IDIOPATHlC
21/01/2023
Hello everyone 👋
ဒီနေ့တော့ Gratitude အကြောင်းလေးကို sharing လုပ်ပေးချင်ပါတယ်။🌟
Positive mindset ကိုတည်ဆောက်နေတဲ့သူတွေအတွက် Gratitude (ကျေးဇူးတရား) ကအရေးကြီးပါတယ်။ အပေါ်ယံ ကျေးဇူးတင်ပါတယ် လို့ပြောရတာ လွယ်တယ်ထင်ရပေမယ့် လက်တွေ့မှာတော့ ထင်သလောက်မလွယ်ကူပါဘူး။ ကိုယ်စိတ်ပျော်ရွှင်ဖို့ ကိုယ့်ဘာသာဖန်တီးယူရမှာဖြစ်ပါတယ်။ အဲ့တာကြောင့် ကျေးဇူးတင်စရာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တစ်နေ့တာမှာ ပတ်ဝန်းကျင်ရဲ့ ကိုယ့်အပေါ်ကောင်းတယ့် အချက်တွေကိုရှာပြီး ကျေးဇူးတင်နေလိုက်ပါ။ Gratitude practice အတွက် ညအိပ်ရာမဝင်ခင်မှာ တစ်နေ့တာ အဖြစ်အပျက်လေးတွေကို တွေးတောပြီး ကျေးဇူးတင်လိုက်ပါ။ မိဘ၊ဆွေမျိုးတွေရှိတာ၊ သူငယ်ချင်းကောင်းတွေရှိတာ၊ ကိုယ်လက်အင်္ဂါပြည့်စုံတာ၊သဘာဝတရားကြီးနဲ့ ထိတွေ့ခွင့်ရတာ၊ အာဟာရရှိတဲ့အစားအစာတွေစားခွင့်ရတာ၊ အချစ်မေတ္တာတွေရရှိတာ အစရှိတဲ့ အရာတွေကိုကျေးဇူးတင်လိုက်ပါ။ Gratitude habit ကိုသာပုံမှန်လုပ်နိုင်ရင် ပင်ပင်နွမ်းနွယ်မှု ကိုလည်းလျော့ချပေးနိုင်ပါတယ်။ Energy level ကိုလည်းမြှင့်တင်ပေးပါတယ်။ Gratitude meditation or Gratitude letter ကိုအိပ်ရာဝင်မှာလုပ်ရင် အိပ်ပျော်ဖို့ အထောက်အကူပြုပေးပါတယ်။ ပိုပြီးအကောင်းမြင်စိတ်လည်းရှိလာမယ်။ လက်ရှိကိုပဲပိုပြီး အာရုံစူးစိုက်နိုင်လာပါမယ်။ အဲ့တာကြောင့် Positive energy များများရမို့ Gratitude ကို try ကြည့်မို့တိုက်တွန်းပါတယ်။
03/01/2023
“Energy, frequency and vibration ”🌟
“If you want to find the secrets of the universe, think in terms of energy, frequency & vibration.”လို့ ဖန်တီးရှင် နီကိုလာတယ်(စ)လာ ကဆိုထားပါတယ်။
အိုင်းစတိုင်းရဲ့အဆိုအရလည်း ‘အရာခပ်သိမ်းဟာ စွမ်းအင်ဖြစ်တယ်’လို့သိရပါတယ်။ ဟုတ်ပါတယ်။ စကြာဝဠာကြီးထဲမှာရှိတဲ့ အရာရာတိုင်းဟာ frequency အမျိုးမျိုးနဲ့တုန်ခါနေတဲ့ molecule တွေနဲ့ဖွဲ့စည်းထားပါတယ်။ အဲ့တာကြောင့် လောကကြီးတစ်ခွင်မှာ frequency တွေပျံ့လွှင့်နေပါတယ်။ သစ်ပင်၊ ကျောက်စိုင်ကျောက်ခဲ၊ ခန္ဓာကိုယ်၊ တိရစ္ဆာန်၊ အတွေး အစရှိတဲ့ အရာတွေရဲ့ frequency အသီးသီးဟာ ပျံ့လွှင့်နေတာပါ။ လူတွေဟာလည်း စဉ်ဆက်မပြက် frequency တွေထုတ်လွှတ်နေပါတယ်။ ကိုယ်ထုတ်လွှတ်သလောက် တန်ပြန်သက်ရောက်ခံစားရမှု (vibration) ကိုပြန်လာရရှိပါတယ်။
ကိုယ်လောကကြီးကို မြင်တဲ့အတိုင်း ကိုယ့်ကိုပြန်တုံ့ပြန်ပါလိမ့်မယ်။ ဥပမာပေးရရင် ကိုယ့်မိတ်ဆွေတစ်ယောက်က ကိုယ့်ထက်သာသွားတဲ့အခါ သူ့အပေါ်မနာလိုစိတ်ထားမယ်ဆိုရင် ကိုယ်ပြန်ရရှိလိုက်မှာက ဒေါသ၊ ယှဉ်ပြိုင်လိုစိတ် တွေပဲဖြစ်တယ်။ ဒါမှမဟုတ် သူ့အပေါ် ဂုဏ်ယူပြီး မုဒိတာပွားများပေးနိုင်ရင် အေးချမ်းမှု၊ ပျော်ရွှင်မှုတွေကို ပြန်လည်ခံစားရမယ်။ ဒါဟာ vibration ကနေ တစ်ဆင့် ကိုယ်လက်ခံရရှိလိုတယ့် frequency ကို ရရှိလိုက်တာပဲဖြစ်တယ်။ တူရာတူရာစုခြင်း လို့လည်း ပြောလို့ရပါတယ်။ စိတ်ကနေ ဘယ်လို frequency မျိုးကိုလက်ခံရရှိတယ်ဆိုတာ ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။ ကိုက်ညီမှုရှိရင် အကျိုးပေးမယ်။ မကိုက်ညီခဲ့ရင်လည်း positive vibes ရှိတဲ့ frequency ကိုပဲ ထုတ်လွှတ်နေမို့အရေးကြီးပါတယ်။
ကျွန်တော်တို့က ဘာနဲ့တူလည်းဆိုရင် ရေဒီယိုစက်တစ်ခုနဲ့ တူပါတယ်။ ကျွန်တော်တို့နားထောင်လိုတဲ့ လိုင်းကို ချိန်ထားလိုက်တာနဲ့ အဲ့ကနေ ထုတ်လွှတ်လိုက်တဲ့ အသံတွေကို နားထောင်ရမှာပဲဖြစ်တယ်။ အဲ့ကနေ action တွေအပေါ်လည်း သက်ရောက်မှုရှိပါတယ်။ အဲ့တာကြောင့် ကိုယ်ရုတ်တရက်မြင်လိုက်တဲ့ အရာတစ်ခုကနေ ဖြစ်ပေါ်လာတဲ့ အတွေးက ကိုယ့်ရဲ့ energy level ကိုလည်း သက်ရောက်မှုအများကြီး ရှိပါတယ်။ အောက်ကပုံကို Map of Consciousness လို့ခေါ်ပါတယ်။ အောက်ဆုံးမှာရှိတယ့် Shame (အရှက်တရား) ရဲ့ Energetic frequency က ၂၀ ပဲရှိပြီး ဒါဟာ အနည်းဆုံးလို့ပြောလို့ရပါတယ်။ အများဆုံးကတော့ Enlightenment (ဉာဏ်အလင်းပွင့်ခြင်း) ဖြစ်တယ်။ သူ့ရဲ့ frequency က ၇၀၀-၁၀၀၀ ထိရှိတယ်။ ဥပမာအနေနဲ့ စာကျက်ပေမဲ့ စာမေးပွဲကျတဲ့အခါ ပထမဆုံးအနေနဲ့ အရှက်တရားတွေပေါ်လာမယ်။ အဲ့ကနေ အလှောင်ခံရမှာကြောက်လာမယ်၊ ခုထိပိုပြီး စာကျက်သင့်တယ် ဆိုပြီး အပြစ်ရှိသလိုခံစားရမယ်၊ ဒေါသတွေဖြစ်လာမယ်။ ဒါတွေအကုန်လုံးက energetic frequency အနည်းဆုံးဖြစ်ပြီး Negative vibes ကိုပဲရစေတယ်။ Frequency များလေလေ positive vibes ရလေလေပါပဲ။ Enlightenment အဆင့်ကိုရောက်ပြီဆိုရင် အရာရာကို ‘ဖြစ်သည်’ဟူ၍ ပဲလက်ခံလာလိမ့်မယ်။ ဖြစ်သမျှ အကောင်းစိတ်၊ မေတ္တာစိတ်နဲ့ပဲ ကြည့်တတ်လာလိမ့်မယ်။
နောက်ထပ်တစ်ခုကတော့ ကျွန်တော်တို့ တွေးလေလေ vibration များလေလေ၊ အဲ့ကနေတစ်ဆင့် attraction လည်းများလာမှာပဲ ဖြစ်တယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ကိုယ်ကပေးဆပ်သလောက် ပြန်လည်ရရှိတာကို ဆိုတာဖြစ်တယ်။ ကိုယ့်ဘဝကို ကိုယ်တိုင်ရေးဆွဲဖန်တီးရမှာပါ။ အဲ့တာကြောင့်ကိုယ့်ရဲ့ mindset အပေါ်မူတည်ပြီး ကိုယ် manifest လုပ်နိုင်စွမ်းလည်း ကွာခြားသွားမယ်။ ဒါကတော့ Law of attraction သဘောတရားအောက်ကနေ စဉ်းစားတာပေ့ါ။
ကိုယ်က frequency များများထုတ်လွှတ်နေရင် ပိုပြီး ပေါ့ပါး၊လန်းဆန်းနေတယ်လို့ ပြောလို့ရပါတယ်။ အဲ့တာဆို frequency ထုတ်လွှတ်မှုနည်းရင် လူရော၊ စိတ်ရော လေးလံ၊ထိုင်းမှိုင်းနေမှာပေါ့။ အဲ့အချိန်မှာ energy level ကလည်း နည်းနေပါတယ်။ ဥပမာ ကိုယ်က ဘယ်အရာကိုမှ စိတ်ဝင်စားမှုမရှိဘူး၊ apathy တွေများနေမယ်ဆိုရင် frequency နည်းနည်းပဲထုတ်လွှတ်ပါလိမ့်မယ်။
🌟 အဲ့တာကြောင့် vibration များအောင် ၊ Energy level မြင့်တက်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာကို နောက်နေ့တွေမှာ ပြောပြပေးပါမယ်ခင်ဗျ။
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။🙆
02/01/2023
Hello again!!
📌ဒီနေ့ပြောပြပေးသွားမဲ့အကြောင်းလေးကတော့ To Do List အကြောင်းပဲဖြစ်ပါတယ်။
📌တစ်နေ့တစ်နေ့ကိုယ်လုပ်ရမဲ့အလုပ်တွေမပြီးတာတွေ ၊ လုပ်ရမှာသိရဲ့သားနဲ့ပျင်းပြီးမလုပ်ဖြစ်တာတွေ ရှိကြတယ်မလား ?? 🤔
📌ဒီနေ့မှာတော့ အဲ့လိုမျိုးတွေမဖြစ်တော့အောင် ကိုယ့်ကိုယ်ကို တစ်နေ့တာမှာ ဘာပြီးအောင်လုပ်ရမယ် ဆိုတဲ့ goal လေးတွေနဲ့ To Do List ရေးပြီး daily challenge လုပ်ကြည့်ကြရအောင်ပါနော်။
📌To Do List ရေးရတာဟာ အင်မတန်လွယ်ကူပါတယ်။
(List ထဲကအတိုင်းပြီးအောင်လုပ်ဖို့ကသာ ခက်တာပါ။🫢)
To Do List အတွက် notebook သီးသန့်နဲ့ရေးလို့ရသလို note pads လေးတွေလည်း stationary shops တွေမှာရှာဝယ်လို့ရပါတယ်။
📌To Do List ရေးရာမှာ မနက်ဖြန်ကိုယ်လုပ်ရမဲ့အရာလေးတွေကို ညထဲကကြိုတင်ရေးထားတာပိုကောင်းပါတယ်။ ဒါမှမဟုတ်ရင်လည်း မနက်ခင်းမှ ကိုယ်ဒီနေ့ဘာလုပ်မယ် ဘာလုပ်မယ် ဆိုတာတွေကိုသေချာစဉ်းစားပြီးရေးလို့လည်းရပါတယ်။
📌To Do List မှာရေးပြီးသွားတဲ့အရာလေးတွေကိုတော့ တစ်နေ့တာအတွင်း အပြီးလုပ်စေချင်ပါတယ်နော်။
ဒီနေ့လည်းမပြီး နောက်နေ့အကြွေးယူသွားရင်း တဖြည်းဖြည်းနဲ့ မပြီးတာတွေများလာရင် goal ပျောက်သွားတတ်ပါတယ်။
📌နောက်ထပ် သတိထားရမယ့်အချက်ကတော့ ခုမှ To do list စလုပ်မယ့်beginners လေးတွေဆိုရင် ကိုယ်နိုင်သလောက်သာ စလုပ်စေချင်ပါတယ်။ အစကတည်းက ပျက်ကွက်တာတွေများနေမယ်ဆိုရင် ကိုယ်မှန်းသလောက်မဖြစ်ဘူး ဆိုပြီး စိတ်ဓာတ်ကျသွားတတ်ပါတယ်။ အဲ့တာကြောင့် အသေးအဖွဲလေးတွေကနေစပြီး ကိုယ်ရည်မှန်းထားတဲ့ target ကိုရောက်အောင် စတင်ဖို့ အကြံပေးချင်ပါတယ်။
📌ကိုယ်ပြီးသွားတဲ့အရာလေးတွေဘေးမှာ အမှန်ခြစ်လေးခြစ်ပြီး တစ်နေ့တာကုန်သွားတဲ့အခါ ကိုယ်ပြီးသွားတဲ့အရာတွေကိုပြန်ကြည့်ရတာက
တကယ်ပီတိဖြစ်ဖို့ကောင်းတဲ့အရာပါနော်။ နောက်နေ့အတွက်လည်း လုပ်ရမဲ့အရာတွေအတွက် moti ရလာစေပါတယ်နော် 💪 ။
📌အဲ့တာကြောင့် To Do List လေးတွေရေးပြီး ကိုယ့်ရဲ့တစ်နေ့တာကို Challenge လုပ်ကြည့်ကြပါလို့ အကြံပြုလိုက်ပါတယ်။🥳
Click here to claim your Sponsored Listing.
Category
Website
Address
Yangon