Mr.Xian3M

Mr.Xian3M

Share

02/06/2023

Supreme God Emporer
ကြီးမြတ်သော အရှင်သခင်မုယွင်

Chapter 5

ဆရာသခင်မိုဝမ်

နန်းယွင်အင်ပါယာတစ်ခုလုံးတွင် ထိုနာမည်အား မကြားဖူးသူ၊ မသိသူ မရှိပေ။

နန်းယွင်အကယ်ဒမီကျောင်းသည် နန်းယွင်အင်ပါယာအတွင်း အာဏာအရှိဆုံးနှင့်အကောင်းဆုံးသောကျောင်းဖြစ်သည်။

သို့ဖြစ်၍ ဘိုင်ယွင်ကောလိပ်၏ အဆင့်နှင့် နန်းယွင်ကောလိပ်၏အဆင့်မှာ အလွန် ကွဲပြား၏။

မိုဝမ်သည် နန်းယွင်ကျောင်း၏ လက်ထောက်ကျောင်းအုပ်ကြီးဖြစ်သလို အဆင့်(၆) ဆေးပညာရှင်လည်းဖြစ်သည်။ ထို့အပြင် နန်းယွင်အင်ပါယာ၏တော်ဝင်မိသားစုပင်လျှင် မိုဝမ်အား ရိုသေ၊လေးစားကြရကာ ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် ခန့်အပ်ထားခဲ့သည်။

ထို့ကြောင့် လုရှောင်တျန်းသည် ဘိုင်ယွင်ကျောင်း၏ကျောင်းအုပ်ကြီးဖြစ်သော်လည်း နန်းယွင်ကျောင်း၏ လက်ထောက်ကျောင်းအုပ်ကြီးနှင့် မယှဉ်နိုင်ပေ။

ထို့အပြင် မိုဝမ်နှင့်ပတ်သတ်သည့် ဒဏ္ဍာရီအများအပြားလည်း ရှိသည်။

လွန်ခဲ့သော ဆယ့်တစ်နှစ်သာကာလအတွင်း တောင်ပိုင်းတိမ်တိုက်အင်ပါယာသည် နိုင်ငံရေးမတည်မငြိမ်ဖြစ်ခြင်းကြောင့် အိမ်နီးချင်းအင်ပါယာနှစ်ခု၏ ကျူးကျော်ဝင်ရောက်ခြင်းခံခဲ့ရ၏။ ထိုအချိန်တွင် မိုဝမ်သည် စစ်သားများကို လျင်မြန်စွာ ပြန်လည်ကောင်းမွန်စေရန်နှင့် တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်သော
တိမ်တိုက်ကျားဆေးလုံးအား တီထွင်ခဲ့ကာ ရန်သူများအား ချေမှုန်းနိုင်စေခဲ့သည်။

ထို့အပြင် လွန်ခဲ့သောနှစ်(၁၇၀)အတွင်း တောင်ပိုင်းတိမ်တိုက်အင်ပါတွင် ပုလိပ်ရောဂါကပ်ဘေးဖြစ်ပွားခဲ့ပြီး ထိုပုလိပ်ရောဂါကို သာမန်ပြည်သူများမဆိုထားနှင့် စစ်သည်တော်များပင် ခုခံနိုင်စွမ်းမရှိခဲ့ရာ တိမ်တိုက်အင်ပါယာ၏အင်အားကို အကြီးအကျယ်လျော့ကျစေခဲ့သည်။ သို့သော် မိုဝမ်၏အချိန်မီ ချင်းရှင်းဆေး(ပုလိပ်ရောဂါကုသဆေး) တီထွင်ဖော်စပ်နိုင်ခဲ့ခြင်းကြောင့် တိမ်တိုက်အင်ပါယာသည် သက်သာရာရခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်၍ နန်းယွင်အင်ပါယာတစ်ခုလုံးတွင် မိုဝမ်၏ဂုဏ်သတင်းကို လူတိုင်း မသိသူမရှိဟု
ဆိုနိုင်ပေသည်။ ထိုအကြောင်းများကြောင့် လူတိုင်းသည် ဆရာသခင်မိုဝမ်အပေါ် လေးစားကြည်ညိုကြခြင်းဖြစ်သည်။

