ ဘာသာပြန်စာအုပ်တချို့လိုပေါ့။ ဖတ်ကြည့်လိုက်တယ်။ ၁၀ မျက်နှာလောက် နေတော့ ပျင်းပြီး နောက်တစ်အုပ် ပြောင်းဖတ်။ ဒီလိုနဲ့ ဖတ်လက်စတွေ ပုံနေတော့တယ်။

အဲဒီအစား ဒီလိုလေး ပြောင်းလုပ်ကြည့်။

🔳 မဖတ်ခင် သေချာစဉ်းစား။ အမြည်းလေးဖြစ်ဖြစ် အရင်ဖတ်ကြည့်။ ဟုတ်ပြီ။ ဖတ်ရအဆင်ပြေတယ်၊ ကိုယ်လည်း စိတ်ဝင်စားတယ်ဆို ဒီစာအုပ်ကို အဆုံးထိ ဖတ်ဖို့ ရွေးလိုက်။ ဒါ မပြီးမချင်း နောက်တစ်အုပ်ကို လုံးဝစမဖတ်နဲ့။ နောက်ထပ်စာအုပ်အသစ်ကို မဝယ်နဲ့။

ဘာမဟုတ်တဲ့ သေးသေးလေးလို့ ထင်ရပေမဲ့ အဲဒါက စာဖတ်တာကို ထိထိရောက်ရောက် လုပ်လာနိုင်စေသလို ဆုံးခန်းတိုင်အောင် လုပ်တတ်တဲ့ အလေ့အထကိုပါ ပျိုးထောင်ရာ ရောက်တယ်။ အာရုံစူးစိုက်နိုင်လာမယ်။ တခြားဖတ်ချင်စရာတွေက ဆွဲဆောင်နေတာကိုလည်း တောင့်ခံနိုင်လာမယ်။

🔳 ထမင်းစားရင် စားနိုင်သလောက်ပဲ ပန်းကန်ထဲ ထည့်။ ပြီးရင် ကုန်အောင်စား။ ပန်းကန်ထဲ ဘာမှ ချန်မထားခဲ့နဲ့။

ဘာသာရေးအရ အဓိဌာန်လုပ်ကြတယ်။ အစာရှောင်ကြတယ်။ ဥပုသ်စောင့်ကြတယ် ဆိုတာလည်း လောကီရှုထောင့်အရ ကြည့်ရင် ဆုံးခန်းတိုင်အောင် လုပ်တတ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ဖို့ လေ့ကျင့်နေခြင်းသာ ဖြစ်ပါတယ်။

🔳 အဲဒီလိုလေးတွေကနေ စပြီး ပြောင်းလဲကြည့်။ ဒီအလေ့အထကို ပျိုးထောင်ကြည့်။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု သိသိသာသာ မြင့်တက်လာတာကိုလည်း ခံစားမိပါလိမ့်မယ်။

ပြောင်းပြန်အနေနဲ့ အဲဒီလို လုပ်လက်စ၊ ကြည့်လက်စ၊ ဖတ်လက်စတွေ များလွန်းလာတဲ့အခါ Self-esteem ကျလာတတ်ပါတယ်။ အကုန်တိုးလိုးတန်းလန်း ဖြစ်နေတာကိုး။ ဘာပြီးမြောက်မှုမှလည်း မရှိတော့ အသုံးမကျဘူးလို့ ခံစားလာရတော့တာပေါ့။

ဒါကြောင့် ‘လက်စ’ တွေကို ‘သတ်’ တတ်ဖို့ သိပ်အရေးကြီးပါတယ်။ ဒါသည် အပျော်တမ်းသမားနဲ့ ပရော်ဖက်ရှင်နယ်တွေကြားက ခြားနားချက်တစ်ခုလည်း ဖြစ်ပါတယ်။

🔳 ကောက်ရိုးမီးစိတ်ဓါတ်နဲ့တော့ ကိုယ့်အတွက်ရော အများအတွက်ပါ ကြီးကျယ်ခမ်းနားတဲ့ ဘယ်လိုအပြောင်းအလဲကိုမှ ယူဆောင်လာပေးနိုင်မှာ မဟုတ်ပါဘူး။

ဒေါက်တာ ဖြိုးသီဟ
၇.၁၁.၂၀၂၃
Dr. Phio Thiha

Photo credit - Pixabay

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon