Wings - Real Estate

Wings - Real Estate

Share

Photos from Wings - Real Estate's post 20/03/2024

#မြေကွက်အရောင်း #ပုသိမ်ကြီးမြို့နယ် #မန္တလေး

ပုသိမ်ကြီးလမ်းမ မှ ၂ မိနစ်လမ်းလျှောက်ရုံဖြင့်
ရောက်ရှိမယ့် မြေကွက်လေးနဲ့ မိတ်ဆက်ပေးပါရစေ😌
ဂရံမြေအမျိုးစားဖြစ်လို့ ခိုင်မာမှုရှိပြီးအရှုပ်အရှင်းလည်းကင်းပါတယ်👍👍
စိတ်ငြိမ်ရပ်ကွက်ဖြစ်ပြီး ပတ်ပတ်လည်မှာ RC လုံးချင်းတိုက်သစ်တွေပဲများတဲ့အတွက် ဘောစိတို့ အိမ်ဆောက်ပြီးပဲနေနေ၊ မြေကွက်အတိုင်း(ဝယ်/ရောင်း)ဒါမှမဟုတ် ရင်းနှီးမြုပ်နှံမှုပဲလုပ်လုပ် အဆင်ပြေသင့်တော်တဲ့နေရာလေးပါ💪

📣ပိုင်ရှင်တိုက်ရိုက်ရောင်းတဲ့အတွက် ယုံကြည်စိတ်ချရပါတယ်📣

✅တည်နေရာ - ဗထူးလမ်း ၊ မြို့မရပ်ကွက်
✅မြေအကျယ်ဝန်း - 24' x 50' ( 1200 Sqft)
✅ရောင်းစျေး - သိန်း 2100 မှ 2600 ထိ အစားစား( တစ်ကွက်စျေး)

📞မြေကွက်အသေးစိတ်အချက်လက်တွေသိလိုလျှင် 09793414463 သို့ဖုန်းဆက်မေးမြန်းနိုင်ပါတယ်

#အကျိုးဆောင်များလည်းဖိတ်ခေါ်ပါတယ်

——————————————————————-

📣Land for sale, Mandalay Patheingyi Township📣

✅ Location -Ba Htoo St, Myo Ma Ward

✅ Land Area - 24' x 50' ( 1200 Sqft)

✅ Price - 2100 to 2600 Lakhs (6 plots)

📞More details please contact - 09793414463

——————————————————————-

📣出售地皮 位于 曼德勒 Patheingyi区域📣

✅位于 Ba Htoo 街内, Myo Ma Ward

✅ 售价 - 2100 to 2600 Lakhs (缅币)

✅ 地皮面积 - 24' x 50' (1200平方英尺)

📞更多信息请联系 - 09793414463

Photos from Wings - Real Estate's post 21/09/2023

✅လိုအပ်တဲ့အချိန် အချိန်မရွေးကြည့်နိုင်အောင် share ထားလို့ရပါတယ်

- ဂရံ
- ပုံစံ ၁၀၅
- ပုံစံ ၁၀၆
- စလစ်မြေ
- ပုံစံ ၇ ( လယ်ယာမြေ)
နမူနာပုံတွေပါ

Credit Photo

05/07/2023

ပါမစ်မြေဝယ်ယူလျှင်
❣❣❣❣❣💕💕

ပါမစ်မြေကွက်ကို ဝယ် လျှင် တရားဝင်ဝယ်ယူပိုင်ဆိုင်ခွင့်ရပါသလား။ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုနိုင်ပါသလားဟု မေးလာသဖြင့် ဤဆောင်းပါးကို ဗဟုသုတအဖြစ် ရေးသားလိုက်ပါ သည်။

ပါမစ်မြေအကြောင်း မတင်ပြမီ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ သတ်မှတ် ထားသော မြေအမျိုးအစားများကို သိထား ရန် လိုအပ်ပါသည်။

