MMPK Automobile
19/07/2023
TOYOTA BELTA အကြောင်း
တိုယိုတာ Belta ကို ၂၀၀၅ ခုနှစ်ကစတင်ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ၈လပိုင်းမှာတော့ ပထမပုံပြောင်းကိုထုတ်လုပ်ခဲ့ပါတယ်။
Chassis ID ကတော့သုံးမျိုးခွဲခြားသတ်မှတ်နိုင်ပါတယ်။
DBA- SCP92 – 1300cc 2WD,
CBA- NCP96 – 1300 cc, 4WD,
DBA- KSP92 – 1000 cc, 2WD.
Chassis ID သုံးမျိုးထဲမှာ SCP92 ကိုပဲ လူကြိုက်များကြပါတယ်။ တချို့လည်း ဈေးသက်သာပြီး အင်ဂျင်သေးတဲ့ ၁၀၀၀ စီစီ KSP92 ကို စီးကြပါတယ်။ မော်ဒယ်ခုနှစ်နဲ့ ခွဲရရင်တော့ ဒီကားလေးတွေကို ၂၀၀၅ ခုနှစ် နိုဝင်ဘာလပိုင်းမှ စတင်ထုတ်လုပ်တာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ သြဂုတ်လပိုင်းမှာတော့ အရှေ့ရှဲပုံစံပြောင်းသွားပါတယ်။ နောက်ပြီး Side Mirror မှာလည်း မီးတန်းလေးပါသွားပါတယ်။ ဒီတော့ ရှေ့ရှဲကိုကြည့်လိုက်တာနဲ့ အလယ်က ကန့်လန့်တန်းပါရင် မိုဒယ်နိမ့်တယ်။ ရှဲရဲ့အလယ်မှာ ကန့်လန့်တန်းမပါဘူး။ ဆန်ခါပေါက်လိုလို ပျားအုံလိုလိုမျိုးနဲ့ဆို မော်ဒယ်မြင့်ပါတယ်။ မော်ဒယ်မြင့်မှလည်း ဒိုင်ခွက်မှာ RPM (Revolutions Per Minute) ပါပါတယ်။ ကားရဲ့ဂရိတ်တွေကို ခွဲပြရရင်တော့...
(1) Business Package,
(2) X
(3) XS (2009 ထိသာ ထုတ်လုပ်ခဲ့)
(3) XL
(4) G ဆိုပြီး သုံးမျိုးရှိပါတယ်။
Business Package - Taxi Grade လို့လည်း ပြောလို့ရပါတယ်။ Side Mirror တို့၊ တံခါးလက်ကိုင်တို့က အနက်ရောင်နဲ့ပါ။ ထူးခြားတာက Power Window တောင်မပါဘူး။ တခြား ဘာ Feature မှလည်း မပါဝင်ပါဘူး။ ( မြန်မာ အခေါ်ကတုံး )
မှန်လက်လှည့် / ဘက်မှန်က အမည်းရောင် မှန်ချိုးမပါ / မှန်ချိန်မပါ / သံဂွေ ငွေရောင် / ဘီးဖုန်းမပါ / FM AM radio
X - ဒီဂရိတ်မှာတော့ ပါဝါ၀င်းဒိုးတွေပါလာပြီ။ ဒါပေမယ့် Original အနောက် Speaker မပါပါဘူး။ Aircon ကျလည်း လှည့်ဖွင့်ရတာမျိုးပါ။ နောက်ကြည့်မှန်က ကားအရောင်အတိုင်း ဖြစ်လာမယ်/ မှန်ချိုး မှန်ချိန်ပါလာမယ် / တံခါး အတွင်းသားက Fibre ဖြစ်မယ် / CD player / keyless entry / မီးချိန် / သံဂွေ အမည်း နဲ့ ဘီးဖုံး
XS - ဆိုရင်တော့ sport type ဖြစ်သွားပြီ
RPM ဒိုင်ခွက် ၂ ထပ်ဖြစ်လာမယ် / ၁၄ လက်မ အလွိုင်း ဖြစ်မယ် / LED spoiler /Fog lamp / Side skirt တွေပါလာပါမယ်
XL - Aircon ခလုတ် Button Type နဲ့ ဖြစ်သွားပြီ။ Push Start မဖြစ်တာကလွဲရင် ကျန်တာ အကုန်နီးနီးပါဝင်နေပါပြီ။ X grade အတိုင်းနဲ့ RPM ဒိုင်ခွက် / နောက်စပီကာ / Climate control/ နောက်ထိုင်ခုံ အလယ်လက်တင် / Split seat / ဘက်မှန်မီး
G - Belta ရဲ့ အမြင့်ဆုံးဂရိတ်ပါပဲ။ Push Start နဲ့ပါ။
- XL package မှာပါတာတွေ အကုန်ပါမယ်
- Push start / smart key
- ရှေ့/နောက် ဆိုနာ
- Alloy wheel 15 inch
- body kit
- iON purifier
- စီယာရင် Vol control
- TV with Navi and Bluetooth တို့ ပါလာပါမယ်
မှတ်ချက်အနေနဲ့ကတော့...
- KSP 92 1000cc မှာတော့ X package ပဲလာပါတယ်။ XL နဲ့ G grade မရှိပါဘူး။ ပြီးတော့ 4WD model လည်းမရှိပါဘူး။
- အရောင်အနေနဲ့ကတော့ ၈ ရောင်အထိ ထုတ်ပေးထားပါတယ်။
- ၂၀၀၉ အထက် ပုံပြောင်းလေးမှာတော့
XS ကို မထုတ်တော့ပါဘူး / XL ကိုလည်း L package လို့ပဲ ခေါ်ပါတော့တယ်။
- XL / G grade တွေရဲ့ ထိုင်ခုံတွေက ပိုထူတဲ့ Bolster seat တွေ ဖြစ်သွားပါတယ်။
- နောက်တံခါး ရဲ့ ပါဝါခလုပ်တွေက လက်တင်မှာ ပေါင်းထားပေးပါတယ်။
🚘 TOYOTA BELTA အကြောင်း တစေ့တစောင်းတော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။
မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ🙏
Credit: original writer
08/03/2023
MARK II (ရွှေ ငါး) အကြောင်း
***************************
ရွှေငါးဆိုတာ မြန်မာပြည်သူတွေအရမ်းကြိုက်တဲ့ကားအမျိုးအစားပါ..အရင်ခေတ်ကတော့ သိန်း၁၀၀၀လောက်ရှိတော့..တကယ်သူဋ္ဌေးတွေသာစီးနိုင်တဲ့ကားပေါ့..နောက်ပိုင်း..ကားမူဝါဒတွေ..ဖြေလျော့ပေးတော့..လူလတ်တန်းစားပါ..စီးလာနိုင်တာတွေရပါတယ်..အခုချိန်မှာတော့..သိန်း၁၅၀ နဲ့ ၁၈၀ ကြားတတ်နိုင်ရင်ဂရိတ်ခပ်မြင့်မြင့်စီးလို့ရပါပြီ..
Mark II စီးရီးမှာတော့..ရွှေငါးကို..၉ခုမြောက်မျိုးဆက်အဖြင့်တွေရပါတယ်..Saloon ထဲမှာတော့ဇိမ်ကျကျစီးနိုင်ပြီးပေါ့ပေါ့ပါးပါးနဲ့မောင်းရလွယ်ကူပါတယ်..အတွင်းခန်းကလည်းသားနားပြီး..Motor Seat တွေ..Navigation တွေနဲ့..နည်းပညာမြင့်မားတဲ့ systems တွေလည်းထည့်ပေးထားပါတယ်..
ရွှေငါးကို 2000ခုနှစ်မှာစထုတ်ပါတယ်..2004 ခုနှစ်မှာတော့Mark II မျိုးဆက်ဆုံးပြီး Mark X ဆိုပြီးအစားထိုးထုတ်ပါတယ်..အဆင့်တန်းမြင့်မြင့်စီးနိုင်တဲ့..Saloon အမျိုးအစားပါပဲ..
အင်ဂျင်ပါဝါများကတော့
2000cc
2500cc
2500cc (Trubo) ဆိုပြီး ၃ မျိုးလာပါတယ်..အင်ဂျင်အမျိုးအစားများကတော့
VVTI နဲ့ D4 ဆိုပြီးလာပါတယ်
2000cc..VVTI ကတော့..(4transmission.. 4AT) ဂီယာ၄ချက်ဖြစ်ပြီး
2500cc..D4 ကတော့...(5 transmission.. 5AT) ဂီယာ၅ချက်ဖြစ်ပါတယ်
2000 ခုနှစ်ကနေ 2002 ခုနှစ်7လပိုင်းအထိရုပ်မပြောင်းပါဘူး
2002 ခုနှစ် 8လ ပိုင်းကနေ 2004 ခုနှစ် 3 လအထိကိုပုံပြောင်းခေါ်ပါတယ်..
ပုံပြောင်းခေါ်ပေမဲ့အရမ်းထူးထူးခြားခြားပြောင်းလဲသွားတာသိပ်မတွေ့ရပါဘူး..
ရှေ့မီးခွက်..နောက်မီးခွက်နဲ့ရှေ့ရှဲလောက်ပဲပြောင်းသွားပါတယ်..
35th Anniversary ကတော့..အထိမ်းအမှတ် အနေနဲ့.. စပယ်ရှယ် Edition အနေနဲ့ထပ်ထုတ်တာပါ..
Grade တွေကတော့စျေးကွက်ထဲမှာပြောနေကျတဲ့
@ GRANDE....Package
@ G.....Package
@ Regalia...Package
@ 35th Anniversary Navi.....Package
@ Limited edition.. .Package .. ဆိုပြီးအကြမ်းဖျင်းပေါ့
IR S... တို့.....IR V... တို့ဆိုပြီး..လူငယ်ကြိုက်Sport Type ဆန်ဆန်လည်းထုတ်သေးပါတယ်.
@@@@@ 2000cc....grade..တွေကတော့
(1) GRANDE Package (GX110)
2000cc VTI (4 Transmission) 4AT
1Liter (11.8kl) high speed
(2) GRANDE Regalia Package (GX110) 2000cc VTI (4 Transmission) 4AT 1Liter (11.8kl) high speed
(3) 35th Anniversary Navi Package (GX110)
2000cc VVTI (4 Transmission) 4AT 1Liter (11.8kl) high speed
(4) Limited edition Package (GX110)
2000cc VVTI (4 Transmission) 4AT 1Liter (11.8kl) high speed
(5) GRAND..G..4.Package 4WD (GX115)
2000cc VVTI (4 Transmission) 4AT 1Liter (10.6kl) high speed
@@@@@ 2500cc...grade တွေကတော့
(1) Grande Package (JZX110)
2500cc D4 (5 Transmission) 5AT 1 Liter (12.6 kl) high speed
(2) Grande G Package (JZX110)
2500cc D4 (5 Transmission) 5AT 1 Liter (12.6 kl) high speed
(3) Grande Regalia Package (JZX110) 2500cc D4 (5 Transmission) 5AT 1 Liter (12.6 kl) high speed
(4) 35th Anniversary Navi Package (JZX110) 2500cc D4 (5 Transmission) 5AT 1 Liter (12.6 kl) high speed
(5) Limited edition Package (JZX110) 2500cc D4 (5 Transmission) 5AT 1 Liter (12.6 kl) high speed
(6) IR S (JZX110) 2500cc D4 (5 Transmission) 5AT 1 Liter (12.4 kl) high speed
(7) IR V TURBO (JZX110) 2500cc D4 (5 Transmission) 5AT 1 Liter (9.8 kl) high speed
(8) IR V INTER COOLER TRUBO (JZX110) 2500cc D4 (5 Transmission) 5AT 1 Liter (9.4 kl) high speed
(9) Grande.G.4.Package 4WD (JZX115) 2500cc D4 (5 Transmission) 5AT 1 Liter (9.2 kl) high speed
တို့ဖြစ်ကြပါတယ်..
2000cc..ထက်..2500cc..တွေက..high speed မှာဆီစားသက်သာစေတာက..D4..အင်ဂျင်တွေမှာ..ဂီယာ၅ချက်သုံးပေးထားလို့ပါ..
လူကြိုက်များတဲ့.. 35th anniversary.. တွေမှာအတွင်းခန်းတွေမှာတွေ့ရမှာကတော့
-စတီယာတိုင်ကြိုးချုပ် ကျွန်းပတ်လည်
-ခြေကျော်နီကယ်တန်းပါ
-ထိုင်ခုံမော်တာပါ..ရှေ့ထိုင်ခုံ၂ဖက်လက်တင်ပါ
-နောက်လေကာမှန်.. ရင်းလိပ်ပါ..
-ထိုင်ခုံသားရှန်မွန်းပြောင်း
-အဲကွန်း..Swing..ဖြစ်..smoke cleaner..တို့ကိုတွေရမှာပါ..အပြင်ပန်းကတော့
-၁၆ လက္မအလွိုင်းနဲ့ ရွှေရောင်စာတန်း..Mark II logo ..တို့တွေရမှာပါ..
မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
Credit: original writer
မူရင်းရေးသားသူဆရာအား လေးစားလျက်
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon