MFG

MFG

Share

17/04/2025

နှစ်သစ်ဆုတောင်း
--------------------------------
နှစ်ဆန်းတစ်ရက်နေ့ မြန်မာ့နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ သဘာဝဘေးအန္တရာယ် များကင်းဝေးပြီး ၊ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ၊ ပျော်ရွှင်စရာနှစ်သစ်ချိန်ခါကို ပိုင်ဆိုင်ပါစေကြောင်း ကျွန်တော်တို့ 🌱 MFG (Myanmar Freelancer Group) ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ 🙏🙏🙏

Photos from MFG's post 12/07/2023

Branding နှင့် Socialmedia Marketing Service ကို ယုံကြည်စွာဖြင့် လက်တွဲပေးပါသော Taw Win Shwe Pyi Car Spa အားအထူးပင်ကျေးဇူးတင်ရှိပါတယ် ဗျ ..
လုပ်ငန်းတိုင်းအတွက် ကုန်ကျစရိတ် ကျစ်ကျစ်လစ်လစ် နဲ့ ရလဒ်ကောင်းများထွက် အောင် တာဝန်ယူဆောင်ရွက် ပေးနေတဲ့ Myanmar Freelancer Group .
Digital Marketing နှင့် ဝန်ထမ်းလိုအပ်ရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ MFG (Myanmar Freelancer Group) ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ ..
☎️ 09 42000 7803 , 092500 28053
📩 [email protected]
Address - No. 26 ( Dhamaparla Street , Bahan Township, Yangon)

05/03/2023

"တပေါင်းလပြည့် နေ့အဖေများနေ့"
------------------------------------------

အဖေဆိုတာ
ပုခတ်လွဲတဲ့ လက်မဟုတ်ခဲ့ပါဘူး
ဒါပေမဲ့လွဲဖို့ပုခတ်ဆင်ပေးခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို့
အနားမှာနေအချိန်ပြည့်ဂရုမစိုက်ပေးနိုင်ခဲ့ပေမဲ့
အမေ့ရဲ့ဂရုစိုက်မှုကို အချိန်ပြည့်ရအောင်ဖြည့်ဆည်းပေးခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို သားသ္မီးအပေါ်
ကြင်နာမှုကို အပြင်ထုတ်ပြီးမချစ်ပြခဲ့ပေမဲ့
အမေတစ်ယောက်ထက်
မလျော့တဲ့အကြင်နာမေတ္တာတာတွေ
ရင်ထဲမှာ အပြည့်ရှိနေခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို ဖိုးလမင်းဆီက
ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့
တောင်းမကျွေးခဲ့ပေမဲ့
သားသမီးတွေကို
ကျောအပေါ်တင် ဆင်ကြီးတစ်ကောင်
မြင်းတစ်ကောင် ဖြစ်ပေးခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို ဝတ်ချင်တာကို
ကိုယ်တိုင်မဆင်ပေးခဲ့ပေမဲ့ ဝတ်ချင်တာကိုဆင်ပေးနိုင်အောင် ဖြည့်ဆည်းပေးခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို
စားချင်တာကိုချက်ပြုတ်မကျွေးခဲ့ပေမဲ့
စားချင်တာကိုချက်ပြုတ်ကျွေးနိုင်အောင်
ရှာဖွေပေးခဲ့တဲ့သူတစ်ယောက်။
အဖေဆိုတာ
အမေတစ်ယောက်လို ဝမ်းနဲ့လွယ်မမွေးခဲ့ပေမဲ့
ဝမ်းနဲ့ လွယ်ခဲ့ရတဲ့ အမေနဲ့ သားသ္မီးတွေအတွက်
ပူပင်သောကမရှိရအောင်
စောင့်ရှောက်ကာကွယ်ပေးနေခဲ့တဲ့သူ၊
မိသားစုတစ်ခုရဲ့ သူရဲကောင်း
အဖြည့်ခံမေတ္တာသမားကြီးတစ်ယောက်ဟာ
အဖေပါပဲ...
Credit >

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon