Pace Kids Customer Service
(5) နှစ်ကျော်အရွယ်ကစပြီး တက်ရောက်နိုင်မယ့် 1-On-1 English Class မှာတက်ရောက်နေတဲ့ ကျောင်းသားလေးနဲ့ တီချယ်ရဲ့ သင်ကြားမှုပုံစံလေးကို မျှဝေပေးလိုက်ပါတယ်နော်။
သားသားမီးမီးတို့အတွက် Cambridge အသိအမှတ်ပြု YLE အတန်းတွေဖြစ်တဲ့ -
✨Starters, Movers, Flyers, KET, PET အတန်းတွေအပြင်
✨General 4 Skills Classes
✨Kids Speaking Class
✨Special Grammar & Writing Classes စတဲ့ အတန်းတွေကိုဖွင့်လှစ်ထားပြီး (5) နှစ်မှစကာ အသက်အရွယ်နဲ့ကိုက်ညီတဲ့အတန်းတွေကို အခမဲ့ Level Test ဖြေဆိုပြီး ရွေးချယ်တက်ရောက်နိုင်ပါတယ်ရှင်။
ဒီတော့ “အဆင့်မြှင့်သင်ရိုးညွှန်းတမ်း”တွေ၊ Fun Learning Activities တွေကို အရည်အချင်းပြည့်မှီတဲ့ Qualified Teachers တွေက စိတ်ရှည်ရှည်နဲ့ သင်ကြားပေးမှာဖြစ်လို့ အခုပဲ လာရောက်အပ်နှံလိုက်တော့နော် 🤙🏻
အတန်းလေးတွေနဲ့၊ သင်တန်းကြေးအကြောင်းအသေးစိတ်စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့
💬Pace Kids Chat Box - https://m.me/100825881809321
📞 Hotline number - 09 786 009 509, 09 786 009 609
📱Telegram Channel- https://t.me/PaceForward
တို့ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။🤗
11/08/2025
သားသားမီးမီးတွေကို အပေါင်းသင်ခန်းစာသင်ကြားပေးတဲ့အခါ ဒီနည်းလမ်းလေးတွေကိုသုံးနော်။
- ပုံဆွဲပြခြင်း
✏️✏️✏️✏️ + ✏️✏️ = ?
ဒီသင်ကြားနည်းကတော့ ပထမဆုံး အပေါင်းသဘောတရားကို စသင်မယ့်ကလေးလေးတွေအတွက် အသင့်တော်ဆုံးပဲဖြစ်ပါတယ်။
- ကိုယ်စားပြုသင်္ကေတ ကို အသုံးပြုခြင်း
🟨🟨🟨🟨 + 🟨🟨🟨 = ?
အခုတစ်ခေါက်မှာတော့ ဒီပုစ္ဆာအတွက် ခဲတံပုံကိုအတိအကျဆွဲပြီးရှင်းပြစရာမလိုတော့ဘဲ ခဲတံတစ်ချောင်းစီကို ကိုယ်စားပြုတဲ့အတုံးလေးတွေ ဆွဲပြရမှာဖြစ်ပါတယ်။ ကလေးတွေကို သူတို့မြင်တွေ့နေရတဲ့ပစ္စည်းတွေကိုအသုံးပြုပြီးသင်ကြားပြီးပြီဆိုတာနဲ့ တစ်ဆင့်တက်ပြီး လက်တွေ့ပြဖို့ခက်ခဲတဲ့ (ဥပမာ 165 စတဲ့) ဂဏန်းအကြီးတွေကိုပါ စိတ်ကူးပုံဖော်နားလည်တတ်ဖို့ ကိုယ်စားပြုသင်္ကေတ(အတုံးလေး)တွေနဲ့ ရှင်းပြရတာပါနော်။
- Numbers bond များအသုံးပြုခြင်း
🟡🟡🟡🟡🟡🟡🟡
7 ဆိုတဲ့ ဂဏန်းဖြစ်ဖို့ တွဲလို့ရတဲ့ ကိန်းအတွဲတွေကို အလွတ်နီးပါးရအောင် လေ့ကျင့်ပေးရပါမယ်။
ဥပမာ 1 နဲ့ 6, 2 နဲ့ 5, 3 နဲ့ 4 စသည်ဖြင့်ပေါင်းပြပြီး 7 ရတဲ့သဘောကိုရှင်းပြရပါမယ်။
အပေါင်းသင်ကြားတဲ့အခါ အပေါင်းရဲ့သဘောတရားကို သေချာနားလည်ဖို့လိုအပ်ပါတယ်နော်။ ဂဏန်းအငယ်ကစပြီး ဂဏန်းကြီးတွေအထိ ကျွမ်းကျင်စွာ တွက်နိုင်အောင် လက်ချောင်းချိုးရေနေစရာမလိုဘဲ လွယ်ကူတဲ့စိတ်တွက်နည်းတွေကိုပါ သင်ကြားရပါမယ်။
ယခုဖော်ပြထားတာတွေအပြင် နောက်ထပ် ပျော်ရွှင်ထိရောက်တဲ့ နည်းလမ်းလေးတွေနဲ့ သားသားမီးမီးတို့ အတွက်အချက်ကျွမ်းကျင်အောင် Pace Kids ရဲ့ Math Class တွေမှာ လာရောက်လေ့ကျင့်နိုင်ပါတယ်နော်။ 🥰
#သင်္ချာ
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
1+3 2B, 2nd Floor, Baho Road, Khine Shwe War Bus Stop, 3 Ward, Kamaryut Township
Yangon
11041
Opening Hours
| Monday | 09:00 - 22:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 22:00 |
| Sunday | 09:00 - 22:00 |