GATE Institute

GATE Institute

Share

28/06/2025

‎FREE Certificate from Arizona State University (USA), Thunderbird School of Global Management

‎မင်္ဂလာပါ! ဒီတခါမှာတော့ Arizona State University (ASU) ရဲ့ Thunderbird School of Global Management နဲ့ Francis and Dionne Najafi တို့ ပူးပေါင်းပြီး ဖန်တီးထားတဲ့ “100 Million Learners Global Initiative” ကနေ အခမဲ့တက်ရောက်နိုင်တဲ့ သင်တန်းတွေအကြောင်း အသေးစိတ် ရှင်းပြပေးပါမယ်။ ကမ္ဘာတဝှမ်းက သန်းပေါင်းများစွာသော သင်ယူသူတွေအတွက် အခွင့်အလမ်းကောင်းတခုပါပဲ။

‎ASU + Najafi: 100 Million Learners Global Initiative ဆိုတာ ဘာလဲ❓

‎ဒီပရိုဂရမ်ဟာ Arizona State University (USA) ရဲ့ နာမည်ကျော် Thunderbird School of Global Management ကနေ ဦးဆောင်ပြီး သင်ကြားပေးနေတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။ အရည်အသွေးမြင့်ပညာရေးအား ၂၀၃၀ ပြည့်နှစ်အရောက်မှာ ကမ္ဘာတဝှမ်းရှိ သင်ယူသူ သန်း ၁၀၀ ထံ အခမဲ့ ပေးအပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို ကြွေးကျော်ထားပြီး အထူးသဖြင့် ပညာသင်ကြားခွင့် အခက်အခဲရှိသူများ၊ လူငယ်များ နှင့် အမျိုးသမီးများ ကို ပစ်မှတ်ထားပါတယ်။ ဘာသာစကား ၄၀ မျိုးအထိ ရရှိနိုင်တဲ့ online သင်တန်းတွေ ဖြစ်ပါတယ်။

‎ဘာအားသာချက်တွေရှိလဲ?

✅ ‎အခမဲ့ သင်ယူနိုင်ခြင်း: သင်တန်းတွေအားလုံးကို ဘာအခကြေးငွေမှ ပေးစရာမလိုဘဲ အခမဲ့ သင်ယူနိုင်ပါတယ်။
‎✅ ‎ကမ္ဘာ့အဆင့်မီ ပညာရေး: အမေရိကန်ပြည်ထောင်စုရဲ့ နံပါတ် ၁ ဆန်းသစ်တီထွင်မှုအရှိဆုံး တက္ကသိုလ် (ASU) နဲ့ ကမ္ဘာ့ထိပ်တန်း Global Management ကျောင်း (Thunderbird) ကနေ သင်ကြားပို့ချတာဖြစ်လို့ အရည်အသွေးမြင့်မားပါတယ်။
‎✅ ‎အခမဲ့ အသိအမှတ်ပြု လက်မှတ် (Free Certificates): သင်တန်းတွေကို အောင်မြင်စွာ ပြီးဆုံးတဲ့အခါ ငွေကြေးထပ်ပေးစရာမလိုတဲ့ digital badge (ဒစ်ဂျစ်တယ် တံဆိပ်) တွေ ဒါ့အပြင် Certificate (အသိအမှတ်ပြု လက်မှတ်) တွေကို အခမဲ့ ရရှိမှာ ဖြစ်ပါတယ်။ ဒီ Certificate တွေဟာ သင့်ရဲ့ လုပ်ငန်းခွင် စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။
‎✅ ‎အလုပ်အကိုင် အခွင့်အလမ်းများ: ရရှိလာတဲ့ ကျွမ်းကျင်မှုတွေနဲ့ Certificate တွေဟာ သင့်ရဲ့ CV (ကိုယ်ရေးရာဇဝင်) ကို ပိုမိုအားကောင်းစေပြီး အလုပ်အကိုင် အခွင့်အလမ်းသစ်တွေကို ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။
‎✅ ‎ဘွဲ့ယူဖို့အတွက် Credit Transfer အခွင့်အလမ်း: အဆင့်မြင့် (Advanced) သင်တန်းတွေမှာ B ဒါမှမဟုတ် အဲဒီ့ထက်ပိုတဲ့ အမှတ်ရရှိသူတွေအနေနဲ့ ASU သို့မဟုတ် Thunderbird ရဲ့ ဒီဂရီပရိုဂရမ်တွေမှာ ဘာသာရပ်ခရက်ဒစ် (academic credit) အဖြစ် လျှောက်ထား အသုံးပြုနိုင်တဲ့ အခွင့်အလမ်းလည်း ရှိပါတယ်။ ဒါ့အပြင် အခြားသော ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်တွေဆီကိုလည်း လွှဲပြောင်း အသုံးပြုနိုင်ဖို့ ကြိုးစားနိုင်ပါတယ်။

‎ပရိုဂရမ် အဆင့်အလိုက် လေ့လာနိုင်မည့် ဘာသာရပ်များ ✨

‎100 Million Learners Global Initiative မှာ သင်ယူသူတွေရဲ့ နောက်ခံ ပညာအရည်အချင်းအလိုက် လေ့လာနိုင်ဖို့ အဆင့်သုံးမျိုး ခွဲခြားထားပါတယ်။

1️⃣ ‎Foundational Program (အခြေခံအဆင့်): ပညာရေးနောက်ခံ မည်သို့ပင်ရှိစေကာမူ မည်သူမဆို သင်ယူနိုင်ပါတယ်။ အထူးသဖြင့် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုတွေ လိုအပ်သူတွေအတွက် ရည်ရွယ်ပါတယ်။

လေ့လာနိုင်မည့် ‎Courses များ :

‎၁။ ‎Global Entrepreneurship & Innovation Bootcamp: စီးပွားရေးလုပ်ငန်း စတင်ပုံ၊ စွန့်ဦးတီထွင်စိတ်၊ ဆန်းသစ်တီထွင်မှု၊ လုပ်ငန်းခွင်မှာ အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အခြေခံကျွမ်းကျင်မှုတွေ ပါဝင်ပါတယ်။ (ဥပမာ- စတုတ္ထစက်မှုတော်လှန်ရေး၊ မဟာဗျူဟာစီမံကိန်း၊ လုပ်ငန်းခွင် ယဉ်ကျေးမှုတည်ဆောက်ခြင်း၊ ငွေကြေးစီမံခန့်ခွဲမှု အခြေခံများ၊ ဒီဂျစ်တယ် မားကတ်တင်း အစရှိသည်)

‎Language: မြန်မာဘာသာအပါအဝင် ဘာသာစကား ၄၀ ကျော်နဲ့ သင်ယူနိုင်ပါတယ်။

2️⃣ Intermediate Program (အလယ်အလတ်အဆင့်): အထက်တန်းအောင်မြင်ပြီးသူများမှ လက်ရှိ တက္ကသိုလ်ကျောင်းသားများအထိ သင်ယူနိုင်ပါတယ်။

‎လေ့လာနိုင်မည့် ‎Courses များ :

‎၁။ ‎Principles of Global Management: ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုရဲ့ အခြေခံမူများ။
‎၂။ ‎Introduction to Accounting, Budgeting, and Finance: စာရင်းကိုင်၊ ဘတ်ဂျက်နဲ့ ဘဏ္ဍာရေးဆိုင်ရာ နိဒါန်း။

‎ Language: အင်္ဂလိပ်ဘာသာဖြင့် သာ လက်ရှိသင်ယူရရှိနိုင်သေးသည် (နောင်တွင် အခြားဘာသာစကားများ တိုးချဲ့သွားမည်)။

‎3️⃣ Advanced Program (အဆင့်မြင့်အဆင့်): တက္ကသိုလ်ဘွဲ့ရရှိပြီးသူများ (သို့မဟုတ်) အဆင့်မြင့် တက္ကသိုလ်ကျောင်းသားများအတွက် ရည်ရွယ်ပါတယ်။

‎လေ့လာနိုင်မည့် ‎Courses များ :

၁။ ‎Global Leadership & Personal Development: ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုနဲ့ ကိုယ်ပိုင်စွမ်းရည် တိုးတက်မှု။
‎၂။ ‎Global Entrepreneurship & Sustainable Business: ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်မှုနဲ့ ရေရှည်တည်တံ့သော စီးပွားရေး။
‎၃။ ‎Global Accounting: Managing by the Numbers: ကမ္ဘာလုံးဆိုင်ရာ စာရင်းကိုင်: ကိန်းဂဏန်းများဖြင့် စီမံခန့်ခွဲခြင်း။
‎၄။ ‎Data Analytics & Digital Transformation: ဒေတာ ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ ဒီဂျစ်တယ် ပြောင်းလဲခြင်း။
‎၅။ ‎Global Marketing in a Digital Age: ဒီဂျစ်တယ်ခေတ်တွင် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်ရှာဖွေခြင်း။

‎Language: အင်္ဂလိပ်ဘာသာဖြင့် သာ လက်ရှိသင်ယူရရှိနိုင်သေးသည် (နောင်တွင် အခြားဘာသာစကားများ တိုးချဲ့သွားမည်)။

‎အသိအမှတ်ပြု Certificate: အဆင့်မြင့်သင်တန်း ၅ ခုစလုံးကို အောင်မြင်စွာ ပြီးဆုံးပါက Global Management, Entrepreneurship, and Innovation ဘာသာရပ်ဖြင့် အသိအမှတ်ပြု Certificate ကို ထပ်မံ ရရှိမှာ ဖြစ်ပါတယ်။

‎ဘယ်လို စတင်မလဲ❓
‎၁။ The Najafi 100 Million Learners Global Initiative ရဲ့ တရားဝင် Website (www.100millionlearners.org) ကို သွားရောက်ပါ။
‎၂။ သင်ယူသူအကောင့် (Learner Account) တစ်ခု ဖန်တီးပြီး စာရင်းသွင်းပါ။
‎၃။ သင့်ရဲ့ ပညာရေးနောက်ခံနဲ့ စိတ်ဝင်စားမှုအလိုက် သင့်တော်တဲ့ သင်တန်းအဆင့် (Foundational, Intermediate, Advanced) ကို ရွေးချယ်ပါ။
‎၄။ စတင်သင်ယူပြီး သင်ခန်းစာတွေကို အောင်မြင်စွာ ပြီးမြောက်အောင် ကြိုးစားပါ။
‎၅။ သင်တန်းပြီးဆုံးပါက digital badge များနဲ့ အခမဲ့ Certificate များကို ရယူနိုင်ပါတယ်။

‎ဒီအခွင့်အလမ်းကောင်းကို အမိအရဖမ်းဆုပ်ပြီး သင့်ရဲ့ ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းအတွက် အကျိုးရှိအောင် အသုံးပြုလိုက်ပါ။

‎ဒီ Post လေးက အကျိုးရှိတယ်ဆိုရင် တခြားသူတွေသိအောင် Share လုပ်ပေးပြီး ကိုယ့်သူငယ်ချင်းတွေကိုလည်း Mention ခေါ်ပေးလိုက်ပါဦး။ ❤️

‎ #အခမဲ့သင်တန်း #မြန်မာ

‎©️ GATE - Grow All Together with Education.

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon