Little Bees English Classes

Little Bees English Classes

Share

30/12/2021

Hello

စာဖတ်ခြင်းကအရမ်းအကျိုးရှိသလိုကိုယ့်ရဲ့စာဖတ်တဲ့နည်းလမ်းကလည်းထိရောက်ဖို့အရေးကြီးပါတယ်

သားသားမီးမီးတို့အတွက်စာဖတ်စွမ်းရည်ကိုရိုးရှင်းတဲ့စာကြောင်းအတိုကနေခက်ခဲတဲ့စာပိုဒ်ကြီးတွေဖတ်နိုင်တဲ့အထိတဆင့်ချင်းစီတိုးမြှင့်ပေးရပါမယ်

ဒီနေ့မှာတော့စာဖတ်စွမ်းရည်တိုးတက်စေမယ့်အချက်လေးချက်ကိုဖော်ပြပေးချင်ပါတယ်

📌 နေ့စဉ်စာဖတ်ဖို့အချိန်ပေးခြင်း
ကိုယ့်ကလေးတွေကိုနေ့တိုင်းစာဖတ်တဲ့အလေ့အကျင့်ပြုလုပ်ပေးသွားတာဖြစ်ပါတယ်၊ တစ်နေ့ဆယ့်ငါးမိနစ်ကနေနာရီဝက်အထိစာဖတ်ဖို့အချိန်ပေး‌ေစပြီးတစ်ခါတလေဆုချပေးတာလို့လုပ်ပေးသင့်ပါတယ်

📌 သူတို့စိတ်ဝင်စားတဲ့အကြောင်းအရာနဲ့အစပြုစေခြင်း
ကလေးတွေကိုစာဖတ်တဲ့အလေ့ကျင့်လုပ်ပေးတဲ့အခါသူတို့သိတ်ဝင်စားတဲ့အကြောင်းအရာနဲ့အစပြုဖို့လိုပါတယ်၊ဒါမှသူတို့ကသိချင်စိတ်တွေ၊အာရုံစူးစိုက်မှုအပြည့်အဝထားကြမှာဖြစ်ပါတယ်

📌 မသိတဲ့စာလုံးကိုခန့်မှန်းစေခြင်း
စာဖတ်တဲ့အခါသူတို့မသိတဲ့စာလုံးရဲ့အသံထွက်၊အဓိပ္ပာယ်တွေကိုတန်းပြီးမပြောပြဘဲသူတို့ကိုကြိုးစားတွေကိုတန်းပြီးမပြောပြဘဲသူတို့ကိုကြိုးစားဖို့အခွင့်အရေးပေးလိုက်ပါ၊ အဓိပ္ပာယ်မသိတဲ့အခါဘေးနားကစကားလုံးတွေနဲ့ဆက်စပ်ပြီးတွေးခေါ်တတ်ဖို့အထောက်အကူဖြစ်စေပါတယ်

📌 ဖတ်ပြီးသားအကြောင်းအရာကိုပြန်တွေးစေခြင်း
စာဖတ်ပြီးတဲ့အခါပြီးပြီးရောထားလို့မရပါဘူး၊သူတို့ဖတ်ပြီးသားအကြောင်းအရာကိုအနှစ်ချုပ်ပြန်ပြောစေတာတို့၊အဲ့ကနေဘာတွေသိလိုက်ရလဲဆိုတာကိုမေးမြန်းပေးတာတို့ကိုလုပ်ပေးသင့်ပါတယ်

ဒါဆိုရင်မေမေတို့လည်းသားသားမီးမီးတို့စာဖတ်အောင်ဒီနေ့ကနေစပြီးလေ့ကျင့်ပေးကြရအောင်❤️

#𝐋𝐁𝐄𝐂𝟒𝐘𝐋𝐄
#𝐋𝐁𝐄𝐂

Photos from Little Bees English Classes's post 29/12/2021

Hello

📌ဒီနေ့မှာတော့စင်ဒရဲလားပုံပြင်ထဲကစကားလုံးတွေကိုဖော်ပြပေးထားပါတယ်

#𝑳𝑩𝑬𝑪4𝒀𝑳𝑬
#𝑳𝑩𝑬𝑪

29/12/2021

မေမေတို့ခွန်အားရစေဖို့ Little Bees English Classes ရဲ့ “Wednesday’s Quote” အစီအစဉ်ရဲ့ ပထမဆုံး Quote လေးကိုမျှဝေပေးလိုက်ပါတယ်။

"I believe the choice to become a mother is the choice to become one of the greatest spiritual teachers there is."

မိခင်တစ်ဦးဖြစ်လာရန် ရွေးချယ်မှုသည် အကြီးမြတ်ဆုံး ဝိညာဉ်ရေးဆရာများထဲမှ တစ်ဦးဖြစ်လာရန် ရွေးချယ်မှုဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။
- Oprah

Photos from Little Bees English Classes's post 26/12/2021

Hello

📌 ဒီနေ့မှာတော့တိရစ္ဆာန်အကောင်လေးတွေကိုEnglishလိုဘယ်လိုပြောရလဲဆိုတာကိုကြည့်လိုက်ကြရအောင်

#𝐋𝐁𝐄𝐂𝟒𝐘𝐋𝐄

25/12/2021

"ကလေးငယ်တွေရဲ့ Screentime ကိုဘယ်လိုကန့်သတ်မလဲ"
American Academy of Pediatricsက ထုတ်ပြန်ထားတာကတော့
* အသက်(၂)အောက်ဆို screentime လုံး၀မပေးသင့်ပါဘူး။
* အသက် (၂)နှစ်ကျော်ကနေ (၁၂)နှစ်ထိဆိုရင်တော့ တစ်ရက်ကို screentime (၁) နာရီသာရှိသင့်ပါတယ်။
* ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေဆိုရင်တော့ screentime (၂)နာရီလောက်ပဲထားတာက အကောင်းဆုံးဖြစ်ပါတယ် ဆိုပြီး ထုတ်ပြန်ထားပါတယ်။
Covid-19ကြောင့် ကလေးတွေက အိမ်မှာအနေများလာကြတဲ့အခါ online learningတွေကြောင့်ရော၊ တခြားactivitiesတွေလုပ်စရာမရှိတာကြောင့်ရော သားသားမီးမီးတွေကို Phoneတို့၊ Tabletတို့ပေးကြည့်ထားတတ်ကြပါတယ်။
ဒါကြောင့်မို့ ဖေမေမေမေတို့အနေနဲ့ သားသားမီးမီးတွေရဲ့ screentimeကို လျှော့ချနိုင်ဖို့ အောက်က နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
📵 စိတ်အားထက်သန်စွာဆောင်ရွက်ပါ။
သားသားမီးမီးတွေကို screentime လျှော့ချပေးတဲ့ အလုပ်ဟာ ထင်သလောက် မလွယ်ကူပါဘူး။ ဒါကြောင့် ဖေဖေမေမေတို့လည်း အလွယ်တကူလက်မလျော့ဘဲ သားသားမီးမီးတွေအတွက် တစ်နေ့တာ Screentime ကိုသတ်မှတ်ပေးပြီး သူတို့ဘယ်လောက် ဂျီကျဂျီကျ၊ စိတ်ပြတ်သားပြီး ရည်ရွယ်ချက်ရှိရှိစနစ်တကျဆောင်ရွက်ပါ။
📵 လက်တွေ့ကျကျဆောင်ရွက်ပါ။
ကလေးငယ်တွေဟာ သူတို့ရဲ့ အားလပ်ချိန်တွေကိုပါ screentime အတွက် အရမ်းအသုံးချနေပြီဆိုရင် ဖေဖေမေမေတို့ လက်‌ေတွ့ကျကျလုပ်ဆောင်ဖို့လိုပါပြီ။ ဒါပေမယ့် လုပ်ဆောင်တဲ့နေရာမှာ စစချင်းတစ်ခါတည်း တစ်ရက် တစ်နာရီပဲသုံးရမယ်ဆိုပြီး လျှော့လိုက်တာမျိုး မဟုတ်ဘဲ သူတို့လက်ရှိ သုံးနေတဲ့ စုစုပေါင်း screentimeရဲ့ တစ်၀က်ကို စလျော့တာမျိုး ဖြေးဖြေးနဲ့ ဖြစ်နိုင်ချေရှိတဲ့ goal ချမှတ်ပြီး လုပ်စေချင်ပါတယ်။
📵 အာရုံကိုဆွဲဆောင်ပါ။
ကျောင်းတွေ အလုပ်တွေပြီးသွားရင် ဖေဖေမေမေတို့ကိုယ်တိုင်လည်း ဖုန်းပွတ်မယ့်အစား သားသားမီးမီးတွေကို full attention ပေးပြီး စကားပြောတာ၊ တူတူကစားပေးတာမျိုးတွေ လုပ်ပေးပါ။
📵 Devices တွေကို အဝေးမှာ ထားပါ။
သတ်မှတ်ထားတဲ့ screentime မသုံးရတဲ့ အချိန်တွေမှာ Phone, tablet တွေကို ကလေးတွေ မမြင်နိုင်တဲ့၊ အလွယ်တကူ မယူနိုင်တဲ့နေရာတွေမှာထားပါ။ အဲ့တာမှ ကလေးတွေရဲ့ အာရုံက အဲ့ကို မရောက်တော့မှာပါ။
📵 အိမ်မှာ Screen-freeဇုန် တွေသတ်မှတ်ပါ။
Screen-free ဇုန်ဆိုတာ အဲ့ဒီနေရာကို ဖုန်းတွေ၊ tablet‌ေတွလံုး၀ မသယ်လာရ၊ မသုံးရတဲ့ နေရာပါ။ ထမင်းစားတဲ့နေရာ၊ အိပ်ရာတွေက screen-free ဇုန်သတ်မှတ်ဖို့အကောင်းဆုံးပါ။
📵 အပြင်တွေ လိုက်ပို့ပါ။
Screentime လျှော့ချခိုင်းမယ်ဆိုပြီး သားသားမီးမီးတွေကို ဒီတိုင်း ထိုင်ခိုင်းနေပြန်ရင်လည်း အဆင်မပြေပြန်ပါဘူး။ ဒါကြောင့် သူတို့စိတ်လေးတွေ လန်းဆန်းအောင်၊ ကျန်းမာရေးကောင်းအောင်၊ ပျော်ရွှင်ရအောင် အပြင်လောက ကိုပြသပေးဖို့ လိုပါတယ်။
ဒါဆိုရင်တော့ ကလေးတွေရဲ့ screentime ကိုလျှော့ချဖို့ ကြိုးစားနေတဲ့ ဖေဖေတို့ရှိရင် ဒီအချက်လေးတွေက အသုံး၀င်မယ်လို့ မျှော်လင့်ပါတယ်။

24/12/2021

Hello!

ဒီနေ့‌မှာ‌တော့ခရစ်စမတ်အကြောင်းနဲ့ခရစ်စမတ်မှာမိသားစုနဲ့အတူလုပ်ကြည့်သင့်တဲ့အကြောင်းအရာလေးတွေကိုပြောပြပေးထားပါတယ်❤️💚

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11211