Naing Family

Naing Family

Share

20/10/2021

အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့်
အချက်အလက်များ
..............................................

(၁) ဌာနမှ သတ်မှတ်လျှောက်လွှာ

(၂) သက်ဆိုင်ရာဌာနမှ (၁)နှစ်အတွင်းထုတ်ပေး
ထားသော မြေပုံ/မြေရာဇဝင်မူရင်း

(၃) မြေပိုင်ဆိုင်မှုအထောက်အထား မှတ်ပုံတင်
စာချုပ်/ကိုယ်စားလှယ်လွှဲစာမိတ္တူ

(၄) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊
အိမ်ထောင်စုဇယားမိတ္တူ

(၅) ဘေးမြေကွက်များမှ ကန့်ကွက်ရန်မရှိကြောင်း
နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်
ထောက်ခံချက်

(၆) အိမ်ရှင်နှင့် RSE, PE လက်မှတ်ရထားသော
လိုင်စင်ရအင်ဂျင်နီယာမှ လက်မှတ်ရေးထိုး
ထားသော အဆိုပြုပုံစံ (၃)စုံ (A1 Size)
နှင့်(Soft copy)

(၇) (၄)ထပ်နှင့်အထက် အဆောက်အအုံများ
လျှောက်ထားရာတွင် ယာဉ်ရပ်နားရန်နေရာ
ထည့်သွင်းတင်ပြ၍ မပျက်မကွက်
ဆောင်ရွက်ရန်။

(၈) (၄)ထပ်အဆောက်အအုံများအတွက်
အထက်ပါအချက်များအပြင် အောက်ပါ
အချက်များတင်ပြရန်မြေခံနိုင်အား.
စမ်းသပ်မှု(Soil Test)
အဆောက်အအုံ၏(Structure Design)
တွက်ချက်မှု ပစ္စည်းစာရင်း(၃)စုံ

(၉) (၅)ထပ်နှင့်အထက် အဆောက်အအုံများ
အတွက် အထက်ပါအချက်အလက်များအပြင်
အောက်ပါအချက်များတင်ပြရန်
မြေခံနိုင်အား စမ်းသပ်မှု (Soil Test)
အဆောက်အအုံ၏(Structure Design)
တွက်ချက်မှု ပစ္စည်းစာရင်း(၃)စုံ
-ဌာန၏ မိလ္လာထောက်ခံချက်
-သန့်ရှင်းရေးဌာန၏ ထောက်ခံချက်
-တိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူရေး
လုပ်ငန်း၏ ထောက်ခံချက်
-မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်

(၁၀) အိမ်ဆောက်မိန့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ကန့်ကွက်ရန်ရှိ/မရှိ သက်ဆိုင်ရာ တိုင်းဒေသနေ့စဉ်သတင်းစာတွင် တစ်ပတ်အတွင်း ကြော်ငြာထားသော သတင်းစာအထောက်အထား
စသည့်တို့ လိုအပ်ပါတယ်။
မှတ်ချက်။ လိုအပ်တာများရှိရင် ဖြည့်ပေးနိုင်ပါတယ်ရှင့်.....

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon