Boundless Breeze
13/05/2023
Artist ; Hsu
Artwork Title : Scopophobia
Artwork Statement ; Scopophobia ဆိုတာ Social anxiety disorder တစ်ခုပါ။
Anxiety အကြောင်းလေးအရင်ပြောပြချင်ပါတယ်။ Anxiety ဆိုတာ စိတ်မသက်မသာဖြစ်တဲ့ခံစားချက်တစ်မျိုးပါ။ အခြေအနေတစ်ခုကြောင့် စိတ်လှုပ်ရှားတာ, စိတ်သက်တောင့်သက်သာမရှိတာ, ကြောက်ရွံတာ, စိတ်ဖိစီးနေတာမျိုး စသည်ဖြင့်ကောင်းတဲ့ခံစားချက်မျိုးမဟုတ်ပါဘူး။ ဥပမာ စာမေးပွဲအချိန်ကပြည့်တော့မယ် ကိုယ်ကစာရေးမပြီးသေးတာမျိုးပေါ့။ သူကစိတ်ခံစားချက်ဆိုပေမယ့် ခန္ဓါကိုယ်ပိုင်ဆိုင်ရာလက္ခဏာများဖြစ်တဲ့ ခန္ဓါပိုင်းဆိုင်ရာလက္ခဏာတွေဖြစ်တဲ့နှလုံးခုန်မြန်ခြင်း, ချွေးစေးပြန်ခြင်း, တုန်ယင်ခြင်း, သွေးခုန်နှုန်းမြင့်တက်လာခြင်း စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။
လူတိုင်းမှာ Anxious ဖြစ်တဲ့အချိန်လေးတွေတော့ရှိပါတယ်။ ဒါပုံမှန်ပါပဲ။
.. ဒါပေမဲ့ ... Anxiety ဖြစ်တာက ပုံမှန်အချိန်တွေထက်ပိုလာပြီ၊ သာမာန်ထက်လွန်ကဲလာပြီဆိုရင် ရောဂါတစ်ခုအနေနဲ့ Anxiety Disorder ဆိုပြီးသတ်မှတ်ပါတယ်။
Anxiety Disorder:
Anxiety Disorder တွေထဲမှာ Panic Disorder, Phobia, Obsessive-Compulsive disorder, social anxiety disorder စသည်ဖြင့် အမျိုးပေါင်းများစွာရှိပါတယ်။ အဲ့အမျိုးထဲကမှ Social Anxiety Disorder (သို့မဟုတ်) Social Phobia လို့ခေါ်တဲ့ လူတွေထဲကိုသွားရမှာကြောက်တဲ့ရောဂါမှာဆိုရင် သူများတွေကကိုယ့်ကိုကြည့်နေမှာကြောက်တာ၊ ကိုယ်တလွဲလုပ်မိမှာကိုကြောက်တာ၊ ကိုယ့်ကိုလူအားလုံးကဝိုင်းကြည့်ပြီးအကဲဖြတ်နေမှာစိုးတာ စသည်ဖြင့်စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေအပြင် ခြေတွေလက်တွေတုန်နေတာ၊ မျက်နှာပူတာ၊ အသက်ရှုရခက်တာ၊ ဇောချွေးပြန်တာ၊ နှလုံးခုန်မြန်လာတာ စသည်ဖြင့် ခန္ဓါကိုယ်ပိုင်းဆိုင်ရာလက္ခဏာတွေပါပြတက်ပါတယ်။
ထိုကဲ့သို့ လက္ခဏာတွေပြင်းတက်တဲ့သူမျိုးတွေအနေနဲ့ လူတွေကြားထဲသွားရမှာ အခက်အခဲရှိတက်ပါတယ်။ ထိုအခက်အခဲတွေကြောင့်ပဲ လူတွေကြားထဲသွားရမယ့်ကိစ္စ လူတွေနဲ့ပြောဆိုဆက်ဆံရမယ့်ကိစ္စတွေကိုရှောင်ကြည်လာကြပါတယ်။ ဒီလိုနဲ့ပဲ ကိုယ့်ရဲ့ Phobia က ကိုယ့်ရဲ့ နေ့စဥ်လုပ်ငန်းဆောင်ရွက်မှုတွေ ကိုယ့်ရဲ့လူမှုဆက်ဆံမှုပုံစံ ကိုယ့်ရဲ့နေ့စဥ်ဘဝကို စိုးမိုးသွားကြတာများပါတယ်။
Scopophobia:
ထို Social Anxiety Disorder (or) Social Phobia ထဲကတစ်ခုဖြစ်တဲ့ စောင့်ကြည့်ခံရမှာကိုအလွန်အမင်းကြောက်ခြင်းကို Scopophobia လို့ခေါ်ပါတယ်။ Scopophobia ဟာပြင်းထန်တဲ့အခြေအနေတစ်ခုမှာရှိပါတယ်။ လက္ခဏာတွေအနေနဲ့အထက်ဖော်ပြပါလက္ခဏာတွေကို ပြင်းထန်တဲ့အနေအထားတစ်ခုမှာခံစားရနိုင်ပါတယ်။ ဆုရဲ့သူငယ်ချင်းတစ်ယောက်ဆိုရင် ခေါင်းမူးလာပြီးအန်ပါအန်ချင်လို့ခံစားတယ်ဆိုပြီးဆုကိုပြောပြဖူးပါတယ်။
ဒီ Artwork အနေနဲ့ Scophophpbia ရှိတဲ့သူတွေအနေနဲ့ ဘယ်လိုမျိုးခံစားရနိုင်မလဲဆိုတာကို အနည်းနဲ့အများနားလည်နိုင်စေဖို့အတွက် Create လုပ်ထားတာဖြစ်ပါတယ်ရှင်။
ဆုပြောပြခဲ့တဲ့အကြောင်းအရာတွေကို
Healthline.com
Mayoclinic.org တို့မှာ
Anxiety, Anxiety Disorders, နဲ့ Scopophobiaဆိုပြီးရှာဖွေလေ့လာကြည့်နိုင်ပါတယ်ရှင် ♡
Exhibition Date : 12 to 16, May, 2023
Time : 10:00 AM to 5:00 PM
Venue : Decora Art Gallery
🏢 တိုက်အမှတ် (၅၂၅/၅၂၇)၊ အခန်းအမှတ် (၁၀/၁၁)၊ ဒုတိယထပ်၊ ကုန်သည်လမ်းနှင့် (၃၈) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
🧭 Decora Art Gallery လို့ Google Map မှာရှာလို့ရပါတယ်။
https://maps.app.goo.gl/SK6jDwctTAriEeYe9?g_st=ic
11/05/2023
🍂 The Breeze of MAY 🍂
မနက်ဖြန် 12ရက်နေ့မှာစတင်ပြသမယ့်
ပြပွဲအတွက် ပြင်ဆင်နေကြတဲ့အဖွဲ့သားများရဲ့ပုံရိပ်တွေကိုဖော်ပြလိုက်ပါတယ်။
ဘယ်လိုအကြောင်းရာတွေကို ပြသထားမလဲဆိုတာသိမြင်ခံစားဖို့
လာရောက်ကြည့်ရှု့ကြပါလို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။💙
နေ့ရက် : 12 to 16, May, 2023
အချိန် : 10:00 AM to 5:00 PM
နေရာ : Decora Art Gallery
တိုက်အမှတ် (၅၂၅/၅၂၇)၊ အခန်းအမှတ် (၁၀/၁၁)၊ ဒုတိယထပ်၊ ကုန်သည်လမ်းနှင့် (၃၈) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
🧭 Decora Art Gallery ကို Google Map မှရှာရန်
https://maps.app.goo.gl/SK6jDwctTAriEeYe9?g_st=ic
11/05/2023
🍂 The Breeze of MAY 🍂
ဆိုတဲ့ခေါင်းစဉ်နဲ့ Boundless Breeze မှ အဖွဲ့သားတချို့ပါဝင်ပြသထားတဲ့ပွဲလေးပဲဖြစ်ပါတယ်။
မတူညီတဲ့ရသမျိုးစုံခံစားရမှာဖြစ်လို့ အားလုံးကိုလာရောက်ကြည့်ရှု့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
နေ့ရက် : 12 to 16, May, 2023
အချိန် : 10:00 AM to 5:00 PM
နေရာ : Decora Art Gallery
တိုက်အမှတ် (၅၂၅/၅၂၇)၊ အခန်းအမှတ် (၁၀/၁၁)၊ ဒုတိယထပ်၊ ကုန်သည်လမ်းနှင့် (၃၈) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
🧭 Decora Art Gallery ကို Google Map မှရှာရန်
https://maps.app.goo.gl/SK6jDwctTAriEeYe9?g_st=ic
Click here to claim your Sponsored Listing.
Category
Contact the museum
Website
Address
Yangon