"မြေအမျိုးအစား"
=======
ဥပဒေနှင့်အညီ သတ်မှတ် ထားသည့် မြေအမျိုးအစားများမှာ-

၁။ ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ)
၂။ မြေငှားဂရန်မြေ
၃။ စကွာတာမြေ
၄။ လိုင်စင်မြေ
၅။ ပါမစ်မြေ
၆။ ဂရန်ရှိမြေပိုင်မြေ
၇။ အခွန်လွတ်သာသနာ့ ဂရန်မြေ
၈။ သိမ်ဂရန်မြေ
၉။ ကျူးကျော်မြေနှင့်
၁ဝ။ စနစ်တကျ ကျူးလွန်ခြင်းမြေ ဟု သတ်မှတ်ခွဲခြားထားပေသည်။

"ပါမစ်မြေဆိုသည်မှာ"
===========
အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ ပါမစ်မြေဆိုသည်မှာ စည်ပင်ပြန့်ပြောမှုမရှိသေးသည့် နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲ ခွင့်ပြုထားသည့် ''အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်''ချပေး ထားသော မြေအမျိုးအစားဖြစ် သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

ထို့ကြောင့် ဘိုးဘွားပိုင်မြေ၊ မြေငှားဂရန်မြေများကဲ့သို့ မြေပိုင်ဆိုင်မှုကို အခြေမတည်ဘဲ အိမ်ရာဆောက်လုပ် နေထိုင်ခွင့်အတွက် ချပေးထားသော မြေအမျိုးအစား ဖြစ်သည်။

"လွှဲပြောင်း ရောင်းချခြင်း"
===========
❖ မြေချပါမစ် (အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်လက်မှတ်)တွင် အိမ်ရာမြေကွက်ရသူသည် မြေကွက်ကို ခွဲစိတ်ခြင်း၊ တစ်ဆင့် လွှဲပြောင်း ရောင်း ချ၊ ပေါင်နှံ၊ ပေး ကမ်းခြင်း လုံးဝမပြုရဟု ဖော်ပြ ထားပါသည်။
❖ သို့ရာတွင် ငွေအရင်းအနှီး မြှုပ်နှံလိုသူများအနေဖြင့် ဂရန် မြေအဖြစ် အမည်ပေါက်သွားပါက မြေတန်ဖိုးအဆမတန် ကွာခြား သွား သဖြင့် ပါမစ်မြေများကိုသာ သင့်တင့်ဈေးပေး၍ အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုကာ လွှဲ ပြောင်း ရယူထားကြပေသည်။

ထို့အပြင် အရပ်ထဲတွင်
ပါမစ် မြေအား အရောင်း အဝယ် ကတိ စာချုပ် ဖြင့် အရောင်းအဝယ် ပြုလုပ်လုပ်လျက်ရှိပြီး

❖ ထို့ နောက် မှ မြေငှားဂရန်ကို လျှောက် ထားရယူလေ့ ရှိကြသည်။

YCDC တွင်လည်းအရပ်ကတိ စာချုပ် အဆက်စပ်ဖြင့် သတ်မှတ်ပုံစံ အတိုင်း အဆင့်ဆင့် စီစစ် ပြီး မြေငှားဂရံ ထုတ်ပေးလေ့ ရှိပေသည်။

ဒေါ်ဝေဝေ နှင့် ဒေါ်ခင်ငြိမ်း
၁၉၉၁. တရားရုံးချုပ်. တရားမ အယူခံမှုအမှတ်၁၂ ထွက်ပြီးသည့်နောက်
ရောင်းချ ၊ ပေါင်နှံ ၊ လွှဲပြောင်းခွင့်ရှိကြောင်း သိရှိရသည်။

"မြေငှားဂရန် အသစ်ထုတ်ပေးခြင်း"
================
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြေငှား စာချုပ်အသစ် (မြေငှားဂရန်) ထုတ်ပေးရန်နှင့် ပတ်သက်၍ အောက်ပါ အတိုင်း သတ်မှတ်ထား ပေသည်။

