Football Channel
29/01/2021
ဂျိုးကြာနီတို့ နိုးထခဲ့လေပြီ
စပါး ၁-၃ လီဗာပူးလ်
စပါးအသင်းနဲ့အတွေ့မှာတော့လီဗာပူးလ်အသင်းဟာပရီးမီးယားလိဂ် ဂိုးပေါက်ပျောက်ဆုံးမှုက (၄၈၆)မိနစ်အကြာမှာ အဆုံးသတ်ခဲ့တဲ့အပြင် သွင်းဂိုး(၃)ဂိုးနဲ့ နိုင်ပွဲပြန်ရခဲ့ပါတယ်။ စပါးက ခံစစ်ကို ဦးစားပေးခဲ့ပေမဲ့ အပြန်အလှန်တိုက်စစ်နိုင်ခဲ့တာကြောင့် အကြိတ်အနယ်ရှိခဲ့ပြီး ပထမပိုင်းမှာတော့ မာနေနဲ့ ဆွန်ဟောင်မင်တို့ရဲ့အားပြိုင်ပွဲလို ဖြစ်ခဲ့ပါတယ်။ VAR ရဲ့တိကျမှုတွေကြောင့် ပွဲအစ(၂)မိနစ်ဝန်းကျင်မှာပဲ ဆွန်ဟောင်မင်က ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ လူကျွံဘောအဖြစ် သတ်မှတ်ပြီး ပြန်ပယ်ဖျက်ခဲ့သလို၊ ဒုတိယပိုင်းမှာ ဆာလာ သွင်းယူတဲ့ဂိုးကိုလည်း VAR ပြန်ကြည့်ပြီး ဖေမီနိုရဲ့ လက်ထိဘောအဖြစ် သတ်မှတ်ကာ ပြန်ပယ်ဖျက်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းက လူမစုံပေမဲ့ ပိုကောင်းတဲ့အသင်းဖြစ်ကြောင်း ပြသနိုင်ခဲ့ပြီး တိုက်စစ်အခွင့်အရေးတွေလည်း အများအပြားရရှိခဲ့ပါတယ်။ စပါးကတော့ ဟာရီကိန်း ဒဏ်ရာရသွားတာကြောင့် ဒုတိယပိုင်းမှာ ပိုအားနည်းသွားခဲ့ပါတယ်။ လီဗာပူးလ်အတွက် ဂိုးတွေကို ပထမပိုင်းနာကျင်အချိန်ပိုမှာ ဖေမီနို၊ (၄၇)မိနစ်မှာ အာနိုးလ်နဲ့ (၆၅)မိနစ်မှာ မာနေတို့က သွင်းယူခဲ့ပြီး စပါးအတွက်ဂိုးကိုတော့ (၄၉)မိနစ်မှာ ဟူဘယက်က သွင်းယူခဲ့ပါတယ်။
အက်ဖ်အေ ဖလားပွဲစဉ်(၅)မှာတော့
မန်ချက်စတာ နှစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကဝက်ဟမ်းကိုအိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး မန်ချက်စတာ စီးတီးအသင်းကတော့ ဆွမ်ဆီးစီးတီးအသင်းကို အဝေးကွင်းမှာသွားရောက်ကစားရမည်ဖြစ်ပါတယ်။
လန်ဒါကလပ် ချဲလ်ဆီးအသင်းကတော့ ဘန်စလေအသင်းကို အဝေးကွင်းမှာသွားရောက်ကစားရမည်ဖြစ်ပြီး တော့တင်ဟန်ဟော့စပါးအသင်းကတော့ ပွဲစဉ်ရလဒ်မထွက်ပေါ်သေးတာကြောင့် နောက်တစ်ဆင့်တက်မလားစောင့်ကြည့်ရပါအုံးမည်။
02:15 Manchester United Vs West Ham United
02:15 Swansea City Vs Manchester City
02:15 Barnsley Vs Chelsea
02:15 Everton Vs Wycombe Wanderers/Tottenham Hotspur
02:15 Burnley Vs AFC Bournemouth/Crawley Town
02:15 Leicester City Vs Brighton & Hove Albion
02:15 Sheffield United Vs Bristol City
02:15 Wolverhampton Wanderers Vs Southampton
25/01/2021
ယာဂန်ကလော့ပ်၏ ခံစစ်ကစားလွန်းတယ်ဟုဝေဖန်မှုအား ဘတစ်ပြန် ကျားတစ်ပြန်တိုက်စစ်အစွမ်းပြပြီးFAဖလားမှာနောက်ကောက်ချလိုက်တဲ့နည်းပြဆိုးလ်ရှား
မန်ချက်စတာယူနိုက်တက် ၃-၂ လီဗာပူးလ်
ဂရင်းဝုဒ် (၂၆)၊ရပ်ရှ်ဖို့ဒ် (၄၈)၊ဘရူနို (၇၈) - ဆာလာ (၁၈),(၅၈)
လုခ်ရှောရဲ့ ယုံကြည်မှုက သိသိသာသာ မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲတုန်းကလိုပဲ ဒီပွဲမှာ တာဝန်ကျေခဲ့တယ်။ သူ့ဘက်အခြမ်းမှာ ကစားခဲ့တဲ့ ဆာလာက ဂိုးတွေသွင်းနိုင်ခဲ့တယ်ဆိုပေမဲ့ လုခ်ရှောကစားတာ မညံ့ခဲ့ဘူး။ ရပ်ရှ်ဖို့ဒ်ကိုလည်း ရင့်ကျက်ပြီး အားကောင်းတဲ့ပုံစံနဲ့ မြင်တွေ့ခဲ့ရတယ်။ ဒီပွဲမှာ နှစ်သင်းစလုံးရဲ့ကစားပုံက ကောင်းပြီး အပြန်အလှန်တိုက်စစ်ဆင်ခဲ့ကြတာလည်း တွေ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ခြားနားမှုက ဘရူနိုဖာနန်ဒက်စ် ဖြစ်သွားပြီး လူစားဝင်လာပြီးနောက် ကန်သွင်းယူခဲ့တဲ့ ဖရီးကစ်ကန်ချက်က ပွဲရဲ့အဆုံး အဖြတ် ဖြစ်သွားခဲ့တယ်။ လီဗာပူးလ်ရဲ့ ကစားပုံက မတည်ငြိမ်ဘူး။ အရမ်းကောင်းတဲ့ အခိုက်အတန့်တွေရှိသလို၊ အားနည်းချက်တွေလည်း မြင်ရတယ်။ ဒါပေမဲ့ မာနေ ဝင်လာတဲ့အချိန်မှ ကစားပုံ ပိုကောင်းလာခဲ့တာဖြစ်ပြီး ကာတစ်ဂျုံးစ်နဲ့တုန်းက မန်ယူခံစစ် အလုပ်ရှုပ်သက်သာခဲ့တာလည်း တွေ့ရတယ်။ သီယာဂိုက ပြိုင်ဘက်တွေ အများကြီးကြားမှာတောင် ဘောလုံးကို သက်သောင့် သက်သာ ကိုင်ကစားနိုင်တဲ့ အရည်အသွေးကို မြင်ခဲ့ရသလို၊ အားချင်းပြိုင်ရတဲ့ အနေအထားတချို့မှာတော့ ကြံ့ခိုင်မှုအားနည်းတဲ့ ပြဿနာတချို့ကိုလည်း မြင်ခဲ့ရတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းက မန်ယူအသင်းရဲ့ CBအတွဲမှာ မက်ဂွိုင်းရားနဲ့တွဲသင့်တာက လင်ဒီလော့ဖ်လား၊ ဘာယီလားဆိုတာဖြစ်ပြီး ဒီပွဲမှာ လင်ဒီလော့ဖ်နဲ့အတူ ဂိုးတွေပေးခဲ့ရတယ်။ ဒါပေမဲ့ လင်ဒီလော့ဖ်က ဘာယီထက်စာရင် ပိုပြီး Organized ဖြစ်အောင် ကစားနိုင်ပြီး၊ ဖူလ်ဟမ်နဲ့ပွဲမှာ ဘာယီဖြစ်ခဲ့တဲ့ အားနည်းမှုမျိုးတွေ မဖြစ်ဘူး။ အ ခြားတစ်ဖက်မှာ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းရားကြားက နေရာယူမှု အမှားတချို့ကိုလည်း မြင်ခဲ့ရတယ်။ ပေါ့ဘာရဲ့ Work Ethic က သိသိသာသာတက်လာပြီး၊ ဒီအချက်ကလည်း ခြားနားတဲ့ မန်ယူအသင်းဖြစ်လာစေတယ်လို့ ပြောရမယ်။ ဒါ့အပြင် တိုက်စစ်ပိုင်းမှာ ကာဗာနီကို ခေါ်ယူခဲ့ခြင်းက Sense ရှိတဲ့ လုပ်ရပ်ဖြစ်ပြီး သူ့ရဲ့ခေါင်းတိုက်ချက်က အံ့သြစရာပါ။ ဂိုးသာဖြစ်ခဲ့ရင် ပိုပြီးအမှတ်ရနေမယ့် ဂိုးမျိုးလည်းဖြစ်တယ်။ ကလော့ပ်ကတော့ ဒီပွဲမှာ ဘန်လေကို ရှုံးခဲ့တဲ့ပွဲက လူစာရင်းကို (၅)နေရာထိအပြောင်းအလဲ လုပ်ခဲ့ပြီး ရီးစ်ဝီလီလျံစ် ရဲ့သက်သောင့်သက်သာမရှိတဲ့ ကစားပုံက အမြဲတမ်းစိုးရိမ်စရာဖြစ်ခဲ့ရတယ်။ ရပ်ရှ်ဖို့ဒ်သွင်းယူခဲ့တဲ့ ဂိုးမှာလည်း သူ အမှားကျူးလွန်ခဲ့တာတွေ့ရ တယ်။
