On Call Plus Myanmar

On Call Plus Myanmar

Share

26/05/2023

On Call Plus Glucometer တွေမှာ ပါတဲ့ error code တွေက ဘာကိုဆိုလိုတာလဲ။ ဘယ်လိုဖြေရှင်းရမလဲ။
?????

တစ်ခါတစ်ရံ သွေးဖောက်စစ်ဆေးကြည့်သည့်အခါ အဖြေပေါ်မလာပဲ error များတက်လာတတ်ပါတယ်။ Error များဟာ
- ဓါတ်ခဲအားနည်းခြင်း၊ အားကုန်ခြင်း
- အသုံးပြုပြီးသား test strip ကိုအသုံးပြုမိခြင်း
- သွေးပမာဏနည်းပါးခြင်း
- အလွန်ပူပြင်းသောနေ‌ရာတွင် အသုံးပြုခြင်းကြောင့် စက်အလုပ်မလုပ်နိုင်ခြင်း
- စက်မှတိုင်းတာနိုင်သော ဆီးချိုပမာဏထက်များခြင်း
- စက်မှတိုင်းတာနိုင်သော ဆီးချိုပမာဏထက်နည်းခြင်း
စသည်ဖြင့် အကြောင်းအရာမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။

---------- အောက်ပါ error များဟာ မဖြစ်သလောက်နည်းပါးပါတယ်။ အကယ်၍ ဖြစ်ပျက်လာခဲ့ရင် သုံးစွဲသူတို့အနေနဲ့ အကြောင်းရင်းကိုသိရှိနိုင်စေရန် ဝေငှခြင်းဖြစ်ပါတယ်။ ----------

On Call Plus ဆီးချိုစစ်စက်ဟာ 20 mg/dL မှ 600 mg/dL အထိတိုင်းတာနိုင်ပါတယ်။ 20 mg/dL အောက်လျော့နည်းသော ဆီးချိုပမာဏအတွက် LO ဟုသာပေါ်မည်ဖြစ်ပြီး 600 mg/dL အထက်များသော ဆီးချိုပမာဏအတွက် HI ဟုသာပေါ်မည်ဖြစ်ပါတယ်။
မှန်ပြင်ပေါ်တွင် ဘတ္ထရီ ပုံလေးပေါ်လာပါက အားနည်းနေကြောင်းပြသတာဖြစ်ပြီး ဘတ္ထရီ အသစ်လဲပေးဖို့လိုအပ်ပါတယ်။

E-2
သွေးစစ်ဆေးခြင်းမပြီးဆုံးမှီ strip အားနှုတ်လိုက်ပါက E-2ဟု ပြသပါလိမ့်မယ်။

E-3
strip အားစက်အတွင်းသို့ထည့်ပြီးပြီးချင်း သွေးစက်ထည့်လိုက်ပါက E-3 ပြသပါလိမ့်မယ်။ စက္ကန့်အနည်းငယ်စောင့်ပြီးမှ သွေးစက်ထည့်ပါ။

E-4
ညစ်ပေနေသော test strip (သို့မဟုတ်) အသုံးပြုပြီးသား test strip ကို အသုံးပြုမိပါက E-4 ပြသပါလိမ့်မယ်။

E-5
Strip ဆီသို့ ထည့်သွင်းလိုက်သော သွေးပမာဏနည်းပါးလွန်းခြင်းအတွက် E-5 ပြသပါလိမ့်မယ်။

E-6
Battery error ဖြစ်ပါတယ်။ Battery လဲလိုက်ပါက အဆင်ပြေသွားပါလိမ့်မယ်။

--- code
Code chip ထည့်သွင်းထားခြင်းမရှိလျှင် --- code ပြသပါလိမ့်မယ်။

E-7 code chip မကောင်းခြင်း(သို့မဟုတ်) သွေးစစ်ဆေးခြင်းမပြီးဆုံးမှီ code chip အားထုတ်ယူလိုက်ခြင်းတို့အတွက် E-7 ပြသပါလိမ့်မယ်။

E-9
အခြားသော code chip အမျိုးအစားအား On Call စက်အတွင်းသို့ ထည့်သွင်းမိခြင်းအတွက် E-9 ပြသပါလိမ့်မယ်။
အားလုံးပဲ ဖြစ်တတ်တဲ့ error တွေအကြောင်းသိသွားပြီးရင် ဘယ်လိုဖြေရှင်းရမလဲ သိသွားမယ်မျှော်လင့်ပါတယ်။

အရည်အသွေးမြင့် On Call Plus ဆီးချိုတိုင်းစက်ဆက်သွယ်မှာယူလိုပါက
Page chat box မှာ လာရောက်စုံစမ်းနိုင်သလို အောက်ပါဖုန်းနံပါတ်များတွင်လဲ ၀ယ်ယူနိုင်ပါတယ်ခင်ဗျာ။

Ygn : 09-950001995, 01-9410174, 01-9410073, 09-443047485

Mdy : 09-963480276, 09-441011897, 09-794792076

ပြည်သူပြည်သားတွေအားလုံး ဆီးချို၊ သွေးချိုရောဂါမှအစ အခြားသော ရောဂါများအားလုံးကင်းဝေးကြပါစေကြောင်း ကျွန်တော်တို့ On Call Plus မိသားစုမှ တောင်းဆုပြုအပ်ပါတယ် ခင်‌ဗျာ။


.,Ltd

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon