Aung Parami Steel

Aung Parami Steel

Share

Photos from Aung Parami Steel's post 12/03/2026

🗓️ 12/3/2026

ဒီရက်ပိုင်းအတွင်းတင်ပေးလိုက်တဲ့တချို့ order လေးတွေပါရှင့်💦

ညီမတို့အောင်ပါရမီသံဆိုင်ကိုယုံကြည်စွာလာရောက်အားပေးသွားကြတဲ့ ချစ်ရတဲ့ customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့် 🌀🙏🏻

ချစ်ရတဲ့မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် နေ့ရက်တိုင်းကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေရှင့် 🩵🙏

🕗 Opening Hours: 8:00 AM – 5:00 PM
📅 Every Monday to Saturday

Avaliable Products:

🛠 GI ဟော်လို
🛠 ဟင်္ဂလန်
🛠 I/H/U ဘင့်
🛠 ပန်းသံချောင်း
🛠 ဖလပ်ပြား
🛠 ဖလမ်းပြား
🛠 ပလိန်းလုံး
🛠 ပေါ်လစ်ရှပ်
🛠 ကွိုင်ခွေ
🛠 သံပြား
🛠 Gi ပြား
🛠 ပန်းပြား
🛠 Decking sheet
🛠 4 Angle အမိုးပြား
🛠 Anchor Bolt
🛠 ဒိုင်းပိတ်ပြား
🛠 Lip Channel

📱 Viber Channel (Price List):
👉 https://invite.viber.com/?g2=AQBNvoThRgfBvFGKoHzvBC2W4h%2BMmaILuaLSUCDNPaZnSUMAV0Jyn16TWBThM1C4

Contact Us:

📲 𝟎𝟗-𝟒𝟎𝟖 𝟓𝟓𝟓 𝟔𝟔𝟎
📲 𝟎𝟗-𝟒𝟎𝟖 𝟓𝟓𝟓 𝟕𝟕𝟎
📲 𝟎𝟗-𝟕𝟖𝟓 𝟏𝟏𝟏 𝟎𝟕𝟖
📲 𝟎𝟗-𝟖𝟖𝟓 𝟏𝟏𝟏 𝟎𝟕𝟖

🏢 လိပ်စာ
အမှတ် (၇၃/၇၅) ၊ ဟားခါးလမ်း ၊ တောင်ဒဂုံ ၊ စက်မှုဇုန် (၁)။

Photos from Aung Parami Steel's post 23/02/2026

ဆောက်လုပ်​ရေးတိုင်းအတွက်ခိုင်ခံ့မှုရဲ့အခြေခံကဘာလဲ❓️

✳️ အဆောက်အဦးတစ်ခုရဲ့ရေရှည်တည်တံ့မှု ၊ လုံခြုံမှုကိုဆုံးဖြတ်ပေးတာဟာအပြင်ပန်းဒီဇိုင်းမဟုတ်ပါဘူး။ အတွင်းပိုင်း Structure ပိုင်းမှာ အသုံးပြုထားတဲ့သံတိုင်အရည်အသွေးပဲဖြစ်ပါတယ်။

​✳️ သင့်အဆောက်အဦးရဲ့ကျောရိုးဖြစ်တဲ့ Deformed Bars (ပန်းသံ​ချောင်း) တွေဟာဘေးကင်းလုံခြုံမှုအတွက်အရေးအကြီးဆုံးအခန်းကဏ္ဍမှာရှိနေပါတယ်။

💁‍♀️ Deformed Bar ဆိုတာကတော့ကွန်ကရစ်လောင်းရာတွင်ကွန်ကရစ်အားကိုပိုမိုခိုင်မြဲစေပြီးကုတ်အားမြင့်မားစေရန်ထည့်သွင်းအသုံးပြုရသော Reinforcement Steel ဖြစ်ပါတယ်။

💁‍♀️ အပြင်ပေါ်ရှိ Rib Pattern များကြောင့် ကွန်ကရစ်နဲ့ချိတ်ဆက်အားကိုတိုးမြှင့်ပေးနိုင်ပြီး Load ကိုထိရောက်စွာထမ်းဆောင်နိုင်စေပါတယ်။

💁‍♀️ Deformed Bar (ပန်းသံချောင်း) များဟာအဆောက်အဦးတစ်ခုအတွက်အရေးအကြီးဆုံးထောက်တိုင်အဖြစ်ပါဝင်နေပြီးကွန်ကရစ်၏ခိုင်ခံ့မာကျောမှု၊ ရေရှည်တည်တံ့မှုတို့ကိုတိုက်ရိုက်သက်ရောက်မှုရှိပါတယ်။

ဒါကြောင့်အဆောက်အဦးတည်ဆောက်ရာမှာအရည်အသွေးမြင့် Deformed Bar (ပန်းသံချောင်း) များကိုသာရွေးချယ်အသုံးပြုခြင်းကလုံခြုံစိတ်ချရတဲ့ Structure တစ်ခုကိုတည်ဆောက်နိုင်ရန်အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။

✳️ Deformed Bar ၏အားသာချက်များ 💁‍♀️

🫴 Tensile Strength မြင့်မားခြင်း​ကြောင့်အဆောက်အဦးရဲ့ဝန်ပိမှုကိုအကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။
ကွန်ကရစ်ဟာဖိအား (Compression) ကိုကောင်းကောင်းခံနိုင်ပေမယ့်ဆွဲဆန့်အား (Tension) ကိုတော့ခံနိုင်ရည်အားနည်းပါတယ်။ Deformed Bar တွေဟာအဆောက်အဦးရဲ့ဝန်ပိမှုကြောင့်ဖြစ်ပေါ်လာတဲ့ဆွဲဆန့်အားတွေကိုအကောင်းဆုံးတာဝန်ယူပေးပါတယ်။

ငလျင်ဒဏ်ဒါမှမဟုတ်ပြင်းထန်တဲ့လေတိုက်ခတ်မှုတွေကြောင့်ဖြစ်လာတဲ့တုန်ခါမှုတွေကို သံချောင်းရဲ့မြင့်မားတဲ့ Tensile Strength က ခိုင်ခံ့စွာထိန်းထားပေးနိုင်ပါတယ်။

🫴 Crack အက်ကွဲကြောင်းဖြစ်ပေါ်မှုကိုလျှော့ချပေးပါတယ်။

ကွန်ကရစ်ကျုံ့ခြင်း၊ ပွခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့အက်ကွဲကြောင်းတွေကိုအဆစ်တွေကနေဟန့်တားပေးပြီးအက်ကြောင်းကြီးတွေမဖြစ်အောင်ထိန်းထားပေးပါတယ်။

🫴 Column, Beam, Slab, Foundation အတွက်မရှိမဖြစ်

အဆောက်အဦးတစ်ခုရဲ့အဓိက Structure အစိတ်အပိုင်းတိုင်းအတွက် Deformed Bar က အရေးပါပါတယ်။ မြေကြီးရဲ့ဖိအားနဲ့အိမ်တစ်လုံးလုံးရဲ့လေးချိန်ကိုထမ်းထားဖို့ ခိုင်မာတဲ့ အောက်ခြေကိုတည်ဆောက်ပေးပါတယ်။

Column & Beam - အဆောက်အဦးရဲ့ဒေါင်လိုက်နဲ့အလျားလိုက်ဝန်တွေကိုသယ်ဆောင်ပေးပြီး ပုံသဏ္ဍာန်မပျက်အောင်ထိန်းပေးပါတယ်။

Slab - အထပ်မြင့်တွေမှာကြမ်းခင်းရဲ့ဝန်ကို ခံနိုင်ရည်ရှိစေပြီးတွန့်လိမ်မှုကိုကာကွယ်ပေးပါတယ်။

🫴 Structure တစ်ခုလုံးရဲ့သက်တမ်းကို ထိန်းသိမ်းပေးနိုင်ခြင်း

Deformed Bar တွေကိုအသုံးပြုခြင်းဖြင့်အဆောက်အဦးဟာရေရှည်မှာပိုမိုတည်ငြိမ်လာပါတယ်။ အရည်အသွေးမြင့် Deformed Bar အများစုဟာသံချေးတက်မှုကိုခံနိုင်ရည်ရှိအောင်ထုတ်လုပ်ထားတဲ့အတွက်အဆောက်အဦးသက်တမ်းကိုနှစ်ပေါင်းများစွာ ပိုမိုခိုင်ခံ့စေပါတယ်။ အက်ကွဲကြောင်းနည်းပါးပြီးခိုင်ခံ့မှုမြင့်မားတဲ့အတွက်နောင်တစ်ချိန်မှာ ပြန်လည်ပြုပြင်ရမယ့်စရိတ် (Maintenance Cost) ကိုသိသိသာသာလျော့ချပေးနိုင်ပါတယ်။

🔹️Deformed Bar(ပန်းသံချောင်း) တွေမှာ အဓိကလူသုံးများတဲ့ HRB 400 နှင့် HRB 500 နှစ်မျိုးကို Ductility (နွဲ့ပျောင်းနိုင်မှု) နဲ့ Tensile Strength(ဆွဲဆန့်နိုင်သည့်အား) ပေါ်မူတည်ပြီး Grade ခွဲခြားထားပါတယ်။

🔹️Ductility ပိုင်းမှာဆိုရင် HRB-400 ကပိုကောင်းပြီးတော့ Tensile Strength ပိုင်းမှာဆိုရင် HRB-500 ကပိုကောင်းပါတယ်။

▶️ အားနည်းချက်နဲ့အားသာချက်ကိုယ်စီရှိတဲ့အတွက် မိမိတည်‌ဆောက်မယ့်အဆောက်အဦးပုံစံနဲ့အဆင်ပြေတဲ့ Deformed Bar များကို နားလည်တတ်ကျွမ်းသည့်အင်ဂျင်နီယာသံဆရာများဖြင့်ညှိနှိုင်းတိုင်ပင်၍ရွေးချယ်အသုံးပြုနိုင်ပါတယ်။ 👨‍🔧

အဆောက်အဦးတစ်ခုကိုတည်ဆောက်ရာမှာ
Quality မြင့်မားတဲ့ Deformed Bars ကိုရွေးချယ်ခြင်းကသင့် Project ကိုခိုင်ခံ့စိတ်ချရစေမယ့်အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုပါ။

Foundation အတွက်အဓိကအရေးကြီးတဲ့ အရည်အသွေးအကောင်းဆုံး Deformed Bar များကို *Aung Parami Steel Trading* တွင်ယုံကြည့်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါပြီ 🙆‍♂️

🚛 ယာဉ်ကြောပိတ်ဆို့မှုမရှိဘဲ Car parking ကျယ်ကျယ်ဝန်းဝန်းရှိပြီး သွားလာရလွယ်ကူတဲ့တည်နေရာအနေအထားကြောင့်သယ်ယူပို့ဆောင်ရေးလွယ်ကူလျှင်မြန်စေပါတယ်။

📏 Available Sizes:

Local HRB 400

➡️ 10 mm 4JY
➡️ 10 mm 4YF
➡️ 12 mm 4MS
➡️ 16 mm 4FG
➡️ 16 mm 4YF
➡️ 18 mm 4YT
➡️ 20 mm 4FG

Export Quality HRB 400

➡️ 10 mm 5M
➡️ 12 mm UISN
➡️ 16 mm RKS / 41300JY
➡️ 18 mm ASN
➡️ 20 mm 413001JY

Export Quality HRB 500

➡️ 10 mm AS
➡️ 12 mm AS
➡️ 16 mm AS

Coil ခွေ

➡️ 5.5 mm
➡️ 6.5 mm
➡️ 8.0 mm

မိတ်ဆွေတို့ရဲ့​ဆောက်လုပ်​ရေးစီမံကိန်း​တွေအတွက်...

အရည်အသွေးမှန် ဈေးနှုန်းမှန်တဲ့

သံထည်ပစ္စည်းတွေကိုဝယ်ယူဖို့အခုပဲဆက်သွယ်လိုက်ပါနော်...

📱 Viber Channel (Price List):
👉 https://invite.viber.com/?g2=AQBNvoThRgfBvFGKoHzvBC2W4h%2BMmaILuaLSUCDNPaZnSUMAV0Jyn16TWBThM1C4

📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ

📲 𝟎𝟗-𝟒𝟎𝟖 𝟓𝟓𝟓 𝟔𝟔𝟎
📲 𝟎𝟗-𝟒𝟎𝟖 𝟓𝟓𝟓 𝟕𝟕𝟎
📲 𝟎𝟗-𝟕𝟖𝟓 𝟏𝟏𝟏 𝟎𝟕𝟖
📲 𝟎𝟗-𝟖𝟖𝟓 𝟏𝟏𝟏 𝟎𝟕𝟖

🏡 ဆိုင်လိပ်စာ:
အမှတ် (၇၃/၇၅)၊ ဟားခါးလမ််း၊ အမှတ် (၁) စက်မှုဇုန်၊ တောင်ဒဂုံ။

#ပန်းသံ ်းသံ
#သံချောင်း #အောင်ပါရမီ #သံထည် #သံဆိုင် #အိမ်ဆောက်ပစ္စည်း #သံချောင်း

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


အမှတ် (၇၃/၇၅) ၊ ဟားခါးလမ်း ၊ အမှတ် (၁) စက်မှုဇုန် ၊ တောင်ဒဂုံ။
Yangon

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00