မြေငှားဂရန်ထုတ်ပေး သော မြေအမျိုးအစားများမှာ
လိုင်စင်မြေ၊ စကွာတာမြေနှင့် ပါမစ် မြေတို့ဖြစ်ကြောင်း သတ်မှတ်ထား ပေသည်။
ဂရန်မြေထုတ်ပေးရန်အ တွက် အောက်ပါအချက်များကို ပူး တွဲတင်ပြလျှောက်ထားရပေသည်။

၁။ လျှောက်ထားသူသည် နိုင်ငံသားဖြစ်ရပါမည်။ (နိုင်ငံသား ကတ်ပြားမိတ္တူတင်ပြရပါသည်)

၂။ ပါမစ်မြေ (အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်လက်မှတ်)

၃။ ပါမစ်မြေအမည်ပေါက် သို့မဟုတ် ဥပဒေနှင့်အညီ ဆက်ခံ သူမှ တရားရုံးတွင်ပြုလုပ်ခဲ့သော ကျမ်းကျိန်လွှာ

၄။ လွှဲပြောင်းထားခြင်းဖြစ်ပါက ကတိစာချုပ်များ (ဥပမာ-အ ရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်၊ လှူဒါန်းစသော လွှဲပြောင်းခြင်း များ)

၅။ အမှုအခင်းဖြစ်ခဲ့ပါက ပိုင် ဆိုင်ခွင့်နှင့် ပတ်သက်သည့် တရား ရုံး၏ အမိန့်ဒီကရီ။

၆။ အဆောက်အအုံရှိကြောင်း အထောက်အထားများ ပါရှိရပေသည်။

ထိုကြောင့် ဤနေရာတွင် ပါမစ်မြေများကို ကတိစာချုပ်များဖြင့် အရောင်းအဝယ် လွှဲပြောင်းခြင်းပြုနိုင်ကြောင်း ကို တွေ့ရှိရမည် ဖြစ်ပေသည်။

သတိထားသင့်သော အချက်များ
===============

ပါမစ်မြေ ဝယ်မည် ဆိုပါက သက်ဆိုင်ရာ ဌာန အသီးသီး ကို အမည်ပေါက် မှန်/မမှန်။ မြေယာ ကန့်ကွက် ချက် ရှိမရှိ ကို သေချာ စီစစ် ရမည် ဖြစ်ပါသည်။

ပိုင်ဆိုင်မှု နှင့် မြေယာ
အရှုပ်အရှင်း ရှိမရှိ ကို သေချာ စီစစ် ရမည်ဖြစ်သည်။

စာချုပ်ကို သေချာ ခိုင်မာစွာချုပ်ဆိုသင့်ပါသည်။

သတင်းစာ တွင် ကန့်ကွက်ချက် ရှိမရှိ ကြေညာပါ။

မြေကို လက်ရောက် ရယူခြင်းဖြင့် အရောင်းအဝယ် အထမြောက်ပါစေ။

ဥပဒေ ဗဟုသုတ တိုးပွားကြပါစေ ။

crd to ဒေါ်မေသဥ္ဇာသိန်း

07/06/2023

မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ

အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။
ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

#ဂရန်မြေ

- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

#ပါမစ်မြေ

ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။
အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ပွဲပျက် တာတွေတောင် ရှိတယ်”လို့မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှအမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ - ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

#လယ်မြေ

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်
- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ - လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။
- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ - မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။
မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ - ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

#လန ၃၉ မြေ(လယ ၃၀/ခ)

- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ - ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။

#တိုက်ခန်းဝယ်မယ်ဆိုရင်

တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့
- ဆက်စပ် စာချုပ်၊
- BCC (လူနေထိုင်ခွင့်)
- မြေ ရှင်လက်မှတ်
- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ်။

#ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။

ကူးယူ မျှဝေခြင်း ဖြစ်ပါသည်။

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon