YMHK - Learning Center
27/07/2025
2024-2025 ပညာသင်နှစ်
YMHK Learning Center (ဇလွန်လမ်းဝိုင်း) ရဲ့
အမြဲတမ်းပထမ (နှစ်စဉ်ပထမဆု) ရရှိသူ
တပည့်လေး မခင်ပပကျော် သည် ဘာသာစုံဂုဏ်ထူးကို ရရှိသည့်အပြင် ရမှတ် ၅၃၉ မှတ်ဖြင့် မြန်မာတစ်နိုင်ငံလုံး နဝမအဆင့် (The Whole Burma no. 9) ကို ရရှိခဲ့ပါသည်။
မခင်ပပကျော်သည် YMHK Learning Center ၏ သင်ကြားရေးအစီစဉ်များကို ဒသမတန်း Grade 10 မှ စတင်ကာ တစ်ရက်မှ ကျူရှင်မပျက်ဘဲ ကြိုးစားသင်ယူလေ့လာရင်း နှစ်စဉ်နှစ်တိုင်းမှာလည်း ကျူရှင်ရဲ့ ဆုပေးပွဲတိုင်းမှာ
ပထမဆုကို အမြဲရရုံသာမက YMHK Learing Center ရဲ့ Founder ရဲ့ Chemistry ဘာသာရပ်အတွက် ကျသင့်သောပညာကြေးကို တန်းစဉ်ကင်းလွတ်ခွင့် ရရှိခဲ့သော
ထူးချွန်တပည့်တစ်ဦးဖြစ်ပါသည်။
သင်တန်းရဲ့ ထူးချွန်ကျောင်းသူဖြစ်သည်နှင့်အညီ
Grade 12 တက္ကသိုလ်ဝင်တန်းမှာလည်း အ.ထ.က (၂) စမ်းချောင်းမှ ဆရာ၊ဆရာမနှင့် ဇလွန်လမ်းဝိုင်းမှ ဆရာ၊ဆရာမများရဲ့ သင်ကြားမှုဖြင့်သာ ပြင်ပမှ ထပ်ပိုးဖြည့်စွက်သင်ကြားရသော ဆရာ၊ဆရာမ သာမက Guide ပင် မခေါ်ဘဲ သင်တန်းရဲ့ အစီစဉ်တစ်ခုထဲဖြင့်သာ အလုံးစုံပြီးပြည့်စုံပြီး ဖော်ပြပါ ထူးချွန်သောရလဒ်ကို ရရှိခဲ့ခြင်းဖြစ်ပါသည်။ (မောင်ဟိန်းထက်အောင်သည်လည်း ထိုကဲ့သိုပင် ကျောင်းနှင့်သင်တန်းရဲ့ ပံ့ပိုးမှု ၂ခုတည်းဖြင့်သာ ထူးချွန်ခဲ့ကြခြင်းဖြစ်ပါသည်။)
ထို့အပြင် မခင်ပပကျော်သည်လည်း
မောင်ဟိန်းထက်အောင်ကဲ့သို့ပင် သင်တန်းရဲ့ ဂျူနီယာလေးများကို သင်ကြားရေးအတွက် ပံ့ပိုးဖြည့်စွက်ကူညီသင်ကြားပေးလျက်ရှိပါသည်။
ယခုလို ထူးချွန်သော ကျောင်းသူကို ပြုစုပျိုးထောင်စောင့်ရှောက်ပေးသော မိဘ၊အဒေါ်များနှင့် သင်ကြားရေးမှာ အကောင်းဆုံးအားစိုက်ကာ အပင်ပန်းခံ ဂရုစိုက်သင်ကြားပေးသော ဆရာ၊ဆရာမများကိုပါ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Zalun Street
Yangon