ELA-English Language Academy
Business English (1) စီပွါးရေးသုံး အင်္ဂလိပ်စကား(၁)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
The English expressions you are using in your daily business operation are called Business English.
သင် နေ့စဉ် စီးပွါးရေးလုပ်ငန်းတွေမှာ သုံးရတဲ့ အင်္ဂလိပ်စကားဟာ စီးပွါးရေးသုံး အင်္ဂလိပ်စကားပါ။
Holding a meeting အစည်းဝေးကျင်းပခြင်း
…………………………..
(1) Greeting နှုတ်ဆက်ခြင်း
-Hi/ Hello/ Good morning.
- How are you? I am fine, thank you. How about you?နေကောင်းလား ကောင်းပါတယ်။ ကျေးဇူး။ ခင်ဗျားရော ..
- How do you do? < reply > How do you do?အဆင်ပြေ နေကောင်းရဲ့လား အဆင်ပြေတယ်မဟုတ်လား
- Nice to meet you. < reply > Nice to meet you too.
တွေ့ရတာဝမ်းသာပါတယ် ဒီကလည်း တွေ့ရတာ ဝမ်းသာပါတယ်
- How is everything going on (with your department/ company)? < reply > It’s pretty fine.
အခြေနေ ဘယ်လိုလဲ ( ဌာနမှာ / company မှာ)အဆင်ပြေလား? < reply > တော်တော်ပြေပါတယ်
- It has been a long time since we met(each other)/
- Long time no see, Mr …
မတွေ့ရတာ ကြာပြီနော် ဦး…../
< reply > Yes, Are you still working ( on the ….. project…/ for ….. company)?
ဟုတ်ကဲ့ ခင်ဗျားရော …….စီမကိန်း/ company မှာ လုပ်တုန်းလား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(2) Introducing မိတ်ဆက်ခြင်း
(2.1) Introducing yourself ကိုယ်တိုင် မိတ်ဆက်ခြင်း
- I am ( name / title)from …. department/ company.
ကျွန်တော်ကတော့… (အမည် နဲ့ ရာထူး)……ဌာန / အဖွဲ့စည်းကပါ။
- My name is ……. and my (duty/ responsibility )( here/ in … company) is ( to V1 / for Ving.)
ကျွန်တော့် နာမည်က ……. ပါ ကျွန်တော့် တာဝန်က ( ဒီမှာ/ ဒီကုမ္ပဏီမှာ ………. (လုပ်)ဖို့ပါ။
- My name is ….. and here is my visiting card.
ကျွန်တော့်နာမည်က …ပါ ဒီမှာ ကျွန်တော် အလုပ် ကတ်ပြားပါ။
- Let me introduce myself, my name is…
ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော့်နာမည်က….ပါ။
- May I introduce myself first? I am ……
ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော်က…
(2.2) Introducing someone with somebody
လူတယောက်ကို အခြားသူနဲ့ မိတ်ဆက်ပေးခြင်း
- This is Mr. / Ms. ဒါက ဦး …../ ဒေါ် ……..ပါ။
- Have you ever met Mr. /Ms. before?
အရင်က ဦး ……နဲ့ ဆုံဖူးပါသလား။
- May I /Let me introduce you with Mr. / Ms?
ကျွန်တော် ခင်ဗျားကို ဦး …/ ဒေါ် …နဲ့ မိတ်ဆက်ပေးပါရစေလား။
< reply> ထိုအခါ ပြန်ပြောရန်
- Oh, nice to meet you.
ဪ .. တွေ့ရတာ ဝမ်းသာပါတယ်။
- I am so pleased to meet you. တွေ့ရတာ အလွန်ဝမ်းသာပါတယ်။
- It has been a great honor to meet you, sir. ( With president / minister or high ranking officer)
တွေ့ရတာ ဂုဏ်ယူဝမ်းမြောက်လှပါတယ် ခင်ဗျာ။
(သမ္မတ/ ဝန်ကြီးလို ရာထူးကြီးသူနှင့်တွေ့ဆုံလျှင်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(3) Starting a meeting (ceremony/ seminar/ event/ )
အစည်းဝေး စတင်ခြင်း / (သို့) အခမ်းအနား၊ ဆွေးနွေးပွဲ/ အထိမ်းအမှတ်ပွဲ
- Firstly/ Initially/ …ဦးစွာ ပထမ..
- To begin with .. ။
- It’s the time to start the meeting.အစည်းအဝေး စတင်ရန် အချိန်ကျပါပြီ။
- Shall we begin? စလိုက်ကြမယ်
- Has everyone already arrived at the meeting?
အစည်းအဝေးကို လူစုံရောက်ပြီလား
- Let us start today’s meeting.
ဒီနေ့ အစည်းဝေး ကို စလိုက်ပါစို့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(4) Moving on to another part
နောက်ထပ်အစီအစဉ်များကို ဆက်လက်ကျင်းပခြင်း
- Second/ For the second part
ဒုတိယပိုင်း အစီစဉ် အနေနဲ့…
- Next/ After that../ Afterwards..
နောက်ထပ် / ပြီးတဲ့နောက်
- Again../ And then..ထပ်မံပြီး / ဆက်လက်ပြီး
- Let’s get going on to the second part.
ဒုတ်ယ အပိုင်း/ အစီစဉ်ကို ဆင်လက်ကြပါစို့
- Shall we move on to another slide?
နောက်ထပ် slide ကို သွားကြပါစို့လား
- We shall be going on to….
….. အပိုင်းကို ဆက်သွားပါမယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(5) Presenting the (idea/ facts / information )
ဆွေးနွေးတင်ပြခြင်း ( စိတ်ကူး/ အချက်လက်/ သတင်း)
- Let me share ( the screen/ data/ information/ )
Share ခွင့်ပြုပါ
- This is all about…/ ဒါဟာ….. ပါပဲ
- This ( table/ graph/ chart/ slide )shows that…
ဒီ (ဇယား/ ပုံစံ/ မျဉ်းကွက်/ ကားချပ် ) က ပြနေတာက..
- According to the ( data/ survey/ market research/ previous…..) I think/ believe…/ My view is..
( အချက်လက်/ စစ်တမ်း/ စျေးကွက်သုတေသန/ အရင် ….) အရ…… ကျွန်တော် အမြင်က..
- What I would like to (present is about../ share is )..
ကျွန်တော် တင်ပြချင်တာက../ဝေမျှချင်တာက…
- My suggestion is that..
ကျွန်တော် အကြံပြုလိုတာက
- As I have mentioned earlier….
ကျွန်တော် အရင်က ဖော်ပြခဲ့သလိုပဲ…..
- The (problem/ issue/ drawback) of….. is…..
…. နဲ့ပတ်သတ်တဲ့ ပြသနာ/ အရေး/ ဆိုးကျိုး) က…
and the solution is that…. ပြီးတော့ ဖြေရှင်းချက်က..
- What we have to do is to V1.
ကျွန်တော်တို့ လုပ်ဖို့လိုတာက ….ဖို့ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(6) Inviting the questions
မေးခွန်းများကို ဖိတ်ခေါ်ခြင်း
- Any question? မေးစရာရှိပါသလား
- Is there any question to ask/ raise? မေးစရာ မေးခွန်းရှိရင် မေးပါ။
- Please feel free to interrupt me at anytime to raise your questions.မေးခွန်းမေးစရာရှိရင် အချိန်မရွေး ကြားဝင်ဖြတ်မေးနိုင်ပါတယ်။
- Are there any point to clear up so far? အခုအထိပြောတာကို မရှင်းတာရှိပါသလား
- Is there anything you would like to know? Please raise your hand. သိချင်တာ တခုခုရှိပါသလား။ လက်ထောင်ပေးပါ။
- Are you clear with that so far?ဒါကို ခုထိ ရှင်းပါတယ်နော်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(7) Raising the questions
မေးခွန်းမေးခြင်း
- Why is it (so) adj/adv ( expensive/ pricey/ out of stock) like that?
ဘာကြောင့် အခုလောက် (အရမ်း/ သိပ်ပြီး ) စျေးတက်/ စျေးမြင့်/ စျေးကွက်မှာ ပစ္စည်းပြတ်…..နေတာပါလဲ
- Is it (Ok/ possible for/ legal to/ affordable for )the company to V1/ for Ving ?
Company အတွက်က ……. (တခုခု)မယ်ဆိုရင် ( အဆင်ပြေ/ ဖြစ်နိုင်/ တရားဝင်/ တတ်န်ိုင်မှုရှိ) ပါ့မလား
- What would you do if there is any problem in…
( marketing/ logistics/ administration/ customer service/ maintenance/ purchasing/ research and development/ production) department?
အကယ်၍ … ( စျေးကွက်/ ထောက်ပို့/ စီမံ/ ဖောက်သည် ထိမ်းသိမ်းရေး/ ပြုပြင်ထိမ်းသိမ်းရေး/ အဝယ်/ သုတေသနဖွံ့ဖြိုးရေး/ ထုတ်လုပ်ရေး) ဌာနမှာ တခုခု ပြသနာရှိခဲ့ရင် ခင်ဗျား ဘယ်လိုလုပ်မလဲ
- Any other alternative solutions?
တခြား / နောက်ထပ်တမျိုး ဖြေရှင်းချက် ကရော
- Could you (explain/ illustrate/ elaborate ) it in more details?အသေးစိတ် နောက်ထပ် ရှင်းပြ/ သက်သေပြ/ သရုပ်ခွဲပြပေးနိုင်မလား
- More (data in depth /precise information ) is required for your ( project / plan/ decision).
မင်းရဲ့ ( စီမံကိန်း/ ဆုံးဖြတ်ချက် )အတွက် နောက်ထပ် ထဲထဲဝင်ဝင်ရှိတဲ့ (အချက်လက်/ တိကျတဲ့ သတင်း) လိုအပ်တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(8) Suggesting အကြံပေးခြင်း
- (What/ How) about Ving? တခုခု …..ရင် ဘယ်လိုလဲ
- Why don’t you V1? ဘာလို့ မ… လုပ်တာလဲ( တကယ်က လုပ်သင့်တာ)
- If I were (you / a staff/ the manager) in your department, I would V1.
အကယ်၍် ကျွန်တော်သာ ခင်ဗျား/ ခင်ဗျားတို့ဌာနက မန်နေဂျာ ဆိုရင် ၊ ကျွန်တော် ….. မှာပဲ။
- It would be a better idea to V1./
…. တာ ပိုကောင်းမယ် ထင်တယ်
- Please try to find (another option/ a win-win solution).
နောက်ထပ် ရွေးချယ်စရာ / နှစ်ဘက်လုံး အဆင်ပြေတာ မရှိဘူးလား။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(10) Agreeing သဘောတူညီခြင်း
- That’s a good idea./ What a great (idea/ suggestion/ proposal/ presentation )!
ကောင်းလိုက်တဲ့ စိတ်ကူး / အကြံ / အကြံပြုချက် / တင်ပြချက်ပါ။
- I ( entirely/ totally/ absolutely/ partly/ somewhat) agree with your ( idea/ standing point/ perspective / suggestion/ proposal/ ..)
ကျွန်တော် ခင်ဗျားရဲ့ (စိတ်ကူး၊ ရပ်တည်ချက်၊ အမြင်၊ အကြံပြုချက်/ တင်ပြချက်)ကို (လုံးဝကို / တစိတ်တပိုင်းလောက်) သဘောတူပါတယ်။
- It is such a perfect idea. I really appreciate it.
တော်တော်ကောင်းတဲ့ စိတ်ကူးပါပဲ။ တကယ် သဘောကျပါတယ်။
- I don’t find any point to object in that.
ကန့်ကွက်စရာ အချက်ကိုမတွေ့ပါဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(11) Disagreeing ကန့်ကွက်ခြင်း
- I don’t think so.
ကျွန်တော်တော့ အဲလို မယူဆပါဘူး။
- / Sorry but I don’t agree with you.
အားနာပါတယ်။ သဘောမတူပါဘူး။
- What’s that point ( for N/ in doing like that)?
…. ဘာအတွက်ပါလဲ၊၊ ( ဒါမျိုးလုပ်ဖို့)
- I find no solid reason for N/ Ving.
…. ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် ရှာမတွေ့ပါ။
- That’s not a good idea to V1.
…… တာ စိတ်ကူးကောင်း မဟုတ်ပါ။
- It’s (illegal / unprofessional ) for us to carry out that.
ဒါကို လုပ်ဆောင်ဖို့ ကျွန်တော်တို့အတွက် တရားမဝင်/ လုပ်ငန်းရှင်မဆန်ပါဘူး။
- I object your idea.
ခင်ဗျားအကြံကို ကန့်ကွက်ပါတယ်။
- There is no point in Ving. Please do reconsider.
….. ဖို့ အကြောင်း လုံးဝမရှိပါဘူး။ ပြန်လည် သုံးသပ်ပေးပါ။
- I stand the opposite side of your dimension.
ကျွန်တော်က ခင်ဗျားနဲ့ ဆန့်ကျင်ဘက် ရှုထောင့်ကနေ ရပ်တည်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(12) Concluding the meeting ( ceremony / event/ seminar/ )
အစည်းအဝေးကို နိဂုံးချုပ်ခြင်း ( အခမ်းအနား/ ပွဲ / ဆွေးနွေးပွဲ)
- Finally,
အခုနောက်ဆုံး အနေနဲ့
- To end up / In conclusion
နိဂုံးချုပ်အားဖြင့်
- To conclude the meeting…
အစည်းဝေးကို နိဂုံးချုပ် လျှင်
- It’s time to end up the meeting today.
ယနေ့ အစည်းဝေးကို နိဂုံးချုပ်ဖိုါ အချိန်ကျပါပြီ။
- This is the end of today’s meeting.
ဒါ ယနေ့ အစည်းဝေးရဲ့ အဆုံးသတ်ပဲ ဖြစ်ပါတယ်။
- The (meeting for…/ ceremony at..) has come to an end.
အစည်းဝေး / အခမ်းနား ပြီးမြောက်ပါပြီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
This is dedicated to my old friend and the other business persons who may find this post useful for their career.
credit
28/07/2022
Miscellaneous vocabulary with the pictures.
ELA
ESL.com
Design credit
21/07/2022
👇Would you like to be efficient in your career ?👇
- သင့်ရဲ့ အလုပ်ထဲမှာ သွက်သွက်လက်လက် ထက်ထက်မြက်မြက် ဖြစ်ချင်ပါသလား။
*Say yes and boost your business English without hesitation.💼🎓🗞
- ဟုတ်ပါတယ်၊ သေချာပါတယ် Business English ကိုသာ အမြန်လေ့လာထားလိုက်ပါ။
* Life is too short to stop, think and pray.
So, Just play with it. 🧩🎲
ဘဝက ရပ်တန့် တွေဝေ စဉ်စား ဆုတောင်းနေဖို့ အချိန်မရှိပါ။
ဒါကြောင့် ဘဝအတွက် အကောင်းဆုံး ကစားသမား လိုကစားလိုက်ပါ။
And.. ပြီးတော့
*Speak business English 🗣
စီးပွါးရေးသုံး အင်္ဂလိပ်စာ၊ စကားသာ ပြောတတ်သုံးတတ်ဖို့ သင်ကြိုးစားလိုက်ပါ။ ❤️😊
Teacher Wai
ELA- English Language Academy
Address :663-A, Thanlyin-Kyauktan road, Phayagone junction, Thanlyin, Yangon, Myanmar.
Contact. : +959 756 422 80
04/07/2022
ELA မှာ .. အဂ်လိပ်ဘာသာ 4skills ( basic ၊ intermediate ၊ advanced) အတန်းများအပြင်..
အချိန် ကာလ အတန်ကြာ ရပ်နားထားခဲ့တဲ့..
ဂျပန် ဘာသာ 4 skills N4 / N5 အတန်းများ ရဲ့ စာသင်ဝိုင်းတွေ ပြန်လည်စတင်တဲ့ အချိန်မှာ..
သင်တန်းကို ရည်မှန်းချက်ရှိရှိ ဇွဲရှိရှိနဲ့ ဆက်လက်တက်ရောက် သင်ယူနေကြတဲ့ ကျောင်းသား ကျောင်းသူ တဦးချင်းစီကို ကျေးဇူး ဥပကာရ တင်ရှိပါကြောင်း..
ELAရဲ့ Japanese class စာသင်ဝိုင်းလေးရဲ့ နှစ် ၂၀ ပြည့် နှစ်ပတ်လည် အမှတ်တရ အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတယ်။
Teacher Wai
663 A, သန်လျင် -ကျောက်တန်း လမ်းမ၊ ဘုရားကုန်းလမ်းဆုံ၊ သန်လျင်မြို့၊ ရန်ကုန်တိုင်း။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
663 A, Thanlyin/Kyauktan Road, Phayagone Junction, Thanlyin
Yangon
11291-11293