QTEC Learning Hub
10/07/2026
အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ နေ့စဉ်လူမှုဘဝမှာပဲဖြစ်ဖြစ် English စာကို ယုံကြည်မှုရှိရှိ အသုံးပြုနိုင်ဖို့အတွက် QTEC ရဲ့ "English Proficiency Classes for Adults" အတန်းသစ်လေးကို ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။
English ကို စနစ်တကျစတင်သင်ယူချင်တယ်၊ တစ်ဆင့်ပြီးတစ်ဆင့် ကိုယ့်ရဲ့ Level ကို တိုးတက်လာချင်တယ်ဆိုရင်တော့ QTEC ကနေ ယခုစတင်ဖွင့်လှစ်တော့မယ "English Proficiency Classes for Adults" အတန်းက သင့်အတွက်
အကောင်းဆုံး စတင်ခြင်းလမ်းစ တစ်ခုပါပဲ Language တစ်ခုကို အခြေခံကနေစတင်လေ့လာတဲ့အခါ အခက်အခဲတွေကြုံတွေ့ရခြင်းဟာ ဖြစ်ရိုးဖြစ်စဥ်ပါပဲ။ ဒါပေမဲ့ ဒီအခက်အခဲတွေကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြတ်ကျော်နိုင်မလဲ ဆိုတဲ့အရာကသာ အဓိကကျတာဖြစ်ပါတယ်။
ဒီအတန်းလေးမှာဆိုရင် အတန်းသားတွေကို စိတ်ဝင်စားစရာကောင်းတဲ့ Lessons တွေ အပြင်၊ Activities တွေနဲ့ အခြားသင်ယူရတာ Fun ဖြစ်စေမယ့် သင်ခန်းစာ တွေကို စနစ်တကျ ရေးဆွဲသင်ကြားမှာဖြစ်တာကြောင့်၊ ကိုယ်က ပုံမှန်လိုက်လုပ်သွားရုံနဲ့တင်
ကြုံရတဲ့အခက်အခဲတွေကို အကောင်းဆုံး ဖြတ်ကျော်သွားနိုင်မှာဖြစ်ပါတယ်။
ဘယ်သူတွေ တက်ရောက်သင့်လဲ?
✔English စာကို အခြေခံ (Foundations) ကနေ စတင်လေ့လာချင်သူများ
✔Listening, Speaking, Reading, Writing (၄) ချက်လုံးကို ဘက်စုံတိုးတက်ချင်သူများ
✔အလုပ်ခွင်နှင့် လူမှုဘဝမှာ အင်္ဂလိပ်လို ပြောဆိုဆက်ဆံရမှာ ဝန်လေးနေသူများ
QTEC ရဲ့ သေချာစနစ်တကျ ပြင်ဆင်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေ၊ အတွေ့အကြုံရှိတဲ့ ဆရာ/ဆရာမတွေမှသင်ကြားပေးသွားဖြစ်သည့်
အပြင် ကျောင်းသား၊ကျောင်းသူ တိုင်း စောင့်မျှော်နေကြတဲ့ In-Person Class ဖြစ်တာကြောင့် ကိုယ်နဲ့ ရည်ရွယ်ချက်တူ၊ Proficieny Level လဲ တူတဲ့ မိတ်ဆွေ အသစ်တွေ၊ လေ့လာဆွေးနွေး တိုင်ပင်စရာ စာလုပ်ဖော် (Study Buddy) အသစ်တွေပါ
ရရှိနိုင်မှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Social Skills တို့ Presentation Skills တို့ကိုပါ မြင့်တက်လာစေနိုင်မှာဖြစ်လို့ အင်္ဂလိပ်စာ အရည်အသွေးကို မြှင့်တင်ဖို့ အခုပဲ အတန်းအပ်နှံလိုက်ပါ။ 🎯
In-Person Class လေးဖြစ်တာကြောင့် သေချာဂရုတစိုက်သင်ကြားပေးနိုင်ဖို့ လူဦးရေကန့်သတ်ထားတာလေးရှိတာကြောင့် အမြန်ဆုံး စာရင်းပေးအပ်နှံထားဖို့တော့လိုအပ်ပါမယ်။
Class Timetable
Beginner Class (4 Skills)
Duration : 2 months
Day & Time : 11:00 - 12:30 PM (Monday,Tuesday & Thursday )
Fee : 200,000MMK
Start Date : 3.08.2026.........................................
Pre Intermediate Class (4 Skills)
Duration : 2 months
Day & Time : 9:00 - 10:30 AM
( Monday,Tuesday & Thursday)
Fee : 270,000MMK
Start Date : 3.08.2026..........................................
Intermediate Class (4 Skills) - Online
Duration : 2 months
Day & Time : 7:00 - 9:00 PM
( Monday & Tuesday)
Fee : 300,000MMK
Start Date : 3.08.2026...................................…….
မိမိရဲ့ English Level ကို မသိရှိသေးဘဲ၊ ဘယ် Level ကနေ စတင် Join ရမှန်းမသိသေးတဲ့သူတွေအနေနဲ့လဲ QTEC မှာ Placement Test လေးဖြေဆိုနိုင်ပြီး၊ ကိုယ်နဲ့ကိုက်ညီတဲ့ Result လေးကိုရရှိနိုင်ပါတယ်။
အတန်းလေးနဲ့ပတ်သက်ပြီး ထပ်မံသိရှိလိုတာဖြစ်စေ၊ Placement Test ဖြေဆိုပြီး အတန်းလေး Join ဖို့ စာရင်းသွင်းချင်တာဖြစ်စေ အောက်ပါ လိပ်စာ နဲ့ ဖုန်းနံပါတ်များကို ဆက်သွယ်စာရင်းပေးနိုင်ပါတယ်။
ကျောင်းသူ/ကျောင်းသားများ၏ Skill တစ်ခုချင်းကို Teacher များနှင့် ဆွေးနွေးပေးပြီး Feedback များပေးခြင်းတို့ကြောင့် ယုံကြည်စိတ်ချစွာအပ်နှံ့လိုက်ပါ 🤗
📲Phone - 09 783 539 697 , 09 783 539 697
🏠Address -No.82,Bothura Street, Kyeemyindaing Township,Yangon.
07/07/2026
🎉Congratulations to Our CEFR Exam Stars!
✨British Councilမှ ကျင်းပခဲ့သော Cambridge Exam တွင် QTEC မှ KET ကျောင်းသား၊ ကျောင်းသူများ Grade A ဖြင့် အောင်မြင်ခဲ့ကြသည့်အတွက် အထူးပင် ဝမ်းသာဂုဏ်ယူမိပါတယ်ရှင် ! 🎓👏
ဤအောင်မြင်မှုသည် ကျောင်းသား/ကျောင်းသူများ၏ ကြိုးစားအားထုတ်မှု၊ မိဘများ၏ အားပေးပံ့ပိုးမှုနှင့် ဆရာ/ဆရာမများ၏ လမ်းညွှန်သင်ကြားမှုတို့၏ အဖိုးတန်ရလဒ်တစ်ခုဖြစ်ပါသည်။ 💛
နောင်လာမည့် Cambridge Exam များတွင်လည်း ယခုထက်ပိုမိုသော အောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်း QTEC မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🌟✨
03/07/2026
📅 03.07.2026 (သောကြာနေ့) တွင် QTEC မိသားစုမှ ဝါဆိုသင်္ကန်းကို ကြည်ညိုသဒ္ဓါစိတ်ဖြင့် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဤကုသိုလ်အလှူအတွက် အားလုံး အတူတကွ "သာဓု… သာဓု… သာဓု…" ခေါ်ဆိုနိုင်ကြပါစေကြောင်း မျှဝေအပ်ပါသည်။ 🙏
ဤကုသိုလ်ကောင်းမှုအစုစုကြောင့် အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
01/07/2026
🎉 Congratulations, Min Khant! 🎉
GED Exam *Social Studies* ဘာသာရပ်တွင် အမှတ်ပြည့် (200/200) ဖြင့် အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သည့် Min Khant အတွက် QTEC မှအထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ 🌟🎓
ဤအောင်မြင်မှုသည် ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လနှင့် စဉ်ဆက်မပြတ် သင်ယူမှုတို့၏ အဖိုးတန်ရလဒ်တစ်ခု ဖြစ်ပါသည်။
ရှေ့ဆက်မည့် ပညာရေးခရီးလမ်းတွင်လည်း ယခုထက်ပိုမိုကောင်းမွန်သော အောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်း QTEC မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 💛👏
We are incredibly proud of you. Keep shining! ✨
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
82, Bothura Street, Kyimyindaing Township
Yangon
11101
Opening Hours
| Monday | 08:30 - 05:30 |
| Tuesday | 08:30 - 05:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |
| Saturday | 08:30 - 17:30 |
| Sunday | 08:30 - 17:30 |