အဖွင့်ဂိုးကို ပွဲချိန် (၁၈)မိနစ်မှာ ဆာလာက စတင်သွင်းယူခဲ့ပြီး၊ (၂၆) မိနစ်မှာ ဂရင်းဝုဒ်က မန်ယူအတွက် ချေပဂိုးကို ပြန်သွင်းခဲ့ပါတယ်။ (၄၈)မိနစ်မှာ ရပ်ရှ်ဖို့ဒ်က ဦးဆောင်ဂိုးပြန် သွင်းပြီး၊ (၁၀)မိနစ်အကြာမှာ ဆာလာကပဲ ချေပဂိုး ပြန်သွင်းခဲ့တယ်။ မန်ယူအတွက်အနိုင်ဂိုးကိုတော့ (၇၈)မိနစ်မှာ ကာဗာနီကြောင့်ရတဲ့ ဖရီးကစ်ကနေ ဘရူနိုက သွင်းယူခဲ့တာဖြစ်တယ်။ မန်ယူအသင်းအနေနဲ့ ၂၀၁၈ မတ်လနောက်ပိုင်း လီဗာပူးလ်ကို ပြန်အနိုင်ယူခဲ့တာဖြစ်ပြီး
20/01/2021
နည်းပြဆိုးလ်ရှားကချန်ပီယံအရည်အသွေးရှိကြောင်းသက်သေပြရန် ယူနိုက်တက်စတားများကိုပြောကြား။
မန်ယူဟာအင်္ဂါနေ့အထိပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့သော်လည်းလက်စတာကချဲလ်ဆီးကို၂-၀ဂိုးဖြင့်အနိုင်ရရှိပြီးနောက်ဒုတိယနေရာသို့ဆင်းပေးခဲ့ရပါတယ်။ယနေ့မှာမန်စီးတီးကဗီလာနှင့်အိမ်ကွင်းပွဲတွင်အနိုင်ရရှိပါကမန်ယူမှာတတိယနေရာသို့အထိဆင်းရပါမယ်။မန်ယူဟာလည်းယနေ့ညမှာဖူလ်ဟမ်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရပါမယ်။
မန်ယူဟာဖူလ်ဟမ်နှင့်အဝေးကွင်းပွဲစဉ်တွင်အနိုင်ရရှိမှသာလျှင်ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ပါမယ်။လက်ရှိအချိန်တွင်မန်ယူနှင့်အဆင့်၆နေရာမှအဲဗာတန်နှင့်ရမှတ်၅မှတ်တည်းသာကွာဟ နေရာအမှားအယွင်းလုပ်ပါကချက်ချင်းဇယားအောက်ဘက်သို့ဆင်းပေးရပါမယ်။ဒါကြောင့်ဆိုးလ်ရှားက “အခုဒီနေရာမှာရပ်တည်ထားနိုင်တာကအားလုံးရဲ့အလုပ်ကြိုးစားမှုကြောင့်ပါ။အခုမှရာသီ တစ်ဝက်ဘဲရောက်ပါသေးတယ်။ဒါပေမယ့်ဇယားထိပ်ပိုင်းမှာကွာဟချက်ကအရမ်းကျဉ်းမြောင်းတာကြောင့်ရလဒ် ကျဆင်းတာကြောင့်အောက်သို့ရောက်သွားပါမယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဆက်တိုက်အကောင်းဆုံးခြေစွမ်းကိုထိန်းထားနိုင်ဖို့အရမ်းအရေးကြီးပါတယ်။ဇယားထိပ်သို့တက်ဖို့ကလွယ်ပါတယ်။ဇယားထိပ်မှာရပ်တည်နေရေးကစိန်ခေါ်မှုပါ။ဒီစိန်ခေါ်မှုကလည်းကျွန်တော်တို့လိုချင်တဲ့စိန်ခေါ်မှုဖြစ်ပါတယ်။ပွဲတိုင်းကိုအာရုံစိုက်ပြီးအသင်းကိုတည်ဆောက်ရပါမယ်။အဆုံးသတ်မှာဆုဖလားချီမြှောက်နိုင်ဖို့မျှော်လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။
Click here to claim your Sponsored Listing.
Category
Address
Yangon