မျက်မှောက်ခေတ်တွင် နန်းယွင်အင်ပါယာတစ်ခုလုံး၌ မိုဝမ်ကဲ့သို့ ဒဏ္ဍာရီဆန်ဆန် စွမ်းဆောင်နိုင်မည့်သူမှာ အလွန်ရှားမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

ဆရာသခင်မိုဝမ်သည် မုယွင်၏စကားအနည်းငယ်ကြောင့် မိမိကိုယ်ကို နိမ့်ချသောသဘောထားဖြင့် မူယွင်၏အမည်အားမေးလိမ့်မည်ဟု မည်သူမျှမထင်ထားခဲ့ကြချေ။

ကျောင်းအုပ်ကြီးလုရှောင်းတျန်း၏ ကြောက်ရွံ့ရိုသေစွာ အောက်ကျို့ခံပြုမူနေခြင်းကြောင့်သာမဟုတ်လျှင် ထိုသူမှာ ဆရာသခင်မိုဝမ် ဖြစ်ကြောင်းကို ၃၀ (သို့) ၄၀ ကျော်သောကျောင်းသားတို့ သံသယဝင်မိကြလိမ့်မည်ဖြစ်သည်။

လုရှောင်တျန်းသာ အဘိုးကြီးမိုဝမ်သည် ဘိုင်ယွင်ကျောင်းကို စစ်ဆေးရန် သိုသိုသိပ်သိပ်လာခဲ့မှန်း သိနေခဲ့သည်။ မုယွင်ကိုလည်း မိုဝမ်၏အမည်နှင့်အဆင့်အတန်းအား တိတ်တဆိတ်သတင်းပို့နေမိပြန်၏။

ထို့အပြင် လုရှေုာင်တျန်းသည် သံသယအကြည့်ဖြင့် မုယွင်ကို စိုက်ကြည့်လိုက်သည်။

သူသည်မုယွင်နှင့်ပတ်သက်၍ အတော်များများသိထားသောကြောင့် မုယွင်ကို မနှစ်သက်သော်လည်း မုမိသားစုအခွဲသည် ဘိုင်ယွင်မြို့တွင် ထူးခြားသော အဆင့်အတန်းရှိသည့်အပြင် ပင်မမုမိသားစုသည်လည်း နန်းယွင်အင်ပါယာတစ်ခုလုံးတွင် နက်နက်ရှိူင်းရှိူင်းအမြစ်တွယ်နေပြီးဖြစ်သောကြောင့် မည်သည့်အရာမှမတတ်နိုင်ပေ။

ဘာကြောင့်မုယွင်သည် ဘိုင်ယွင်ကျောင်းတွင် လာနေရသနည်း။

အကြောင်းမှာ ပင်မမုမိသားစုတွင် မုယွင်၏စွမ်းဆောင်မှုများအလွန်ဆိုးရွားပြီး တိုက်ခိုက်ရေးသမားမဟုတ်ခြင်းကြောင့်ပင်။ ထို့အပြင် စာကိုကောင်းစွာမဖတ်တတ်သောမုယွင်၏ ရူးကြောင်ကြောင်အပြုအမူများကြောင့် သူ့တွင်မည်သည့်သူငယ်ချင်းမှမရှိပေ။

သို့သော် ယနေ့တွင် ထိုအရူးမှာ အခြားရက်များနှင့် မတူကွဲပြားခြားနားနေသည်။

လုရှောင်တျန်းသည် ဆေးပညာရှင်တစ်ယောက်မဟုတ်သောကြောင့် ဝိညာဉ်စုစည်းခြင်းဆေးလုံးအကြောင်း နားမလည်ပေ။

သို့သော် အဘိုးကြီးမိုဝမ်ကား ခြားနားသည်။

မုယွင်ဖော်ပြခဲ့သည့်နည်းလမ်းသည် သီအိုရီအရ ဖြစ်နိုင်သော်လည်း လက်တွေ့တွင်မူ အောင်မြင်ချင်မှ အောင်မြင်လိမ့်မည်ဖြစ်သည်။ မုချအောင်မြင်လိမ့်မည်ဟု မည်သူမျှအတပ်မပြောနိုင်ပေ။

အကယ်၍အောင်မြင်ခဲ့လျှင် အဆင့်(၃)ဝိညာဉ်စုစည်းခြင်းဆေးလုံးကို သန့်စင်ရန်ပါဝင်ပစ္စည်းဖြစ်သည့်လေဝံပလွေအမြုတေနှင့် ခရမ်းရောင်ကျောက်စိမ်းသီးကို နေရာအနှံ့ရှာတွေ့နိုင်သောကြောင့် ဤကုန်ကြမ်းနှစ်မျိုးအား လိုအပ်သလောက်အသုံးပြုနိုင်မည်ဖြစ်သည်။

သို့ဖြစ်၍ ထိုနည်းလမ်းအတိုင်း ဝိညာဉ်စုစည်းခြင်းဆေးလုံးအားသန့်စင်ရန် တွေးကြည့်လျှင် ကုန်ကျစရိတ်မှာ အလွန်နည်းပါး၏။ ပမာဏအမြောက်အများထုတ်လုပ်လျှင် နန်းယွင်အင်ပါယာတစ်ခုလုံးရှိစစ်သည်တော်များ၏ ခွန်အားမှာ အကြီးအကျယ်တိုးတက်စေရန်လုံလောက်မည်ဖြစ်သည်။

တခြားနည်းနှင့်ပြောရလျှင် နန်းယွင်အင်ပါယာ၏ကျယ်ပြန့်သောအမျိုးသားစစ်သည်တော်များ၏ခွန်အားများကို တိုးမြှင့်နိုင်လျှင် ကျူးကျော်သိမ်းပိုက်ရန် ချောင်းမြောင်းနေကြသောရန်သူအင်ပါယာများသည် ကျူးကျော်စစ်ဆင်နွှဲရန် နှစ်ခါပြန်စဉ်းစားရမည်ဖြစ်သည်။

ထိုအရာကို လုရှောင်တျန်းစိတ်ကူးမယဉ်နိုင်တော့ပေ။

ထိုစဉ် လူအိုကြီးမိုဝမ်က

“ဒီအဘိုးကြီးမှာ နောက်ထပ် အကြံဉာဏ်တောင်းစရာရှိသေးတယ်”

“ အလင်းသန့်စင်ဆေးလုံးက ကိုယ်ခန္ဓာပြုပြင်ပြောင်းလဲခြင်းနယ်ပယ်၊ အဆင့်(၉)ကျင့်ကြံသူကို အဆင့်(၁၀)ဖြစ်အောင် ကူညီပေးနိုင်တယ်၊ ပြီးတော့ အဖြူရောင်ပိုးချည်မြက်ကိုလည်း ထည့်သွင်းသန့်စင်နိုင်ပေမယ့် အလင်းသန့်စင်ဆေးလုံးရဲအာနိသင်ကို အားနည်းလာစေပြီး နောက်တစ်ဆင့်တက်တဲ့ အချိန်ကျ အတွင်းဒဏ်ရာကျန်ခဲ့စေလိမ့်မယ်”

“ရန်သွေးမှိုကို မျှခြေအဖြစ် အသုံးပြုလိုက်မယ်ဆိုရင် သွေးမှိုကိုတစ်ပင်လုံးသုံးစရာမလိုဘဲ ပမာဏအနည်းငယ်သာလိုအပ်တာကြောင့်ငွေကုန်ကျစရိတ်သက်သာတာပေါ့၊ ဘယ်လိုထင်လဲ”

“ရန်လင်းချွင်းရွှီ”

မုယွင်၏စကားကြားသည်နှင့်မိုဝမ်သည် ဉာဏ်အလင်းရသွားကဲ့သို့ ခံစားလိုက်ရသည်။

မှန်၏။ ရန်လင်းချွင်းရွှီတွင် သဘာဝအားဖြင့် ယန်ဓာတ်အလွန်ပေါကြွယ်ဝခြင်းကြောင့် အဖြူရောင်ပိုးချည်မြက်၏အာနိသင်အား ပိုမိုအားကောင်းခိုင်မာစေလိမ့်မည်။ ထို့ကြောင့် ၎င်းသည် ပြီးပြည့်စုံသည့်
ပေါင်းစပ်မှုပင် ဖြစ်သည်။

ရန်လင်းချွင်းရွှီသည် အလွန်အဖိုးတန်သော်လည်း ဆေးအိုးတစ်အိုးစာသန့်စင်ဖော်စပ်ရန် ငွေတစ်ပြားသည် လုံလောက်လေ၏။

“ အိုး အံ့ဩစရာ ပါရမီရှင်လေးဘဲ…”

မိုဝမ်သည် အဆက်မပျက် နှုတ်မှတတွက်တွက်ချီးကျူးနေမိသည်။

သူသည် လုရှောင်တျန်းနှင့်ကျောင်းသားများ၏ အကြည့်များအားလုံးကို လျစ်လျူရှူလိုက်၏။ မိုဝမ်သည် အသက်ရူလိုက်တိုင်း သူ၏သံသယများတိုးလာသည့်နည်းတူ မုယွင်သည်လည်း သူမေးသမျှကိုဖြေပေးနေဆဲပင်။

ဤအ‌ခြေအနေတွင် မုယွင်နှင့်လူအိုကြီးမိုဝမ်သည် သူတို့၏အမေးအဖြေများနားထောင်နေကြသော ပတ်ဝန်းကျင်ရှိကျောင်းသားများအား လုံးလုံးမေ့သွားပုံရနေလေသည်။

01/06/2023

Supreme God Emporer
ကြီးမြတ်သော အရှင်သခင်မုယွင်
အပိုင်း(၃)

ဝိညာဉ်စုစည်းခြင်းဆေးလုံး

ထိုဆေးကို လူတိုင်းကြားဖူးကြသည်။ ဝိညာဉ်စုစည်းခြင်းဆေးလုံးသည် တတိယအဆင့်ဆေးလုံးဖြစ်ပြီး မြောက်တိမ်မြို့တွင် ၎င်းဆေးကို သန့်စင်ဖော်စပ်နိုင်သူမှာ လက်ချိုးရေတွက်လို့ပင် ရ၏။
မြောက်တိမ်မြို့သည် တိမ်အင်ပါယာ၏ တောင်ဘက်ပိုင်းတွင် ရှိသော မြို့ငယ်လေးတစ်မြို့ဖြစ်သည်။ ထိုမြို့ငယ်လေးတွင်ကြယ်သုံးပွင့်ဆေးပညာရှင်သည် အမြင့်ဆုံးအဆင့်ဖြစ်၏။

“ ဝိညာဉ်စုစည်းခြင်းဆေးလုံးလား ” မုယွင် အံ့ဩနေမိသည်။

ဝိညာဉ်စုစည်းခြင်းဆေးလုံးသည် ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲခြင်းနယ်ပယ်၊ အဆင့် (၇) မှ အဆင့်(၈) ထိ မြှင့်တင်ပေးနိုင်သည့် အကောင်းဆုံးဆေးဖြစ်ပြီး မူယွင်၏ အတိတ်ဘဝကမှတ်ဉာဏ်အရ ၎င်းဆေးသည် ဆေးပညာရှင်တစ်ဦးဖြစ်ရန် သန့်စင်ဖော်စပ်နိုင်ရမည့် အခြေခံအကျဆုံးဆေးဖြစ်၏။

မုယွင်၏ အရူးသဖွယ် အကြည့်ကြောင့် မြောင်ရှန်းယီသည် အနိုင်ရသူပမာ အောင်ပွဲခံအပြုံးကလေး ပြုံးလိုက်၏။ အကြောင်းမှာ သူမ၏မေးခွန်းကို မုယွင်က မဖြေနိုင်သောကြောင့် ထိုသို့ကြည့်နေသည်ဟု ထင်နေသောကြောင့်ဖြစ်သည်။

ထိုအဆင့်(၃) ဆေးလုံး၊ ဝိညာဉ်စုစည်းခြင်းဆေးလုံးကို သူမ၏အဘိုးပင်လျှင် သန့်စင်ရန် မလွယ်ချေ။ သို့ဖြစ်၍ မုယွင်လိုသာမန်ဆရာတစ်ယောက်သည် ထိုဆေးလုံးအကြောင်းသိရန်မူကား မဖြစ်နိုင်ပေ။

ထို့အပြင် ဝိညာဉ်စုစည်းခြင်းဆေးကို အောင်မြင်စွာ သန့်စင်နိုင်သည့်နှုန်း အလွန်နည်း၏။ ထို့ကြောင့် ၎င်းဆေးလုံး၏ သန့်စင်အောင်မြင်နိုင်သည့်နှုန်းတိုးလာစေရန် ဆေးအညွှန်းကိုပြုပြင်ရန် ရှန်းယီး၏အဖိုးသည် အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ချေ။

ယနေ့တွင် မြောင်ရှန်းယီ၏မေးခွန်းကြောင့် မုယွင်၏ဆရာရာထူးပင် ပြုတ်သွားနိုင်၏။

“ နည်းပြဆရာမု၊ ဝိညာဉ်စုစည်းခြင်းဆေးလုံးက အဆင့်(၃)ဆေးလုံးဖြစ်တယ်။ အဓိကပါဝင်ပစ္စည်းတွေကတော့ ပိုင်ယွင်လင်ဇီးမှို၊ သံသန္တာပင်၊ ဆွေးမြေ့မြက်အမြစ်နှင့် အဆင့်(၃) အဆင့်နိမ့်နတ်ဆိုးသားရဲ ပိုဖန်ချင်လန်ဆေးလုံးတို့ဖြစ်ပြီး အချို့သောအရန်ဆေးပင်တွေနှင့်လည်း ပေါင်းစပ်သန့်စင်နိုင်တယ် ”

“ ပထမဆုံးဆေးပင်သုံးပင်က ဝိညာဉ်စုစည်းခြင်းဆေးကို သန့်စင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ဆေးပင်တွေပဲ ဒါဆို ဘာလို့မြစမ်းရောင်လေဝံပလွေဆေးလုံးကို ထည့်ဖော်ရတာလဲ ”။

မြောင်ရှန်းယီသည် သူမ၏ ဝိုင်းစက်စက်မျက်လုံးဖြင့် မူယွင်အား မိတ်တုတ်မိတ်တုတ်စိုက်ကြည့်လျက် ကလေးဆန်သောမျက်နှာဘေးဖြင့်မေးလိုက်၏။

ထိုစဉ် ချက်ခြင်းဆိုသလို မုယွင်က ဒေါသသံဖြင့်

“ ဒါကို ဘယ်****က သင်ပေးတာလဲ။ စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံးက သိုင်းပညာရှင်တွေ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲခြင်းနယ်ပယ်၊အဆင့်(၈)ကို ချိုးဖောက်တဲ့အခါ စိတ်ကိုတည်ငြမ်စေပြီးတော့ ယွမ်တန်ကို သိပ်သည်းကျစ်လစ်စေတယ်။ အရေးအကြီးဆုံးအချက်ကတော့ ယွင်တန်အတွင်းရှိ စွမ်းအင်များကို တည်ငြိမ်စေတာပဲ။ ယွမ်တန်မတည်မငြိမ်ဖြစ်ရင် အနာဂတ်မှာ နယ်ပယ်အဆင့်တက်တဲ့အချိန်ကျ အခက်အခဲကြုံရလိမ့်မယ် ”

မုယွင်က ဆက်လက်၍

“ နတ်ဆိုးဆေးလုံး၊ ပိုဖန်ချင်လန်က အဓိကကျတဲ့ဆေးပင်သုံးပင်နှင့် ဓာတ်ပြုပေါင်းစပ်နိုင်ပေမယ့် အဲဒီဆေးပင်သုံးပင်ရဲ့ အာနိသင်အတော်များများကို ဆုံးရှူံးစေတာပဲ။ အောင်မြင်နိုင်ခြေကလည်း အလွန်နည်းတာကို ဘယ်အရူးကများ ဒီလိုအသုံးမကျတဲ့ဆေးဖော်နည်းကို တီထွင်ဖန်တီးခဲ့တာလဲ ” ။

မုယွင်သိလိုက်ရသည်ကား အနှစ်တစ်သောင်းကြာပြီးနောက်တွင် ဆေးပညာရပ်၊နည်းစနစ်များသည် တိုးတက်မလာဘဲ ယခင်ခေတ်ထက် နောက်ကျကျန်ခဲ့ခြင်းပင်။

မုယွင်၏ အဖြေနှင့် သရော်သံကို ကြားသည်နှင့် ရုတ်ချည်းဆိုသလို တစ်ခန်းလုံးသွားလေ၏။

ခွေးကောင်!

အရူးကောင်!

ဝိညာဉ်စုစည်းခြင်းဆေးလုံးသည် ဤကုန်းမြေတိုက်ရှိလူတိုင်းအသိအမှတ်ပြုသည့်ဆေးတစ်မျိုးဖြစ်သည်ဟု ပြောနိုင်သလို ၎င်းဆေးကို ဖော်စပ်သည့်နည်းလမ်းကိုလည်း အသိအမှတ်ပြုထားကြ၏။

ထို့အပြင် အရေးကြီးဆုံးအချက်မှာ ဤဆေးကို လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက တန်ယွင်တိုက်ကြီး၏ ဆေးပညာရှင်ယောင်ဂူဇီမှ ဖန်တီးခဲ့ခြင်းဖြစ်သည်။ ၎င်းကို နောင်လာနောက်သားများက တန်ဖိုးထားလေးစားရမည်ဖြစ်သည်။ သို့သော် မုယွင်က ထိုဆေးလုံးသန့်စင်သည့်နည်းလမ်း ဖန်တီးခဲ့သူအား ကျိန်ဆဲလိုက်လေရာ ကျောင်းသားများ၏ စိတ်ထဲတွင်ကား

‘ ဒီ****က အရူးကြီးလား။ မူယွင်က လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ဆေးသူတော်စင်များနှင့် နှိုင်းယှဉ်နိုင်မယ်လို့ သူ့ကိုသူထင်နေတာလားမသိ။ ’

မြောင်ရှန်းယီမှာမူ အများနှင့်မတူဘဲ ကြက်သေသေနေလေ၏။ အကြောင်းမှာ မူယွင်ပြောလိုက်သည်နှင့် သူမအဘိုး၏အမြင်မှာ ထပ်တူကျနေသောကြောင့် ဖြစ်သည်။

မြောင်ရှန်းယီသည် ဘိုင်ယွင်မြို့ရှိ အသက်အငယ်ဆုံးသော ဆေးဝါးပါရမီရှင်တစ်ဦးဖြစ်သလို ကြယ်တစ်ပွင့်ဆေးပညာရှင်လည်းဖြစ်၏။ ဆေးပညာနှင့်ပတ်သက်၍ သူမ၏ သင်ယူ၊လေ့လာ၊သိရှိမှုများသည် အရွယ်နှင့်ပင် မလိုက်‌ပေ။

သို့ဖြစ်၍ သူမမေးခွန်း၏အဖြေအား မုယွင်က မြင်နိုင်လိမ့်မည် မထင်ထားခဲ့ချေ။ လက်တွေ့တွင် သူမ၏မေးခွန်းများကို မုယွင်က လွယ်လွယ်ကူကူပေါ့ပေါ့ပါးပါးပင်ဖြေလိုက်လေရာ သူမကိုယ်သူမအရှက်ခွဲခြင်းပင်ဖြစ်လေ၏။

မြောင်ရှန်းယီက “ဆရာ၊ ဒါဆို အဲပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ” ဟု မျှော်လင့်ကြီးစွာမေးလိုက်သည်။ ရုတ်တရက် သူမ၏လေသံပြောင်းလဲမှုကြောင့် အခြားသောသူမ၏အတန်းဖော်များစိတ်ထဲ ထူးဆန်းကုန်၏။

‘မြောင်ရှန်းယီ၏ သဘောထားကို ကြည့်ရတာ မုယွင်က အဓိပ္ပာယ်မရှိတာတွေပြောနေတာ မဟုတ်လောက်ဘူး’

“ဘယ်လိုလုပ်ရမလဲဟုတ်လား၊ ဝိညာဉ်စုစည်းခြင်းဆေးလုံးကို သန့်စင်တဲ့အခါ မြစမ်းရောင်လေဝံပလွေရဲ့အမြုတေကို ထည့်သွင်းဖော်စပ်ခြင်းက အခြားဆေးပင်သုံးပင်ရဲ့အာနိသင်ကို လျော့နည်းစေပြီးတော့ ဆေးလုံးသန့်စင်သည့်အောင်မြင်နှုန်းကိုလည်း ကျဆင်းစေတယ်”

ဆက်လက်၍ မုယွင်က “အကောင်းဆုံးနည်းလမ်းက လေဝံပလွေရဲ့အမြုတေကို အသုံးပြုတာဘဲ” ဟု မိမိကိုယ်ကို ရေရွက်ပြောဆိုလိုက်၏။

မုယွင်၏ အကြံပြုချက်ကို ကြားသည်နှင့်တပြိုင်နက် တခန်းလုံးလှောင်ရယ်သံနဲ့ ပွဲဆူကုန်သည်။

“လေဝံပလွေဟုတ်လား၊ ဆရာမု ကျနော်တို့ကို နောက်နေတာလား ဟားဟား..…”
မုယွင်သည် ကျောင်းသားများကို ကြည့်၍ ကူရာမဲ့စွာ မချိုမချဉ်ပြုံးလိုက်၏။

“ကျနော်တို့ ဆေးပညာနှင့်ပတ်သက်ပြီး အများကြီးမသိ‌ပေမယ့် ဆေးပညာသင်ကြားတဲ့အတန်းချိန် အတော်များများကို တက်ဖူးပါတယ်၊ လေဝံပလွေသားရဲက အဆင့်(၁)သားရဲသာသာရှိပြီးတော့ မသန့်စင်မှုတွေလည်း အတော်များတာကို အဆင့်(၃)ဆေးဖော်တဲ့အခါ အသုံးပြုလိုက်ရမှာလား၊ ဆရာမုက လာနောက်နေတာလား”

31/05/2023

Supreme God Emporer
ကြီးမြတ်သော အရှင်သခင်မူယွင်

အကျဉ်းချုပ်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11421