STAY HOME Mobile Lab Services

STAY HOME Mobile Lab Services

Share

13/07/2022

***ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။***

နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။

၂။ လည်ချောင်းအနည်းငယ်နာသည်။

၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။

၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။

၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။

၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။

၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။

၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။

၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။

၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။

၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။

၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။

၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။

၆။ ခြေချောင်းများ နာကျင်လာမည်။

၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။

၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များထွက်နေမည်။

၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေမည်။

၄။ အပြင်းအထန် ဝမ်းလျှောမည်။

၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။

၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။

၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများနာကျင်မည်။

၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။

၂။ အပြင်းအထန် အဖျားတက်လာမည်။

၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။

၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်ပါသည်။

26/02/2022

🩸 သွေးဖောက်စစ်ဆေးဖို့ လူကြီးမင်းတို့ အိမ်မှာပဲနေပါ…ကျွန်တော်/ကျွန်မ တို့ အရောက်လာခဲ့ပါ့မယ်🙏🙏

🦠 အခုလိုမျိုး ကိုဗစ်ရောဂါဒဏ်ကို ပြန်လည်နလန်ထူနေရတဲ့အချိန်မှာ ကျွန်တော်တို့ အနေနဲ့ စျေးနှုန်းထား သက်သာစွာနဲ့ အိမ်တိုင်ရာရောက်
💉သွေးဖောက်ခြင်း ဝန်ဆောင်မှုလေးတွေကို လုပ်ဆောင်ပေးနေပြီပဲ ဖြစ်ပါတယ်။

📍ကိုဗစ်ရောဂါနှင့်ပတ်သက်သောဝန်ဆောင်မှုများသာမက ပုံမှန်ကျန်းမာရေးစစ်ဆေးချင်သူများ အပြင် အထွေထွေရောဂါကုဆရာဝန်များ၊ သမားတော်များအိမ်ပင့်ဝန်ဆောင်မှုအတွက်လည်း ခုလိုအပြင်မထွက်သင့်တဲ့အချိန်မှာလူကြီးမင်းတို့၏တည်နေရာအရောက် ဝန်ဆောင်မှုပေးပေးမှာဖြစ်ပါတယ်

👨🏻‍⚕️ 👩🏻‍⚕️ လူကြီးမင်းတို့အိမ်ကို ကာကွယ်မှုဝတ်စုံအပြည့်နဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်များ၊ သူနာပြုများကိုယ်တိုင်အိမ်တိုင်ရာရောက်လာပြီး
✔️ကျန်းမာရေးစစ်ဆေးပေးခြင်း၊
✔️သွေးဖောက်ခြင်း၊
✔️ဆေးထိုးခြင်း
✔️ကာကွယ်ဆေးများထိုးနှံပေးခြင်း စတဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို စျေးနှုန်းထားသက်သာစွာနဲ့ လုပ်ဆောင်ပေးမယ့်အပြင်
🚙 သွေးပုလင်းများကိုပါ ချိတ်ဆက်ထားသောသက်ဆိုင်ရာ ဓာတ်ခွဲခန်းအထိ အရောက်ပို့ဆောင်ပေးဦးမှာ ဖြစ်ပါတယ်။

🏠နေထိုင်ရာမြို့နယ်ကွာလို့လည်း ဝန်ဆောင်ခပြောင်းလဲမှုမရှိပါဘူးနော်

👉ဝန်ဆောင်မှုကို ရယူလိုတယ်ဆိုရင်တော့
ဖုန်းနံပါတ် - 09456429259
ကိုဆက်သွယ်ပြီး အကြောင်းကြားနိုင်ပါပြီနော်

💭 Page Cb မှာလဲ အသေးစိတ် လာရောက် မေးမြန်းနိုင်ပါတယ်🙏🏻

09/02/2022

🏠ကျွန်တော်တို့ STAY HOME MOBILE HEALTHCARE ဟာဆိုရင် ကိုဗစ်တတိယလှိုင်းအတွင်းမှာ ကိုဗစ်ပိုးရဲ့ တိုက်ခိုက်မှုကို ဆိုးဝါးစွာခံစားခဲ့ရတဲ့ လူနာပေါင်း (၁၀၀၀+++) ကျော်ရဲ့ ကျန်းမာရေး အခြေအနေများ၊ သွေးဖောက်စစ်ဆေးမှုများနဲ့ ဆရာဝန်များကိုယ်တိုင် ရောဂါပျောက်ကင်းသည်အထိ တိုင်ပင်ဆွေးနွေးပေးမှုများ ပြုလုပ်ပေးနိုင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။

🏠STAY HOME MOBILE HEALTHCARE မှာဆိုရင် ရောဂါအမျိုးမျိုးအတွက် ဆီး၊ဝမ်း၊သွေး၊သလိပ် အတွင်း ရောဂါရှာဖွေမှုများ၊ ECG၊ Ultrasound (အာလ်ထွာဆောင်း)၊ အိမ်တိုင်ရာရောက် ဆရာဝန်များ၊ အထူးကုဆရာဝန်များ၊ သူနာပြုများ ကုသပေးခြင်း၊ ကာကွယ်ဆေး အမျိုးမျိုးထိုးပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေကို အိမ်တိုင်ရာရောက် လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။

📩ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ ယခုလို အိုမီခရွန်ပိုး ပြန်လန်ပြန့်ပွါးနေတဲ့အချိန် ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်လို၍ဖြစ်စေ၊ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်လို၍ ဖြစ်စေ အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှုများရယူလိုပါက STAY HOME MOBILE HEALTH SERVICES ကို အခုပဲ ဆက်သွယ်လိုက်ပါနော်။

☎️ဆက်သွယ်ရန်
09456429259
09778853085

06/02/2022

🤝အခုလို ရောဂါကူးစက်မှုအရမ်းမြန်တဲ့ Omicron အမျိုးအစား ကိုဗစ်ကပ်ရောဂါကာလကြီးမှာ သင့်အားရောဂါကူးစက်မှုကို တစ််ဖက်တစ်လမ်းမှ ကာကွယ်ပေးပါရစေ။
🏠 ပြီးပြည့်စုံတဲ့ အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှုများကို အိမ်ထဲမှာပဲနေပြီးရယူချင်တယ်ဆိုရင်တော့
📞 09-456-429-259 , 09-7788-530-85 ကိုဖုန်းဆက်၍ဖြစ်စေ
📩Page messenger chat box ကနေဖြစ်စေ ဆက်သွယ်လိုက်ရုံနဲ့ လာရောက်ဝန်ဆောင်မှုပေးပေးမှာဖြစ်ပါတယ်
⏰ သွေးဖောက်ဝန်ဆောင်မှုများအတွက် နေ့ရက်အလိုက် booking အကန့်အသတ်လေးရှိတာမလို့ စောစောလေးဆက်ပေးဖို့တော့လိုမယ်နော်☺️

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


11-12, Shin Tayar Kyaung Street, North Dagon
Yangon