Bike O'Clock
19/01/2022
-YANGON
07/01/2022
-Yangon
Helmet......
မနက်က ကန်တော်ကြီး ပတ်ပြီး နားရင်း မနေ့က စက်ဘီးမှောက်တဲ့ အဘ နဲ့ စကားပြောဖြစ်တယ်..မနေ့က ကန်တော်ကြီးပတ်ရင်း စက်ဘီးအဖွဲ့တခုက ဖင်နဲ့ရိုက်ချသွားလို့ သူစက်ဘီးမှောက်သွားခဲ့တယ်..လူကအောက်အကျမှာ ခေါင်းနဲ့ ကတ္တရာ လမ်း ရိုက်မိတယ်...
ဒါနဲ့ မနက်က သူ့ကို ဘယ်နားထိသွားလဲ စသဖြင့် အခြေအနေသတင်းမေးရင်း...သူက Helmet ကယ်လို့ ဘာမှ မဖြစ်တဲ့အကြောင်း.. Helmet တော့ နဲနဲ ဟ သွားကြောင်းပြောပြတယ်...သူ့ Helmet က စျေးတော့ သိပ်မသေးတဲ့ Scott Helmet လေး......သူက ပြောသေးတယ်..Helmet ဆိုတာ လူ့အသက်နဲ့ ဆိုင်လို့ ပိုက်ဆံပိုသုံးပြီး ကောင်းတာလေးဝယ်ထားတာ တဲ့....ခေါင်းထိသွားလို့ CT scan သွားရိုက်ရင်တောင် အနည်းဆုံး ၁သိန်းခွဲ လောက် ကုန်မယ်..ဒါ့ကြောင့် Helmet ကို ၁သိန်းကျော်သုံးတာ သုံးသင့်ကြောင်း သူက ပြောပြတယ်..
တကယ်တန်ဖိုးရှိတဲ့ အတွေးအခေါ်ပါပဲ...ကျနော်တို့ ဘီးတွေကို upgrade တွေတင်ကြတယ်..အဲ့ဒါထက်အရေးကြီးတာက Helmet ကောင်းတာလေး ဆောင်းဖို့ပါပဲ...Branded helmet တွေဟာ အနည်းဆုံး ၈သောင်း ၁သိန်း က စ ရှိပါတယ်... Giro / Lazer / MET / BELL / Scott / Bontrager / Specialized အစရှိသဖြင့် Branded Helmet တွေဟာ QC test အမျိုးမျိုး ကိုဖြတ်သန်းပြီးမှ စျေးကွက်ထဲရောက်ရှိတာပါ...
နောက်ပြီး Helmet တွေကို rating သတ်မှတ်တဲ့ အဖွဲ့အစည်းတွေရဲ့ test တွေကိုလဲ ဖြတ်သန်း ရပါတယ်..ဒါ့ကြောင့် Branded helmet တွေဟာ ၁သိန်းတန် Helmet နဲ့ ၄သိန်းတန် helmet ဟာ protection အတူတူပေးပါတယ်.. mips ကတော့ Advanced ပေါ့လေ...
ဒါဆို ဘာလို့ စျေးပိုကြီးလဲ မေးရင်တော့ weight ပိုပေါ့တယ်..Aero ဖြစ်တယ်..Classy look ဖြစ်လာမယ်..Mips ပါကောင်းပါလာမယ် စသည်တို့ကြောင့်ဖြစ်ပါတယ်..Helmet တလုံး ကို ၅နှစ်လောက်အထိ သုံးလို့ရတယ်..ဒါ့ကြောင့် တခါကောင်းကောင်းဝယ်ထားရင် အကြာကြီးသုံးလို့ရတယ်..ဒါပေမယ့် အခုလိုစက်ဘီး မှောက်ပြီး helmet နဲ့ ရိုက်မိထားတယ်ဆိုရင်တော့ ပြန်မသုံးသင့်တော့ပါဘူး..
Helmet တလုံး ရွေးချယ်တဲ့အခါ...နောက်မီးပါတာတွေ..visor ပါတာတွေ ..အဲ့ဒါတွေထက် Brand ကောင်းလား...အစစ်ဖြစ်လားဆိုတာကို အဓိက ဦးစားပေးရွေးချယ်ရပါမယ်...တရုပ် Helmet တွေကတော့ QC test တွေ တကယ်လုပ်ထားလားဆိုတာ သံသယ ရှိစရာပါပဲ..
ဒါ့ကြောင့် အကြံပေးလိုတာကာ ဖြစ်နိုင်ရင် Helmet ကို brand ကောင်းတာလေး ဝယ်ပါ..budget မနိုင်ရင်တော့ တရုပ်ဆောင်းပါ..လုံးဝ မဆောင်းတာထက်တော့ အကာအကွယ်တခုတော့ပေးပါလိမ့်မယ်..
Admin@mbs

Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon