Rotary Club Of Metro Yangon

Rotary Club Of Metro Yangon

Share

Photos from Rotary Club Of Metro Yangon's post 03/10/2026

E-Sports ဥက္ကဌ ဒေါက်တာကောင်းမြတ်စံ နှင့် မြန်မာနိုင်ငံကိုယ်စားပြု Esports အားကစားသမားများ၏ ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လနှင့် စည်းလုံးညီညွတ်မှုတို့ကို လေးစားဂုဏ်ယူပါသည်။ 🇲🇲

နိုင်ငံတကာအဆင့်တွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုယှဉ်ပြိုင်နိုင်ခြင်းသည် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ရပ်ဖြစ်ပါသည်။

ယခုထက်ပိုမိုသော အောင်မြင်မှုများ ရရှိပြီး မြန်မာနိုင်ငံ၏ အလံတော်ကို နိုင်ငံတကာအလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာ လွှင့်ထူနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ပံ့ပိုးပေးသူများ၊ ကူညီဆောင်ရွက်ပေးကြသူများနှင့်၊ မြန်မာ့လူငယ်များ၏ အရည်အချင်းနှင့် ကြိုးစားမှုများအတွက် Rotary Club of Metro Yangon မှ ဂုဏ်ယူဝမ်းမြောက်ပါသည်။ 🇲🇲🏆👏

01/10/2026

၂၀၂၀ မှ စတင်ခဲ့သော RCMY ၏ မှတ်တမ်းတင်ထိုက်သည့် လူမှုအကျိုးပြုလုပ်ငန်းများနှင့် ရေရှည်တည်တံ့သော အကျိုးသက်ရောက်မှုများ

၂၀၂၀ ခုနှစ်မှ စတင်ခဲ့သည့် Rotary Club of Metro Yangon (RCMY) ၏ ခရီးစဉ်တစ်လျှောက် မှတ်ကျောက်တင်ထိုက်သည့် လူမှုအကျိုးပြုစီမံကိန်းများစွာကို အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

အထူးသဖြင့် ရေဘေး၊ ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအတွက် မတူညီသော အဖွဲ့အစည်းများ၊ မိတ်ဖက်များနှင့် ပူးပေါင်းကာ စနစ်တကျ ပံ့ပိုးကူညီမှုများမှသည် ရေရှည်တည်တံ့ခိုင်မြဲသော ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာများအထိ ချမှတ်အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီး ဖြစ်ပွားခဲ့ချိန်တွင် 3Rs – Rescue, Recover and Rebuild ဟူသည့် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များ၏ အရေးပါမှုကို လက်တွေ့အကောင်အထည်ဖော်ရင်း ဖော်ဆောင်နိုင်ခဲ့ပါသည်။

ထို့အပြင် ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည့် အင်းလေးဒေသတွင်လည်း Rotary နှင့် KBZ Foundation တို့ ပူးပေါင်းကာ Rotary–KBZ Village ကို တည်ဆောက်ပေးနိုင်ခဲ့ပြီး၊ အရေးပေါ်အကူအညီပေးအပ်ခြင်းကို ကျော်လွန်၍ ဒေသခံများ၏ လူမှုစီးပွားဘဝ တိုးတက်လာစေရန် Community-Based Economic Development Program များကိုပါ ဆက်လက်အကောင်အထည်ဖော်လျက်ရှိပါသည်။

လူတစ်ဦး၏ ကိုယ်ခန္ဓာပေါ်တွင် ခံစားရသည့် ဒုက္ခများသည် မြင်တွေ့နိုင်သကဲ့သို့ ထိုဒုက္ခများကို ကူညီဖေးမပေးနိုင်မည့်သူများလည်း ရှိကြပါသည်။

သို့သော် လူတစ်ဦး၏ ဘဝတစ်ခုလုံးကိုပင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ပြောင်းလဲသွားစေနိုင်သည့် စိတ်ဒဏ်ရာ၊ စိတ်ခံစားမှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုများကိုမူ အပြင်ပန်းမှ မြင်တွေ့ရန် မလွယ်ကူပါ။

ထို့ကြောင့် သဘာဝဘေးအန္တရာယ်များအပြီး ပြန်လည်ထူထောင်ရေးဆိုသည်မှာ အဆောက်အအုံများ၊ အခြေခံအဆောက်အအုံများကို ပြန်လည်တည်ဆောက်ပေးရုံသာမက လူသားတို့၏ စိတ်ခွန်အား၊ ယုံကြည်မှုနှင့် အနာဂတ်အတွက် မျှော်လင့်ချက်များကိုပါ ပြန်လည်ရှင်သန်လာစေရန် အရေးကြီးလှပါသည်။

Rotary နှင့် KBZ တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ငလျင်ဒဏ်ခံခဲ့ရသည့် ပြည်သူများနှင့် ဒေသများအတွက် စိတ်ခွန်အားများ ပြန်လည်နိုးကြားလာစေရန်၊ မိမိတို့၏ဘဝကို မိမိတို့ကိုယ်တိုင် ပြန်လည်တည်ဆောက်နိုင်ရန်နှင့် စိတ်ခွန်အားမှတစ်ဆင့် လူနေမှုဘဝနှင့် ဒေသစီးပွားရေးများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်သည့် ကြိုးပမ်းမှုတစ်ရပ် ဖြစ်ပါသည်။

အဆောက်အအုံများကို ပြန်လည်တည်ဆောက်ခြင်းသည် နေထိုင်ရာကို ပြန်လည်ဖန်တီးပေးခြင်းဖြစ်ပြီး၊ လူသားတို့၏ စိတ်ခွန်အားကို ပြန်လည်တည်ဆောက်ပေးခြင်းသည် အနာဂတ်ကို ပြန်လည်ဖန်တီးပေးခြင်းပင် ဖြစ်ပါသည်။

ထိုသို့ လူသားတို့၏ ဘဝများ၊ မျှော်လင့်ချက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော Rotary, KBZ Foundation နှင့် ပါဝင်ကူညီပံ့ပိုးခဲ့ကြသည့် မိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများအားလုံး၏ စုပေါင်းကြိုးပမ်းမှုများကို ဂုဏ်ယူစွာ မှတ်တမ်းတင်အပ်ပါသည်။

Together, We Rebuild Lives. Together, We Create Lasting Impact.

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Rotary Club Of Metro Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.