Q-Ed

Q-Ed

Share

26/05/2025

FYI 🏳️‍🌈

LGBTQ+ ရပ်ဝန်း အပြင် LGBTQ+ တွေနဲ့အတူ ရပ်တည်ပေးနေတဲ့ ဓာတ်ပုံဝါသနာရှင်တွေအတွက် ရည်ရွယ်ထားတဲ့ အခွင့်အရေးကောင်းတစ်ခု ပြန်လာတော့မယ်ဆိုတာ သင် သိပါသလား။

📢 Yin Kone Than - ရင်ခုန်သံ ရဲ့ နှစ်စဉ် အစီအစဉ် တစ်ခုဖြစ်တဲ့ Advocacy Mobile Photography Training ရဲ့ ၂၀၂၅ခုနှစ် အတွက် လျှောက်လွှာခေါ်ယူမှုများကို မကြာခင်မှာ စတင်တော့မှာပါ။

ဒီ Training ဟာ လူ့အသိုက်အဝန်းတွင်း အားလုံးပါဝင်မှု၊ အပြန်အလှန်နားလည်လက်ခံမှုအပြင် အပြုသဘောဆောင်သော ကိုယ်စားပြုမှုတွေကို ကျင့်သုံးရင်း LGBTQ+ နဲ့ အခြားသော လူပုဂ္ဂိုလ်တွေကို စည်းရုံးလှုံ့ဆော်ရေးနဲ့အတူ ဇာတ်ကြောင်းပြောပြရာမှာ ဓာတ်ပုံပညာရပ်ကို ထဲထဲဝင်ဝင်အသုံးပြုနိုင်လာစေဖို့ရာ အားဖြည့်ပံ့ပိုးပေးသွားဖို့ ရည်ရွယ်ထားပါတယ်။

ဓာတ်ပုံတွေဆိုတာ စိတ်ခံစားချက်တွေကို လှုပ်နှိုးပေးနိုင်ရုံသာမက စိတ်လှုပ်ရှားဖွယ် ဇာတ်ကြောင်းတွေကို ပုံဖော်ပြသနိုင်ပြီး LGBTQ+ များအတွက် ကောင်းမွန်သော အပြောင်းအလဲကို အားဖြည့်ပေးနိုင်သော စွမ်းပကားတွေ ရှိနေပါတယ်။ သူငယ်ချင်းလေးတို့အနေနဲ့ ဝါသနာရှင်ဖြစ်စေ၊ ဓာတ်ပုံရိုက်ကူးခြင်းကို စိတ်ဝင်စားပြီး အတွေ့အကြုံမရှိသေးတဲ့သူ ဖြစ်စေ မိမိတို့ ဓာတ်ပုံရိုက်ကူးခြင်းမှ LGBTQ+ ကဏ္ဍဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေးအတွက် ထိထိရောက်ရောက် အသုံးပြုနိုင်စေဖို့ရာ ဒီအစီအစဉ်က ပံ့ပိုးကူညီပေးသွားမှာပါ။ 🏳️‍🌈📱

ဒါဆိုရင် ဘာလို့ ဒီ Training ကို တက်သင့်တာလဲ။

🟢အစီအစဉ်တွင်း LGBTQ+ ဆိုင်ရာ အသိပညာမျှဝေရေးနဲ့ လူမှုရေးပြောင်းလဲမှု ကဏ္ဍများအတွက် ဓာတ်ပုံပညာရဲ့ စွမ်းအားအကြောင်း ထဲထဲဝင်ဝင် ပါဝင်ဆွေးနွေးနိုင်ပါမယ်။

🟢တတ်ကျွမ်းတဲ့ အတွေ့အကြုံရှိ ပညာရှင်ရဲ့ ပို့ချမှုနဲ့အတူ ပကတိဘဝအခြေအနေများ နဲ့ သင်ခန်းစာများ ပေါင်းစပ်ပြီး သင့်ရဲ့ ဓာတ်ပုံပညာစွမ်းရည် ကို မြှင့်တင်နိုင်ပါမယ်။

🟢အကြောင်းတရားတစ်ခုကို ပုံဖော်နိုင်ဖို့ရာ ဓာတ်ပုံပညာကို အသုံးပြုဖို့ စိတ်အားထက်သန်သော စိတ်တူကိုယ်တူရှိသူများနဲ့ မိတ်ဖွဲ့နိုင်ပါမယ်။

🟢သင်တန်း ကာလအတွင်း အဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း အသေးစားတင်ဆက်မှုများ ပြုလုပ်သွားရမှာ ဖြစ်ပြီး အတွေးအမြင်သစ်တွေအပြင် မိတ်ဆွေသစ်တွေပါ ရရှိမယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

🟢သင်တန်းမှသည် ဓာတ်ပုံပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်နိုင်မယ့် တင်ဆက်မှု အရည်အသွေးပိုမိုကောင်းမွန်တဲ့ ပုံရိပ်များကို ဖန်တီးလာနိုင်ပါမယ်။

Advocacy Mobile Photography Training ရဲ့ ၂၀၂၅ခုနှစ် batch အတွက် လျှောက်လွှာတွေကို မကြာခင် ခေါ်ယူတော့မှာ ဖြစ်လို့ Yin Kone Than - ရင်ခုန်သံ page မှာ အမြဲစောင့်ကြည့်ပေးပါဦးနော်။

#ရင်ခုန်သံ ***rVisionsMyanmar ***rLens2025

28/03/2025

သတင်းတွေနားစွင့်ကြပါ၊ အားလုံး ဘေးကင်းကြပါစေ 🙏

06/03/2025

အခြေခံသင်တန်း Basic SOGIESC Training နဲ့ ဆင့်ပွားသင်တန်း (Basic SOGIESC Multiplier Training) တက်ရောက်ပြီးသူများအတွက် အဆင့်မြင့်သင်တန်းလေး လျှောက်ဖို့ ရောက်လာပါပြီ

*** ဒီကြော်ငြာစာလေးကို သေချာဖတ်ပြီး ရက်နဲ့အချိန် သေချာ အဆင်ပြေမှ လျှောက်ကြဖို့ မေတ္တာရပ်ခံပါတယ်***

• ဒီအဆင့်မြင့်သင်တန်းကို အခြေခံသင်တန်းတက်ပြီးသူများသာ လျှောက်ထားလို့ရမှာ ဖြစ်ပါတယ်။
• မိမိရပ်ရွာဒေသ အသိုင်းအဝိုင်းအတွင်း အသိပညာ ပြန်လည်မျှဝေနိုင်သော ကျောင်းဆရာ ဆရာမများ၊ LGBTIQ များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ လျှောက်ထားနိုင်ပါတယ်။
• သင်တန်း ၅ ရက်လုံးမှာ Zoom အသံဖွင့်ပြီး၊ တခါတရံ Video ဖွင့်ပြီး တက်ကြွစွာ ပါဝင်ဆွေးနွေးနိုင်သူများ ဖြစ်ဖို့ လိုအပ်ပါတယ်။

သင်တန်းရက် - ၂၀၂၅၊ မတ်လ ၁၇ မှ ၂၁ အထိ။

သင်တန်းကို မတ်လ (၁၀) ရက်နေ့ထိ လျှောက်ထားနိုင်ပြီး သင်တန်းရွေးချယ်ခံရသူများကို (၁၁) ရက်နေ့မှာ Email မှသာ ဆက်သွယ်အကြောင်းကြားပေးမှာ ဖြစ်တာကြောင့် Email လိပ်စာများကို သေချာ စစ်ဆေးပြီး မှန်ကန်အောင် ဖြည့်သွင်းကြဖို့ အရေးကြီးပါတယ်။

သင်တန်းလျှောက်ထားရန် Link - https://forms.office.com/r/yycpNgdYrU

-Ed

07/02/2025

SOGIESC အခြေခံသင်တန်း (Basic SOGIESC Training) မတက်ရောက်ဖူးသေးသည့် LGBT and Teachers များအတွက် သင်တန်းလေး လျှောက်လို့ရပါပြီ
သင်တန်းအချိန်: မနက် (၉:၃၀) နာရီ မှ (၁၁:၃၀) နာရီ
နေ့လယ် (၁:၃၀) နာရီမှ (၃:၃၀) နာရီ

သင်တန်းရက်: 17,18,19 Feb, 2025 (3 Days)

သင်တန်း လျှောက်ထားနိုင်သူများ -
၁။ LGBTIQ Supporter
၂။ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများ လျှောက်ထားနိုင်ပါသည်။
၃။ အသက် (၁၈) မှ (၄၀) အတွင်းရှိသူ
၄။ Zoom app ဖြင့် ဗီဒီယိုဖွင့်ပြီး သင်တန်းတက်ရောက်နိုင်သူ
၅။ သင်တန်း (၃) ရက်လုံး အပြည့်အဝ ပါဝင်တက်ရောက်နိုင်သူ
၆။ Basic SOGIESC သင်တန်း နှင့် Multiplier SOGIESC သင်တန်း မတက်ဖူးသူ
သင်တန်းလျှောက်လွှာပိတ်ရက် - 11th Feb 2025

သင်တန်းလျှောက်ထားရန် Link:
https://forms.office.com/r/pWRC1DDMaX

ရွေးချယ်ခံရသူများကို 13 ရက်နေ့ ညနေပိုင်း ရုံးချိန်တွင် Email မှသာ အကြောင်းကြားပါမည်။ Form ဖြည့်သွင်းသည့်အခါ email ကို သေချာစစ်ပေးပါရန်။ (ဖုန်းဆက်သွယ်မှု မလုပ်ပါ)
Email စစ်တဲ့အခါ Inbox အပြင်၊ Spam/Junk folder တွေမှာပါ စစ်ပေးကြဖို့လိုပါတယ်

29/10/2024

အခြေခံသင်တန်း Basic SOGIESC Training နဲ့ ဆင့်ပွားသင်တန်း (Basic SOGIESC Multiplier Training) တက်ရောက်ပြီးသူများအတွက် အဆင့်မြင့်သင်တန်းလေး လာပါပြီနော် ❤️
ဒီကြော်ငြာစာလေးကို သေချာဖတ်ပြီး ရက်နဲ့အချိန် သေချာ အဆင်ပြေမှ လျှောက်ကြဖို့ မေတ္တာရပ်ခံပါတယ်
ဘယ်သူတွေ လျှောက်လို့ရလဲ…
• ဒီအဆင့်မြင့်သင်တန်းကို အခြေခံသင်တန်းတက်ပြီးသူများသာ လျှောက်ထားလို့ရမှာ ဖြစ်ပါတယ်။
• မိမိရပ်ရွာဒေသ အသိုင်းအဝိုင်းအတွင်း အသိပညာ ပြန်လည်မျှဝေနိုင်သော ကျောင်းဆရာ ဆရာမများ၊ LBTQ Woman, Transgender Man များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ လျှောက်ထားနိုင်ပါတယ်။
• သင်တန်း ၅ ရက်လုံးမှာ Zoom အသံဖွင့်ပြီး၊ တခါတရံ Video ဖွင့်ပြီး တက်ကြွစွာ ပါဝင်ဆွေးနွေးနိုင်သူများ လျှောက်ထားနိုင်ပါတယ်။
သင်တန်းရက် - နိုဝင်ဘာ (4) ရက်မှ (8) ရက်ထိ။
သင်တန်းကို နိုဝင်ဘာလ (၁) ရက်နေ့ထိ လျှောက်ထားနိုင်ပြီး သင်တန်းရွေးချယ်ခံရသူများကို (၂) ရက်နေ့မှာ Email မှသာ ဆက်သွယ်အကြောင်းကြားပေးမှာ ဖြစ်တာကြောင့် Email လိပ်စာများကို သေချာ စစ်ဆေးပြီး မှန်ကန်အောင် ဖြည့်သွင်းကြဖို့ အရေးကြီးပါတယ်။
သင်တန်းလျှောက်ထားရန် Link - https://forms.office.com/r/Ji7su1vHCM

-Ed

08/10/2024

သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကို email မှာ အကြောင်းကြားထားပါပြီရှင့်။ email စစ်ပြီး တက်ရောက်ဖြစ်တယ်ဆိုရင် October 10 ရက်နေ့ နောက်ဆုံးထားပြီး တက်ရောက်ဖြစ်ကြောင်း အကြောင်းပြန်ပေးဖို့ လိုပါတယ်ရှင့်။ email စစ်ရာမှာလည်း spam နဲ့ junk file တွေမှာပါ စစ်ဖို့ မမေ့ကြပါနဲ့နော်.........

SOGIESC အခြေခံသင်တန်း (Basic SOGIESC Training) မတက်ရောက်ဖူးသေးတဲ့ LGBITQ များ၊ Allies (LGBT Supporters) များအတွက် သင်တန်းလေး လျှောက်လို့ရပါပြီ
သင်တန်းအချိန်: မနက် (၉:၃၀) နာရီ မှ (၁၂:၀၀) နာရီ
နေ့လယ် (၁:၃၀) နာရီမှ (၄:၀၀) နာရီ

သင်တန်းရက်: 14,15,16 October, 2024 (3 Days)

သင်တန်း လျှောက်ထားနိုင်သူများ -
၁။ LGBTIQ and Allies
၂။ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများ လျှောက်ထားနိုင်ပါသည်။
၃။ အသက် (၁၈) မှ (၅၀) အတွင်းရှိသူ
၄။ Zoom app ဖြင့် ဗီဒီယိုဖွင့်ပြီး သင်တန်းတက်ရောက်နိုင်သူ
၅။ သင်တန်း (၃) ရက်လုံး အပြည့်အဝ ပါဝင်တက်ရောက်နိုင်သူ
၆။ Basic SOGIESC သင်တန်း နှင့် Multiplier SOGIESC သင်တန်း မတက်ဖူးသူ
သင်တန်းလျှောက်လွှာပိတ်ရက် - 6th October 2024
ရွေးချယ်ခံရသူများကို 8 ရက်နေ့ တွင် Email မှသာ အကြောင်းကြားပါမည်။ Form ဖြည့်သွင်းသည့်အခါ email ကို သေချာစစ်ပေးပါရန်။ (ဖုန်းဆက်သွယ်မှု မလုပ်ပါ)
Email စစ်တဲ့အခါ Inbox အပြင်၊ Spam/Junk folder တွေမှာ​ပါ စစ်ပေးကြဖို့လိုပါတယ် 👌

သင်တန်းလျှောက်ထားရန် - https://forms.office.com/r/wzHzQpCgzX

အခြေခံသင်တန်း တက်ပြီးသူများ ထပ်မံ မလျှောက်ထားရပါ။
သင်တန်းရက် အပြည့် တက်ရောက်သူများကို အင်တာနက်ကုန်ကျစရိတ် ပြန်လည်ပံ့ပိုပေးသွားမှာ ဖြစ်ပါတယ်။

03/10/2024

23/09/2024

Q-Ed မှ Sept 28,29,30, 2024 တွင် ပြုလုပ်မည့် Basic SOGIESC Inclusion Training ကို တက်ရောက်ရန်အတွက် အောက်တွင် ဖော်ပြထားသော သင်တန်းတွင် လျှောက်ထားပြီး တက်ရောက်ခွင့် မရခဲ့တဲ့ လျှောက်ထားသူများကို ရွေးချယ်ပြီး email ပို့ထားလို့ သင်တန်းလျှောက်ထားခဲ့တယ်ဆိုရင် mail လေး စစ်ဖို့ မမေ့ကြပါနဲ့နော်။
သင်တန်း ပြုလုပ်မည့်
ရက်စွဲ: Sept 28,29,30, 2024
အချိန်: (9:30) AM to (4:00) PM

SOGIESC အခြေခံသင်တန်း မတက်ရောက်ဖူးသေးတဲ့ LGBITQ များ၊ Allies (LGBT Supporters) များအတွက် သင်တန်းလေး လျှောက်လို့ရပါပြီ။

သင်တန်းအချိန်ကတော့ မနက် (၉း၃၀) နာရီမှ (၁၂း၀၀) နာရီထိ ဖြစ်ပါတယ်။

သင်တန်းရက်
၉၊ ၁၀၊၁၁၊၁၂၊၁၃ စက်တင်ဘာလ ၂၀၂၄

သင်တန်း လျှောက်ထားနိုင်သူများ -
၁။ LGBTIQ and Allies
၂။ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများ လျှောက်ထားနိုင်ပါသည်။
၃။ အသက် (၁၈) မှ (၅၀) အတွင်းရှိသူ
၄။ Zoom app ဖြင့် ဗီဒီယိုဖွင့်ပြီး သင်တန်းတက်ရောက်နိုင်သူ
၅။ သင်တန်း (၅) ရက်လုံး အပြည့်အဝ ပါဝင်တက်ရောက်နိုင်သူ
၆။ Basic SOGIESC သင်တန်း နှင့် Multiplier SOGIESC သင်တန်း မတက်ဖူးသူ
သင်တန်းလျှောက်လွှာပိတ်ရက် - 2 September 2024
ရွေးချယ်ခံရသူများကို စက်တင်ဘာလ 4 ရက်နေ့ တွင် Email ဖြင့်သာ အကြောင်းကြားပါမည်။ (ဖုန်းဆက်သွယ်မှု မလုပ်ပါ)
Email စစ်တဲ့အခါ Inbox အပြင်၊ Spam/Junk folder တွေမှာ​ပါ စစ်ပေးကြဖို့လိုပါတယ် 👌
သင်တန်းလျှောက်ထားရန် - https://forms.office.com/r/7sMrx21qYZ?origin=lprLink
အခြေခံသင်တန်း တက်ပြီးသူများ ထပ်မံ မလျှောက်ထားရပါ။
သင်တန်းရက်အပြည့်တက်ရောက်သူများကို အင်တာနက်ကုန်ကျစရိတ် ပြန်လည်ပံ့ပိုးပေးမှာဖြစ်ပါတယ်။

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon